(၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်ကြမည့် စစ်ရေးပြစစ်ကြောင်းများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် အထင်ကရနေရာများအား သွားရောက်ဖူးမြော်လေ့လာ
(၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်ကြမည့် စစ်ရေးပြစစ်ကြောင်းများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် အထင်ကရနေရာများအား သွားရောက်ဖူးမြော်လေ့လာ
Ministry of Information/ Naypyitaw / March 23, 2026
နေပြည်တော် မတ် ၂၂
(၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်ကြမည့် စစ်ရေးပြစစ်ကြောင်းများမှ တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် အဖွဲ့သုံးဖွဲ့ခွဲ၍ ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြသည်။
ဖူးမြော်ကြည်ညို
အဆိုပါ (၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင်ပါဝင်သည့် စစ်ရေးပြစစ်ကြောင်းများမှ ဘုရားဖူးလာစစ်ရေးပြစစ်ကြောင်းများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များအသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း လေ့လာကြည့်ရှုကြသည်။
ထို့နောက် ပိဋကတ်သုံးပုံတော်လာအဋ္ဌကထာ ဋီကာကျမ်းစာများကို စကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများအသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ ထွင်းထုထည့်သွင်း တည်ဆောက်ထားသည့် ကျောက်စာရုံစေတီတော်အဆူ ၇၂၀ ကိုလည်း စိတ်ဝင်စားစွာဖြင့် ဖူးမြော်လေ့လာကြည်ညိုကြသည်။
ကြည့်ရှုလေ့လာ
ထို့ပြင် အဆိုပါစစ်ရေးပြစစ်ကြောင်းများသည် အမျိုးသားပြတိုက် (နေပြည်တော်) ရှိ ပြခန်းများ၊ တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) နှင့် မြန်မာနိုင်ငံတော်အတွက် မိမိတို့၏ အသက်ကိုပင် စွန့်လွှတ်စွန့်စားစွာပေးဆပ်ခဲ့ကြသည့် အမွန်မြတ်ဆုံး တုနှိုင်းဖွယ်ရာမရှိသော ဂုဏ်ဒြပ်များကို ပိုင်ဆိုင်ကြသည့် သူရဲကောင်းတစ်ဦးစီကို မော်ကွန်းတင် ကမ္ပည်းရေးထိုးထားရှိသည့် အထိမ်းအမှတ်ဗိမာန်တစ်ခုဖြစ်သည့် သူရဲကောင်းဗိမာန်(နေပြည်တော်)သို့ သွားရောက်ဂါရဝပြု အလေးပြုကြပြီး ဗိမာန်အတွင်း လှည့်လည်ကြည့်ရှုလေ့လာကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 3, 2026လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026
