(၉၃)ကြိမ်မြောက် အင်တာပိုလ်အထွေထွေညီလာခံသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်

(၉၃)ကြိမ်မြောက် အင်တာပိုလ်အထွေထွေညီလာခံသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်


Ministry of Information/ Naypyitaw / November 30, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၉

မော်ရိုကိုနိုင်ငံ မာရကက်ရှ်မြို့၌ နိုဝင်ဘာ ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပသော (၉၃)ကြိမ်မြောက် အင်တာပိုလ် အထွေထွေညီလာခံ (93rd INTERPOL General Assembly)သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့သည်။

နိုဝင်ဘာ၂၄ ရက်နံနက်ပိုင်း ညီလာခံဖွင့်ပွဲအခမ်းအနားတွင် မော်ရိုကိုနိုင်ငံ အမျိုးသားလုံခြုံရေးနှင့် နယ်မြေစောင့်ကြပ်ကြည့်ရှုရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် Mr. Abdellatif Hammou chi နှင့် အင်တာပိုလ်ဥက္ကဋ္ဌ ဗိုလ်ချုပ် Ahmed Naser Al-Raisi တို့က အဖွင့်အမှာစကားပြောကြားပြီး အင်တာပိုလ်အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူအဖွဲ့အစည်း စုစုပေါင်း ၁၈၁ နိုင်ငံ/အဖွဲ့တို့မှ ရဲချုပ်များ၊ ဒုတိယရဲချုပ်များ၊ National Central Bureau (NCB) အကြီးအကဲများ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအပါအဝင် ကိုယ်စားလှယ်စုစုပေါင်း ၈၀၀ ခန့် တက်ရောက်ကြသည်။

ညီလာခံကို အင်တာပိုလ်ဥက္ကဋ္ဌ ဗိုလ်ချုပ် Ahmed Naser Al-Raisi နှင့် အင်တာပိုလ် အထွေထွေအတွင်းရေးမှူးချုပ် Mr. Valdecy Urquiza တို့က ဦးဆောင်၍ကျင်းပခဲ့ပြီး အင်တာပိုလ်၏ အထူးအခွင့်အရေးများနှင့် ကင်းလွတ်ခွင့်များဆိုင်ရာ အထွေထွေသဘောတူညီချက်(General Agreement on the Privileges and Immunities of the ICPO-INTERPOL) ကို အတည်ပြုခဲ့ကြကာ အဆိုပါသဘောတူညီချက်ကို လက်မှတ်ရေးထိုးရန်၊ အတည်ပြုဝင်ရောက်ရန်နှင့် ပူးပေါင်းပါဝင်ရန်အဖွဲ့ဝင် နိုင်ငံအားလုံးကိုတောင်းဆိုခြင်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာစနစ်များ အသုံးပြုကျူးလွန်သော ရာဇဝတ်မှုများတိုက်ဖျက်ရေးနှင့် အီလက်ထရောနစ် သက်သေအထောက်အထားများ မျှဝေရေးတို့အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရန် ရည်ရွယ်သည့် ကုလသမဂ္ဂဆိုက်ဘာရာဇဝတ်မှုတိုက်ဖျက် ရေးကွန်ဗင်းရှင်း(United Nations Convention against Cybercrime) ကို ကုလသမဂ္ဂအထွေထွေညီလာခံက ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် အတည်ပြုခဲ့ပြီးဖြစ်သဖြင့် အဆိုပါကွန်ဗင်းရှင်းအား သက်ဆိုင်ရာနိုင်ငံဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လက်မှတ်ရေးထိုးရန်၊ အတည်ပြုရန် အားပေးတိုက်တွန်းခြင်းနှင့် ကုလသမဂ္ဂ၌ အင်တာပိုလ်၏ အခန်းကဏ္ဍကိုမြှင့်တင်ရန်အတွက် National Central Bureau များနှင့် ၎င်းတို့၏အဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားလှယ်များအကြား နီးကပ်စွာပူးပေါင်းဆောင်ရွက်ကြရန် နှိုးဆော်တိုက်တွန်းခြင်းတို့ကို ဆောင်ရွက်ကြသည်။

