(၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇွဲကပင်မိုးလုံလေလုံအားကစားရုံ ဖွင့်ပွဲအခမ်းအနားကျင်းပ

(၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇွဲကပင်မိုးလုံလေလုံအားကစားရုံ ဖွင့်ပွဲအခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / February 23, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၂

(၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ် ဘားအံမြို့ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်မိုးလုံလေလုံအားကစားရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဘားအံမြို့ရှိ အဆိုပါအားကစားရုံ၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ကရင်ပြည်နယ် အားကစားနှင့်ကာယပညာကော်မတီနာယက ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဇွဲကပင်မိုးလုံလေလုံအားကစားရုံကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အားကစားရုံဖွင့်ပွဲအခမ်းအနားအတွက် ပါဝင်ကူညီပေးသော ဘင်ခရာအဖွဲ့၊ ပန်းဖွားအဖွဲ့၊ ကရင်တိုင်းရင်းသားဒုံးယိမ်းအဖွဲ့များ၊ မွန်ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ပအိုဝ်းတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များကို ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်၍ အားကစားရုံကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ အားကစားရုံကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကရင်ပြည်နယ်၏ အားကစားကဏ္ဍတွင် မရှိမဖြစ်လိုအပ်သည့် Sports Infrastructure ကွက်လပ်တစ်ခုကို ဖြည့်စွက်ပေးသည့်အနေဖြင့် အလျားပေ ၂ဝဝ၊ အနံပေ ၁၃ဝ၊ ပရိသတ် ၂ဝဝဝ ကျော်ဝင်ဆံ့နိုင်သည့် ဇွဲကပင်မိုးလုံ လေလုံအားကစားရုံကြီး အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ အားကစားရုံကို အကျိုးရှိစွာအသုံးချရန်၊ အားကစားလေ့ကျင့်မှုများ စဉ်ဆက်မပြတ် သက်ဝင်လှုပ်ရှားနေရန်၊ ပြည်နယ်ဂုဏ်နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် မျိုးဆက်သစ်ထူးချွန် အားကစားသမားများ ပေါ်ထွက်လာစေရန် ဆက်လက်ကြိုးစားကြစေလိုကြောင်း၊ ဧပြီလမှစတင်၍ ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိအောင် ဆက်လက်ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး မြန်မာ့သိုင်း၊ ဗိုဗီနမ်၊ Physical Fitness Dance အဖွဲ့တို့မှ သရုပ်ပြမှု၊ ပြည်နယ်လဝကအသင်းနှင့် ပြည်နယ်မီးသတ်တပ်ဖွဲ့အသင်းတို့၏ ဘော်လီဘောယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကာ ပြည်ထောင်စုဝန်ကြီး က fitness Dance ၊ ဗိုဗီနမ်၊ မြန်မာ့သိုင်းအဖွဲ့များ၊ ပြည်နယ်မီးသတ်တပ်ဖွဲ့နှင့် ပြည်နယ်လဝကအဖွဲ့တို့ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ဇွဲကပင်အားကစားကွင်းအတွင်း ကြည့်ရှုစစ်ဆေးပြီး အားကစားကွင်း စိမ်းလန်းစိုပြည်သန့်ရှင်းသာယာလှပရေး၊ ပြည်နယ်ပြယုဂ်ဖြစ်သော နိုင်ငံတကာအဆင့်မီ အားကစားကွင်းအဖြစ် ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရေး မှာကြားကာ ဇွဲကပင်ရေကူးကန်ကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လူငယ်စင်တာ၌ ပြည်နယ်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ မိမိတို့သည် နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းများ ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရနှင့် ပြည်သူများကြားတွင် ပေါင်းကူးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းစည်းမျဉ်း စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များ၊ ကျင့်ဝတ်နှင့် လုပ်ထုံးလုပ်နည်းများကို လေးစားလိုက်နာရန်၊ ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ စေတနာထားလုပ်ကိုင်ဆောင်ရွက်ရန်၊ ရုံးလုပ်ငန်းဆိုင်ရာ အခက်အခဲနှင့် ကိုယ်ရေးကိုယ်တာ အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြကြရန်ပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Posted on Apr 04, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း