KIP ဆိပ်ကမ်းသို့ MT TIRTASARI ဆီတင်သင်္ဘောကြီးဆိုက်ကပ် စားသုံးဆီနှင့် စက်မှုကုန်ကြမ်းများ စတင်ဖြန့်ဖြူး
KIP ဆိပ်ကမ်းသို့ MT TIRTASARI ဆီတင်သင်္ဘောကြီးဆိုက်ကပ် စားသုံးဆီနှင့် စက်မှုကုန်ကြမ်းများ စတင်ဖြန့်ဖြူး
Ministry of Information/ Naypyitaw / March 23, 2026
ရန်ကုန် မတ် ၂၂
ပြည်တွင်းစားသုံးဆီဖူလုံမှုရှိစေရန်နှင့် စက်မှုကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သောကုန်ကြမ်းများ အချိန်မီဖြန့်ဖြူးနိုင်ရန်ရည်ရွယ်၍ MT TIRTASARI အမည်ရှိ ဆီတင်သင်္ဘောကြီးသည် ရန်ကုန်မြို့ (K.I.P Port) သို့ မတ် ၂၁ ရက်ညပိုင်းက ဆိုက်ကပ်ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါသင်္ဘောပေါ်တွင် ပါရှိသောဆီများ၏ အရည်အသွေးနှင့် အလေးချိန်တိကျမှန်ကန်မှုရှိစေရန်အတွက် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေး ကြီးကြပ်ရေးလုပ်ငန်းကော်မတီက ဦးဆောင်၍ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနမှ အဖွဲ့ဝင်များ၊ ကန်ကြီးကြပ်ရေးအဖွဲ့နှင့် MITS အဖွဲ့တို့က ကွင်းဆင်းစစ်ဆေးကြသည်။
MT TIRTASARI သင်္ဘောသည် ယမန်နေ့ည ၁၀ နာရီ ၅၄ မိနစ်တွင် ကုန်ချလုပ်ငန်းစဉ်များအားလုံးပြီးစီးခဲ့ကြောင်းနှင့် ယခုကဲ့သို့ စနစ်တကျစစ်ဆေးတင်သွင်းခြင်းကြောင့် ပြည်သူများထံသို့ အရည်အသွေးမီ စားသုံးဆီများကို စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
အောင်ကျော်မိုး
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 3, 2026လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026
