(၉) ကြိမ်မြောက် အာဆီယံ-တရုတ် ပိုးမွှားရောဂါကင်းစင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စိုက်ပျိုးရေးဝန်ကြီးများအစည်းအဝေး ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

(၉) ကြိမ်မြောက် အာဆီယံ-တရုတ် ပိုးမွှားရောဂါကင်းစင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စိုက်ပျိုးရေးဝန်ကြီးများအစည်းအဝေး ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်


Ministry of Information/ Naypyitaw / November 16, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၅

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ ဖိတ်ကြားချက်အရ (၉) ကြိမ်မြောက် အာဆီယံ-တရုတ် ပိုးမွှားရောဂါကင်းစင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စိုက်ပျိုးရေးဝန်ကြီးများအစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နိုဝင်ဘာ ၁၁ ရက် ညပိုင်းတွင် ချုံချင့်မြို့သို့ ရောက်ရှိရာ ချုံချင့်မြူနီစီပယ် ဒုတိယမြို့တော်ဝန်က ကြိုဆိုနှုတ်ဆက်ခဲ့ပြီး နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ချုံချင့်ပါတီ အတွင်းရေးမှူး၏ ကြိုဆိုမိတ်ဆက်အခမ်းအနားကို HUALUXE Chongqing Science Hall Hotel ၌ ကျင်းပရာ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် စိုက်ပျိုးရေးဝန်ကြီး ဦးဆောင်သော အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ၂၀၂၅ ခုနှစ် ကုန်း-ရေစင်္ကြံအသစ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်နှင့် ထောက်ပံ့ဆက်သွယ်ရေးပြပွဲ(2025 Land-Sea New Corridor Economic Development Forum and Logistic Expo) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြခန်းများကို ကြည့်ရှုလေ့လာသည်။

မွန်းလွဲပိုင်းတွင် (၉)ကြိမ်မြောက် အာဆီယံ-တရုတ် ပိုးမွှားရောဂါကင်းစင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးများအစည်းအဝေးကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးသည် အာဆီယံနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ဝန်ကြီး Ms. Sun Meijun နှင့် ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ပြီး ပြည်ထောင်စုဝန်ကြီးက အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှု နယ်ပယ် (၃.၀) ၏ အဆင့်မြှင့်တင်ရေး ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး၊ အပင်နှင့် တိရစ္ဆာန်ကျန်းမာရေးနှင့် လယ်ယာထွက်ကုန်များ ကုန်သွယ်မှုလွယ်ကူချောမွေ့ရေးတို့တွင် အရေးပါသော အာဆီယံ-တရုတ် ပိုးမွှားရောဂါကင်းစင်ရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအရေးပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာဆီယံ-တရုတ် အပင်နှင့်တိရစ္ဆာန် ပိုးမွှားရောဂါကင်းစင်ရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအစီအစဉ် ၂၀၂၆-၂၀၂၇အတွက် မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝထောက်ခံပါကြောင်း၊ အာဆီယံတစ်ခုတည်းသော ပြတင်းပေါက်စနစ် (ASEAN Single Window-ASW)မှတစ်ဆင့် အီလက်ထရောနစ် SPS (e-SPS) လက်မှတ်များ ဖလှယ်ခြင်းကဲ့သို့ ဒစ်ဂျစ်တယ်နည်းပညာများ တီထွင်ဖန်တီးခြင်းနှင့် အကောင်အထည်ဖော်ခြင်းတွင် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ခြင်းသည် အဖွဲ့ဝင်နိုင်ငံအားလုံးအတွက် လယ်ယာထွက်ကုန်များ ကုန်သွယ်မှုလွယ်ကူချောမွေ့ရေးတွင် ပွင့်လင်းမြင်သာမှုနှင့် ထိရောက်မှုကို သိသိသာသာ တိုးတက်စေမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ချုံချင့်မြို့နယ် ကျန်ကျင်းမြို့ရှိ ဟွာကျောင်း (မက်ခါ) သီးနှံစိုက်ခင်းနှင့် ဆန်းကစ်သီးစိုက်ခင်းများကို လေ့လာကြည့်ရှုခဲ့ပြီး အဖွဲ့ဝင်အဖြစ် လိုက်ပါလာသည့် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် သည် နိုဝင်ဘာ ၁၂ ရက်တွင် ကျင်းပသည့် (၉) ကြိမ်မြောက် အာဆီယံ-တရုတ် ပိုးမွှားရောဂါကင်းစင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆက်သွယ်ရန်ပုဂ္ဂိုလ်များအစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့မှ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ပူးတွဲသဘာပတိ အဖြစ် ဆွေးနွေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) ဒုတိယဝန်ကြီး Mr. Zhao Zeng Lian ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံမှ ပဲတီစိမ်းတင်ပို့သည့် ကုမ္ပဏီ ၂၅ ခုနှင့် ငှက်ပျောတင်ပို့သည့် ကုမ္ပဏီ ခုနစ်ခုတို့ကို ပိုးသတ်ဆေးဓာတ်ကြွင်းပမာဏကြောင့် တင်ပို့ခွင့်ယာယီရပ်ဆိုင်းထားသည့်အတွက် ဖြေလျှော့ပေးရန် ဆွေးနွေးမှုအပေါ် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သဘောတူညီမှုရရှိခဲ့သည်။

ထို့ပြင် လက်မှတ်ရေးထိုးရန် ပေးပို့ထားသည့် Protocol များနှင့် စပ်လျဉ်း၍ GACC ၏ သက်ဆိုင်ရာ သီးနှံ၊ အသား၊ ငါးကဏ္ဍအလိုက် ညွှန်ကြားရေးမှူးချုပ်များနှင့် ဆက်လက်ဆောင်ရွက်ပေးရန် ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ ငှက်သိုက်တင်ပို့မှုလုပ်ငန်းစဉ်အတွက် လိုအပ်သော အထူးသဘောတူညီချက်နှင့်စပ်လျဉ်း၍ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း GACC ဘက်မှ ပြန်လည်ဆွေးနွေးခဲ့သည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။