EV သုံးစွဲမှုမြင့်တက်လျက်ရှိရာ ပြည်သူများဘေးအန္တရာယ်ကင်းစွာ သက်တမ်းပြည့်သုံးစွဲနိုင်ရေး သင်တန်းပေး

EV သုံးစွဲမှုမြင့်တက်လျက်ရှိရာ ပြည်သူများဘေးအန္တရာယ်ကင်းစွာ သက်တမ်းပြည့်သုံးစွဲနိုင်ရေး သင်တန်းပေး


Ministry of Information/ Naypyitaw / November 14, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၃

လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် နိုဝင်ဘာ ၁၀ ရက်က အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)တွင် (Electric Vehicle ၊ EV) Training of Trainers သင်တန်းဖွင့်ပွဲအခမ်းအနားကို ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်သည်။

ဦးစွာ ဒုတိယဝန်ကြီးက EV သုံးစွဲမှုမြင့်တက်လာလျက်ရှိရာ ပြည်သူများဘေးအန္တရာယ်ကင်းစွာ သက်တမ်းပြည့်သုံးစွဲနိုင်ရေး သင်တန်းသားများအနေဖြင့် EV နည်းပညာများကို ကျွမ်းကျင်ပိုင်နိုင် သည်အထိ လေ့ကျင့်သင်ယူကြရန် တိုက်တွန်းမှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင် ကောလိပ်(ဘယ်လင်း) EV အလုပ်ရုံ၌ အဆင့်မြင့် သင်ထောက်ကူနှင့် သုတေသနလုပ်ငန်းသုံး ပစ္စည်း များ ဖြည့်ဆည်းထားရှိမှု၊ EV ကားအမျိုးမျိုးဖြင့် သင်တန်းသားများကို လက်တွေ့လေ့ကျင့်နိုင် ရေး ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး EV နည်းပညာရှင်များကို အရည်အသွေးပြည့်မီစွာ ပျိုးထောင်ပေးရင်း နိုင်ငံတော်နှင့် ပြည်သူ့အကျိုးပြု EV သုတေသနလုပ်ငန်းများ ရှင်သန်သက်ဝင်ရေးဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် စုဝေးခန်းမ၌ အစိုးရနည်းပညာ အထက်တန်းကျောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာကောလိပ်တို့မှ ဆရာ ဆရာမများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး နည်းပညာရှင် နိုင်ငံ့လူငယ်ကောင်းများကို စဉ်ဆက်မပြတ်မွေးထုတ်ပေး နိုင်ရေးအလေးထားဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် စက်မှုအင်ဂျင်နီယာဌာနအလုပ်ရုံ၌ အိန္ဒိယသမ္မတနိုင်ငံ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် Quick Impact Project အထောက်အပံ့ဖြင့် ဆောင်ရွက်သော Tar-Free and Dry Type Gasifier သုတေသနလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး စွန့်ပစ်စပါးခွံများနှင့် ပလတ်စတစ်များမှ လျှပ်စစ်စွမ်းအင် ထုတ်ယူ၍ Gasifier သုံးစွဲမှုသည် ပြည်သူ့ကျန်းမာ ရေးနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုမရှိသဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာတွင် အထောက်အကူပြုကြောင်း၊ သို့ဖြစ်ရာ သုတေသနရလဒ်များမှ နည်းပညာများကို ပြင်ပပုဂ္ဂလိကဆန်စက်များနှင့် MSMEs များတွင် အသုံးချနိုင်ရေးဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကွန်ပျူတာ တက္ကသိုလ် (မန္တလေး) စာသင်ခန်းများနှင့် ကွန်ပျူတာခန်းများ ပြင်ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌ ၂၀ ကီလိုဝပ် ဆိုလာဟိုက်ဘရစ်စနစ် တပ်ဆင်သုံးစွဲမှု၊ Gasifier နှင့် EV သုတေသနပရောဂျက် ဆောင်ရွက်ပြီးစီးမှု များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။