Bank of China ပညာတော်သင်ဆုစီမံကိန်း (၄) နှစ်ပြည့် အခမ်းအနားကျင်းပ
Bank of China ပညာတော်သင်ဆုစီမံကိန်း (၄) နှစ်ပြည့် အခမ်းအနားကျင်းပ
Ministry of Information/ Naypyitaw / May 17, 2026
ရန်ကုန် မေ ၁၆
Bank of China ပညာတော်သင်ဆု စီမံကိန်း (၄) နှစ်ပြည့် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Wyndham Grand Hotel ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး Ms. Ma Jia၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး၊ ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌတို့က အမှာစကားပြောကြားကြပြီး Bank of China – Hong Kong ဒုတိယဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် တရုတ်ဘာသာစကားသင်တန်းသဘောတူစာချွန်လွှာကို အရှေ့ပိုင်းကိုယ်ပိုင်အထက်တန်းကျောင်း ELBC Language Center ဥက္ကဋ္ဌနှင့် တရုတ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (CFRD) မြန်မာနိုင်ငံရုံး ညွှန်ကြားရေးမှူးတို့က လက်မှတ်ရေးထိုးကြသည်။
သတင်းစဉ်
ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ် အသိပေး နှိုးဆော်ခြင်း
Posted on May 14, 2026ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် အသိပေးနှိုးဆော်ခြင်း
လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း
Posted on May 14, 2026လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း
အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန် ပေးအပ်ခြင်း
Posted on May 14, 2026အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ပေးအပ်ခြင်း
