KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိ

KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / June 15, 2024


     တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကိုလိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ အရပ်သားပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။

     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန် ၁၁ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်သို့ KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အဆိုပါရပ်ကွက်နေ ဒေါ်အေးလှိုင်(၆၅)နှစ်၏ နေအိမ်ခြံဝင်းရှေ့ လမ်းဘေးသို့ လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဒေါ်အေးလှိုင်တွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

     အလားတူ ည ၇ နာရီတွင် ဗန်းမော်မြို့နယ်၊ ကျွဲချို-ကမ္ဘာနီကျေးရွာသို့ KIA လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါ ကျေးရွာနေ ဒေါ်ခင်လှိုင်(၅၄)နှစ်၊ ဦးမြင့်ကျော်(၄၈)နှစ်နှင့် ဦးအောင်ကျော်ဦး(၅၄)နှစ်တို့ သုံးဦးတွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ဗန်းမော်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

     အထက်ပါဖြစ်စဉ်မှ ရပ်ကွက်/ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


Posted on Jan 20, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


Posted on Jan 19, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Jan 18, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စ​နေနေ့။


Posted on Jan 17, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။


Posted on Jan 16, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။


Posted on Jan 15, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ( အပိုင်း ၂ ) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ

Posted on Jan 19, 2026

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ( အပိုင်း ၂ ) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာ

Posted on Jan 19, 2026

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာ

မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) က...

Posted on Jan 18, 2026

မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) က သဘောထားထုတ်ပြန်ချက်ထုတ်ပြန်ကြေညာ