BNRA အမည်ခံအဖွဲ့မှ ဒုတိယအဖွဲ့ခေါင်းဆောင်အပါအဝင် အဖွဲ့ဝင် ၅ ဦး တပ်မတော်လုံခြုံရေးစခန်းမှတစ်ဆင့် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်
BNRA အမည်ခံအဖွဲ့မှ ဒုတိယအဖွဲ့ခေါင်းဆောင်အပါအဝင် အဖွဲ့ဝင် ၅ ဦး တပ်မတော်လုံခြုံရေးစခန်းမှတစ်ဆင့် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်
Ministry of Information/ Naypyitaw / February 20, 2026
နေပြည်တော် ဖေဖော်ဝါရီ ၂၀
PDF အပါအဝင် အကြမ်းဖက်အဖွဲ့များသည် နိုင်ငံတော်အစိုးရနှင့်တပ်မတော်အား ဆန့်ကျင်တိုက်ခိုက်ခြင်း၊ နယ်မြေခံပြည်သူလူထုများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခြင်းများ လုပ်ဆောင်လျက်ရှိသည့်အပြင် ၎င်းတို့အဖွဲ့များအချင်းချင်း အချိန်ကြာမြင့်လာသည်နှင့်အမျှ ကိုယ်ကျိုးစီးပွားကိုအခြေခံ၍ နယ်မြေလုချင်း၊ ဝေစုမတည့်ခြင်း၊ အချင်းချင်းဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း စသည်တို့ဖြစ်ပေါ်လျက်ရှိသည်။
ထိုသို့ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် BNRA အမည်ခံအဖွဲ့မှ အဖွဲ့ခေါင်းဆောင် နိုင်လင်း (ခေါ်) နဂါးအနေဖြင့် အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်နေမှုများအား မနှစ်မြို့တော့ခြင်း၊ နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံလာခြင်းတို့ကြောင့် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး အဆိုပါသတင်းအား ထုတ်ပြန်ပြီးဖြစ်ပါသည်။
ထို့ပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာမှုကြောင့် ယနေ့မွန်းလွဲပိုင်းတွင် BNRA အမည်ခံအဖွဲ့မှ ဒုတိယအဖွဲ့ခေါင်းဆောင် ၁ ဦး၊ တတိယတာဝန်ခံအဆင့်ရှိသူ ၁ ဦး အပါအဝင် အဖွဲ့ဝင် ၅ ဦးသည် လက်နက်မျိုးစုံ ၅ လက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ပုလဲမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်စခန်းတစ်ခုထံသို့ လာရောက်ဆက်သွယ်သတင်းပို့၍ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသည့် BNRA အမည်ခံအဖွဲ့မှ ဒုတိယအဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များအား နယ်မြေခံလုံခြုံရေးတပ်ဌာနချုပ်မှ တာဝန်ရှိသူများက နွေးထွေးစွာကြိုဆိုခဲ့ကြပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ၊ ဆေးဝါးအကူအညီများနှင့် အုပ်ချုပ်မှုကိစ္စရပ်များအား အဆင်ပြေမှုရှိစေရေး ဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့် လိုအပ်သည့်စိစစ်မှုများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပြီး BNRA အမည်ခံအဖွဲ့မှ ဒုတိယအဖွဲ့ခေါင်းဆောင်နှင့် တတိယတာဝန်ခံအဆင့်ရှိသူတို့၏ စကားသံများကိုလည်း ယခုလိုပဲကြားသိရပါတယ်။
နိုင်ငံတော်အစိုးရအနေဖြင့် အကြမ်းဖက်အဖွဲ့များအတွင်းသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေး အစဉ်တံခါး ဖွင့်ကြိုဆိုဖိတ်ခေါ်ထားရှိပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများနှင့် ထပ်မံဝင်ရောက်လာမည့်သူများကိုလည်း တရားဥပဒေဘောင်အတွင်း တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 3, 2026လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026
