Cyber Security နှင့် သတင်းအချက်အလက်များ ကျိုးပေါက်မှုမရှိစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ တင်ပြဆွေးနွေးခြင်း အခမ်းအနားကျင်းပခြင်း

Cyber Security နှင့် သတင်းအချက်အလက်များ ကျိုးပေါက်မှုမရှိစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ တင်ပြဆွေးနွေးခြင်း အခမ်းအနားကျင်းပခြင်း


Office of the Auditor General of the Union/ NPT / July 31, 2025


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ Cyber Security နှင့် သတင်းအချက်အလက်များ ကျိုးပေါက်မှုမရှိစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ တင်ပြဆွေးနွေးခြင်းအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် အများပြည်သူသို့ ဝန်ဆောင်မှုပေးနေသည့်စနစ်များ၊ ရုံးလုပ်ငန်းကိစ္စများတွင် အသုံးပြုသည့်စနစ်များ၊ အခြေခံအဆောက်အဦများနှင့် ၎င်းစနစ်များရှိ အချက်အလက်များ၊ အစိုးရဌာန/ အဖွဲ့အစည်းအချင်းချင်း အီလက်ထရောနစ်နည်းလမ်းဖြင့် ဆက်သွယ်ဆောင်ရွက်သည့် အချက် အလက်များ၊ လုံခြုံမှုရှိစေရေးနှင့် ဆိုက်ဘာတိုက်ခိုက်ခံရမှု (Cyber Attack) မရှိစေရေး ကြိုတင်ပြင်ဆင်ကာကွယ်ရန်မှာ လွန်စွာအရေး ကြီးပါကြောင်း၊ သတင်းအချက်အလက်နည်းပညာများသည် ပိုမိုခေတ်မီဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ သတင်းအချက်အလက်ကျိုးပေါက်မှုနှင့် ဆိုက်ဘာတိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိပါကြောင်း၊ ရုံး၏အချက်အလက်များ၊ ရုံးစာများ၊ စစ်ဆေးရေးဆိုင်ရာ သတင်းအချက်အလက်များ၊ အီလက် ထရောနစ်စာရွက်စာတမ်းများနှင့် IT Equipment များလုံခြုံမှုရှိစေရန်အတွက် ထုတ်ပြန်ထားသည့် သတင်းအချက်အလက်နည်းပညာလုံခြုံရေးဆိုင်ရာ မူဝါဒနှင့်လုပ်ထုံး လုပ်နည်းများ၊ စည်းကမ်းများကို ဝန်ထမ်းများအားလုံး တိကျစွာလိုက်နာ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ Cyber တိုက်ခိုက်ခံရမှုမရှိစေရေးအတွက် Cyber Security ဆိုင်ရာ ဗဟုသုတများကို သေချာမှတ်သားပြီး လုံခြုံရေးအသိနှင့် သတိအစဉ်ရှိနေရန် လိုအပ်ကြောင်း၊ သတင်းအချက်အလက်လုံခြုံရေးဆိုင်ရာ အန္တရာယ်များကို သိရှိနားလည်ပြီး၊ သတင်းအချက်အလက်များ ကျိုးပေါက်ခြင်း၊ ချိုးဖောက်ခံရခြင်း မရှိစေရေးအတွက် ထိထိရောက်ရောက် ကာကွယ်ဆောင်ရွက်သွားကြစေလိုပါကြောင်း ပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် e-Government ဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ “သတင်းအချက်အလက်များ လုံခြုံမှုရှိစေရေးအတွက် ဆောင်ရွက်ရမည့်အချက်များတင်ပြခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ e-Government ဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူးမှ “Cyber Security နှင့်စပ်လျဉ်း၍ သတိပြုလိုက်နာရမည့်အချက်များ တင်ပြဆွေးနွေးခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြ သည်။

ယင်းနောက် ဆွေးနွေးပွဲတက်‌ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များမှ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးတို့မှ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများက Online ဖြင့်လည်းကောင်း စုစုပေါင်း (၃၇၁) ဦး တက်ရောက်ခဲ့ကြသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက် ၊ သြဂုတ် ၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Aug 03, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက် ၊ သြဂုတ် ၂ ရက်၊ စနေနေ့။


Posted on Aug 02, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက် ၊ သြဂုတ် ၁ ရက်၊ သောကြာနေ့။


Posted on Aug 01, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။


Posted on Jul 31, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 30, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။


Posted on Jul 29, 2025
AnnouncementsExplore more >

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Posted on Aug 2, 2025

နေပြည်တော် (တပ်ကုန်း) တွင် RCC (၈) ခန်းတွဲ (၃)ထပ် အမှုထမ်းအိမ်ရာ (၁)လုံး တည်ဆောက်ခြင်းအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Posted on Aug 2, 2025

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စက်ပစ္စည်းများဝယ်ယူရေးအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -