(၉၅)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲတွင် “ဉာဏ်ရည်တု နည်းပညာအကြောင်း သိကောင်းစရာများ” ခေါင်းစဉ်ဖြင့်ဆွေးနွေး

(၉၅)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲတွင် “ဉာဏ်ရည်တု နည်းပညာအကြောင်း သိကောင်းစရာများ” ခေါင်းစဉ်ဖြင့်ဆွေးနွေး


Ministry of Information/ Naypyitaw / January 04, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၃

(၉၅)ကြိမ်မြောက် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိစိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း AERDTC ခန်းမ၌ “ဉာဏ်ရည်တု နည်းပညာအကြောင်း သိကောင်းစရာများ” ခေါင်းစဉ်ဖြင့် ကျင်းပသည်။

 ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပစ္စုပ္ပန်နှင့် အနာဂတ်ကာလတွင် သုတေသနနှင့် နည်းပညာကိုအခြေခံသော စိုက်ပျိုးထုတ်လုပ်မှုကိုဆောင်ရွက်မှသာ လယ်ယာကဏ္ဍပြောင်းလဲမှု အောင်မြင်မည်ဖြစ်၍ တောင်သူလယ်သမားထုတစ်ရပ်လုံးပါဝင်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ နည်းပညာကိုအခြေခံသည့် စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် ကျေးလက်လူငယ်များနှင့် AI ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးဆိုင်ရာ မည်သည့်နည်းပညာတွင်မဆို တောင်သူများ ပူးပေါင်းပါဝင်လာခြင်းဖြင့် ပိုမိုထိရောက်သော ဖွံ့ဖြိုးတိုးတက်မှုဆီသို့ လျှောက်လှမ်းနိုင်မည်ဖြစ်ကာ စိုက်ပျိုးရေးဆိုင်ရာ AI နည်းပညာဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံတော်စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆီ လှမ်းချီနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၄) အမျိုးသားဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမှ စီမံကိန်းဒါရိုက်တာ ဒေါက်တာ တင်ဖုန်းကျော်က AI နည်းပညာဆင့်ကဲပြောင်းလဲလာမှုနှင့် စပ်လျဉ်း၍ နည်းပညာ၏ အဓိပ္ပာယ်နှင့် ကောင်းကျိုးများ၊ ကွန်ပျူတာနည်းပညာဆင့်ကဲပြောင်းလဲလာမှု၊ ဉာဏ်ရည်တုနည်းပညာ ဆင့်ကဲပြောင်းလဲလာမှု၊ လူသားအသိဉာဏ်၊ ကွန်ပျူတာအသိဉာဏ်၊ AI တွင် ဒေတာအရေးပါမှု၊ အိုင်တီခေတ်တွင် အရေးကြီးသောဒစ်ဂျစ် တယ်အချက်အလက်နှင့် ဒစ်ဂျစ်တယ် ပလက်ဖောင်းများ၊ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိဆောင်ရွက်လျက်ရှိသော တောင်သူကြီး AI နှင့်ပတ်သက်၍ တင်ပြဆွေးနွေးသည်။

အဆိုပါ တင်ပြဆွေးနွေးချက်များအပေါ် ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပေးပြီး တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးသည်။

(၉၅)ကြိမ်မြောက်ကျင်းပသည့် တောင်သူနည်းပညာပေးဆွေးနွေးပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ ပညာရှင်များနှင့် သုတေသီများ၊ စိုက်ပျိုးရေးတက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ နေပြည်တော်ကောင်စီနယ်မြေ မြို့နယ်ရှစ်မြို့နယ်မှ တောင်သူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းများမှ ဆရာ ဆရာမများ၊ တောင်သူများက zoom point ၇၀ မှ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနလက်အောက်ရှိ စပါးသီးနှံသု​တေသန ဗဟိုဌာနသို့သွားရောက်၍ သုတေသနပြု စမ်းသပ်ထားသော​ပျိုးပင်အဆင့်တွင် Night Break ဆောင်ရွက်ထား​​သည့် ​ပေါ်ဆန်းစပါး၏ အပင်ဖြစ်ထွန်းမှု နှိုင်းယှဉ်စမ်းသပ်ထားရှိမှုအ​ခြေအ​နေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။