ထို့ပြင် တရားဥပဒေစိုးမိုးရေးအတွက် ယုံကြည်စိတ်ချရသောကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက်ဗဟိုချက်ဖြစ်လာစေရန်၊ ကမ္ဘာ့အဆင့်မီစုံစမ်းစစ်ဆေးရေးနှင့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အထောက်အပံ့များပေးအပ်ရန်၊ ကမ္ဘာတစ်ဝန်း တရားဥပဒေစိုးမိုး ရေးလုပ်ငန်းစဉ်များတွင် ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်နိုင်ရန်၊ အင်တာပိုလ်၏ စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးတည်ငြိမ်မှု၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့် ကျင့်ဝတ်စံနှုန်းများ အမြင့်ဆုံးတွင်ရှိနေစေရန် စသည့် ရည်မှန်းချက်(၄)ရပ် ပြဋ္ဌာန်းထားသော အင်တာပိုလ်၏ မဟာဗျူဟာ မူဘောင် (၂၀၂၆-၂၀၃၀) (Strategic Framework 2026-2030) ကို အတည်ပြုခြင်း၊ ဒေသဆိုင်ရာညီလာခံများတွင် အင်တာပိုလ် ဒေသအတွင်းရှိ အဖွဲ့ဝင်နိုင်ငံအားလုံးပါဝင်နိုင်ရန်နှင့် ဒေသဆိုင်ရာညီလာခံများ၌ အင်တာပိုလ်၏ လုပ်ပိုင်ခွင့်နှင့်သက်ဆိုင်သည့်ကိစ္စရပ်များအားလုံး ဆွေးနွေးနိုင်ရေး ဖိုရမ်တစ်ခုပံ့ပိုးပေးရန်ဆုံးဖြတ်ခြင်း၊ ဒေတာများစီမံဆောင်ရွက်ခြင်းဆိုင်ရာကော်မတီ (Committee on the Processing of Data)သည် အင်တာပိုလ် သတင်းအချက်အလက် စနစ်မှတစ်ဆင့် ဒေတာများစီမံဆောင်ရွက်ခြင်းဆိုင်ရာ ဥပဒေမူဘောင်နှင့် ဒေတာများစီမံဆောင်ရွက်ခြင်းဆိုင်ရာ ကြီးကြပ်မှုယန္တရားများအပေါ် ပြန်လည်သုံးသပ်ပြီး အကြံပြုချက်များပေးရန်ဆုံးဖြတ်ခြင်း၊ ၂၀၂၄ ခုနှစ်အတွက် နှစ်ပတ်လည်ဘဏ္ဍာရေး အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများအတည်ပြုခြင်း၊ ၂၀၂၆-၂၀၂၈ ခုနှစ် ကာလအတွက်အဖွဲ့ဝင်နိုင်ငံများအားလုံးက ဖွဲ့စည်းပုံအခြေခံ ဥပဒေအရမဖြစ်မနေထည့်ဝင် ရမည့်နှစ်စဉ်ငွေကြေးနှုန်းထား စနစ်အသစ် (new statutory contributions scale for the period 2026-2028)ကို အတည်ပြုခြင်း၊ အင်တာပိုလ်၏ ၂၀၂၆ ခုနှစ်အတွက် လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်များ၊ ဘတ်ဂျက်မူကြမ်းနှင့် ၂၀၂၇-၂၀၂၈ ခုနှစ်အတွက် ဘဏ္ဍာရေးကြိုတင်ခန့်မှန်းချက်များ အတည်ပြုခြင်းတို့ကိုဆောင်ရွက်၍ ညီလာခံဆုံးဖြတ်ချက်များအဖြစ် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဒီဇင်ဘာလကုန်တွင် သက်တမ်းပြည့်မြောက်မည့် အင်တာပိုလ်အလုပ်အမှုဆောင်ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ ရာထူးနေရာအတွက် ဝင်ရောက်လျှောက်ထားသော အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့ကြသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မော်ရိုကိုနိုင်ငံ မာရကက်ရှ်မြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။