EV သင်တန်းများကို ပြင်ပ EV လုပ်ငန်းရှင်များ၏ နည်းပညာလိုအပ်ချက်များနှင့်အညီ တိုးချဲ့ဖွင့်လှစ်သွားရန်ရှိ

EV သင်တန်းများကို ပြင်ပ EV လုပ်ငန်းရှင်များ၏ နည်းပညာလိုအပ်ချက်များနှင့်အညီ တိုးချဲ့ဖွင့်လှစ်သွားရန်ရှိ


Ministry of Information/ Naypyitaw / July 28, 2025
image_latest


နေပြည်တော် ဇူလိုင် ၂၇

EV ပြုပြင်ထိန်းသိမ်းမှုသင်တန်း(၂/၂၀၂၅) ဆင်းပွဲအခမ်းအနားကို ဇူလိုင် ၂၅ ရက်က အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)၌ကျင်းပရာ လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်အမှာစကားပြောကြားသည်။

သင်တန်းဆင်းပွဲတွင် ဒုတိယဝန်ကြီးက EV နည်းပညာကဏ္ဍတွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းကာ နောက်ကျမကျန်ခဲ့ရအောင် နည်းပညာအသစ်အဆန်းများကို အစဉ်လေ့လာကြိုးပမ်းဆောင်ရွက်သွားရန်၊ သင်တန်းများကို စံနှုန်းများနှင့်အညီ ဖွင့်လှစ်ကာ ကျွမ်းကျင်သူများအား စဉ်ဆက်မပြတ်ပျိုးထောင်ပေးလျက်ရှိကြောင်း၊ EV သင်တန်းများကို ပြင်ပ EV လုပ်ငန်းရှင်များ၏ နည်းပညာလိုအပ်ချက်များနှင့်အညီ တိုးချဲ့ဖွင့်လှစ်သွားရန်ရှိကြောင်း၊ ပြည်သူများ၏ လက်ဝယ်အရောက် EV အသိပညာဖြန့်ဝေမှုများကို ထိထိရောက်ရောက်ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်ဆောင်ရွက်သွားရေး ဌာနဆိုင်ရာများနှင့် EV ပြင်ပအဖွဲ့အစည်းများ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်) ကျောင်းအုပ်ကြီးက သင်တန်းသားများထံ သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး သင်တန်းသားတစ်ဦးက သင်တန်းသားများကိုယ်စား ကျေးဇူးတင်စကားပြောကြားသည်။

အဆိုပါ EV ပြုပြင်ထိန်းသိမ်းမှုသင်တန်းတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ UNR 100၊ ဗို့အား မြင့်မောင်းနှင်ခြင်းစနစ်၊ ဘက်ထရီနည်းပညာ၊ ထိန်းချုပ်စနစ်၊ Special Hand Tools ကိုင်တွယ်အသုံးပြုပုံ၊ ပြစ်ချက်ပြဿနာရှာဖွေခြင်းနှင့် စမ်းသပ်ခြင်း၊ Traction Battery ဖြုတ်တပ်ခြင်းနှင့် စမ်းသပ်ခြင်း၊ Electrical Power Train စနစ်ဖြုတ်တပ်ခြင်းနှင့် စမ်းသပ်ခြင်းဆိုင်ရာလက်တွေ့လုပ်ငန်းများကို အဆင့်မြင့်သင်ထောက်ကူမော်ကျူးများဖြင့် ဇူလိုင် ၇ ရက်မှ ၂၅ ရက်အထိ သင်တန်းကာလ သုံးပတ်အတွင်း တစ်ပတ်လျှင် ငါးရက်၊ တစ်ရက်လျှင် ၆နာရီ နှုန်းဖြင့်ပို့ချခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ EV ကုမ္ပဏီများမှ သင်တန်းသား ၁၇ ဦးနှင့် ဌာနများမှ သင်တန်းသားခြောက်ဦး တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက် ၊ သြဂုတ် ၂ ရက်၊ စနေနေ့။


Posted on Aug 02, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက် ၊ သြဂုတ် ၁ ရက်၊ သောကြာနေ့။


Posted on Aug 01, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။


Posted on Jul 31, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 30, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။


Posted on Jul 29, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။


Posted on Jul 27, 2025
AnnouncementsExplore more >

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Posted on Aug 2, 2025

နေပြည်တော် (တပ်ကုန်း) တွင် RCC (၈) ခန်းတွဲ (၃)ထပ် အမှုထမ်းအိမ်ရာ (၁)လုံး တည်ဆောက်ခြင်းအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Posted on Aug 2, 2025

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စက်ပစ္စည်းများဝယ်ယူရေးအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -