KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံများ ဆက်လက်ဖြိုချဖျက်ဆီး၊ မြဝတီမြို့နှင့် ရွှေကုက္ကိုလ်မြို့တို့၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုကျူးလွန်သူများ ထပ်မံဖမ်းဆီးရမိ

KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံများ ဆက်လက်ဖြိုချဖျက်ဆီး၊ မြဝတီမြို့နှင့် ရွှေကုက္ကိုလ်မြို့တို့၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုကျူးလွန်သူများ ထပ်မံဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / December 05, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၅

မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် မြဝတီ-မဲထော်သလေး (KK Park) နယ်မြေများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်း တာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းနှင့် ချိပ်ပိတ်သိမ်းဆည်းခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ ၃၀၈ လုံးကို စနစ်တကျဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ယနေ့တွင် မြဝတီ-မဲထော်သလေး (KK Park) အပိုင်း (၃) နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံများဖြစ်သော ၂ ထပ်အဆောက်အအုံ ၁၀ လုံး၊ ၄ ထပ် အဆောက်အအုံ ၁ လုံး၊ စုစုပေါင်း တရားမဝင်အဆောက်အအုံ ၁၁ လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် အပိုင်း (၃) နယ်မြေအတွင်းရှိ အဆောက်အအုံ ၄၂၅ လုံးအနက် ယနေ့အထိ ၁၆၀ လုံး ဖြိုချဖျက်ဆီးခဲ့ကြောင်းနှင့် KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံးအနက် ၃၀၈ လုံးကို ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။

အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသူများအား အင်တိုက်အားတိုက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့်ရှာဖွေဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြဝတီမြို့ရှိ လုံခြုံရေးပူးပေါင်းအဖွဲ့များက သတင်းအရမြဝတီမြို့ဝန်းကျင်တွင် ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ အမှတ် (၂) ရပ်ကွက်တွင် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်လျက်ရှိကြသည့် အိန္ဒိယနိုင်ငံသားအမျိုးသား ၅၈ ဦးနှင့် အမျိုးသမီး ၁၇ ဦး၊ စုစုပေါင်း ၇၅ ဦးတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကာ အဆိုပါဖမ်းဆီးရမိသူများအား လိုအပ်သောကိုယ်ရေးအချက်အလက်များ စစ်ဆေးရန်အတွက် မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ လှိုင်ထိပ်ခေါင်တင်လမ်းရှိ မြို့မအားကစားကွင်း၌ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားရှိလျက်ရှိသည်။ ထို့ပြင် မြဝတီမြို့၊ အမှတ် (၃) ရပ်ကွက်အတွင်းရှိ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံးပြုနေထိုင်လုပ်ကိုင်ခဲ့ကြသည့် ၃ ထပ် အဆောက်အအုံ ၅ လုံး၊ ၁ ထပ် အဆောက်အအုံ ၃ လုံး၊ စုစုပေါင်း ၈ လုံးတို့အား စစ်ဆေးတွေ့ရှိခဲ့ရပြီး ၎င်းတို့အား ပြန်လည်အသုံးချမှုမရှိစေရေးအတွက် ဖြိုချဖျက်ဆီးခြင်းများကို ဆောင်ရွက်ခဲ့ရာ ယနေ့တွင်လည်း ၃ ထပ်အဆောက်အအုံ ၁ လုံးကို ထပ်မံဖြိုချဖျက်ဆီးနိုင်ခဲ့သဖြင့် စုစုပေါင်း ၂ လုံး ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။

၁၀ ဦး၊ ထို့ပြင် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ Online လိမ်လည်မှုနှင့် လောင်းကစားမှုများ ကျူးလွန်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်ပုန်းအောင်းနေထိုင်လျက်ရှိကြသည့် တရုတ်နိုင်ငံသား ဗီယက်နမ်နိုင်ငံသား ၁ ဦး၊ အီသီရိုးပီးယားနိုင်ငံသား ၇ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၈ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၂ ဦး၊ စုစုပေါင်း ၂၈ ဦးတို့ကို ယနေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။

၎င်းအပြင် မြဝတီမြို့နယ်အတွင်းရှိ KK Park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့်ပစ္စည်းများအား ထပ်မံ၍ အသုံးပြုနိုင်ခြင်းမရှိစေရန်အတွက် ယနေ့တွင်လည်း စနစ်တကျမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် Online လိမ်လည်လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။