KK Park နယ်မြေအတွင်း နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်ပြီး အွန်လိုင်းလောင်းကစားမှုများနှင့် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၉၀ ရာခိုင်နှုန်း​ကျော်မှာ ထိုင်းနိုင်ငံကို တစ်ဆင့်ခံ၍ နယ်စပ်ဖြတ်ကျော်ရောက်ရှိလာသည့် ဖြစ်စဉ်များကအများစုဖြစ်

KK Park နယ်မြေအတွင်း နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်ပြီး အွန်လိုင်းလောင်းကစားမှုများနှင့် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၉၀ ရာခိုင်နှုန်း​ကျော်မှာ ထိုင်းနိုင်ငံကို တစ်ဆင့်ခံ၍ နယ်စပ်ဖြတ်ကျော်ရောက်ရှိလာသည့် ဖြစ်စဉ်များကအများစုဖြစ်


Ministry of Information/ Naypyitaw / November 09, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၈

မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့ မဲ့ထော် သလေး KK Park နယ်မြေများတွင် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများနှင့် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပ နိုင်ငံသားများကို စစ်ဆေးဖော်ထုတ်ကာ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးအပ်လျက်ရှိသည့်အပြင် ယင်းတို့ စုဖွဲ့နေထိုင်ခဲ့ကြသည့် KK Park အတွင်းရှိ အဆောက်အအုံများကို ဖျက်ဆီး ရှင်းလင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်သည်။

မြဝတီ - မဲ့ထော်သလေး (KK Park) နယ်မြေမှ အွန်လိုင်း လောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်သည့် နေရာများတွင် တစ်ထပ်လူနေအဆောက်အအုံ တစ်လုံး၊ နှစ်ထပ် လူနေအဆောက်အအုံ ၈၀၊ သုံးထပ်လူနေအဆောက် အအုံ ရှစ်လုံး၊ လေးထပ် လူနေအဆောက်အအုံ ၂၇ လုံး၊ ကိုးထပ် လူနေ အဆောက်အအုံတစ်လုံး၊ ဈေးဆိုင်နှင့်လူနေနှစ်ထပ် အဆောက်အအုံလေးလုံး၊ ဈေးဆိုင်နှင့် လူနေလေးထပ်အဆောက် အအုံနှစ်လုံး၊ စားသောက်ဆိုင်နှင့် လူနေ နှစ်ထပ်အဆောက်အအုံတစ်လုံး၊ ဂိုဒေါင် ၁၂ လုံး၊ ခြောက်ထပ်ဟိုတယ် တစ်လုံး၊ GYM အားကစားခန်းမတစ်ခု၊ နှစ်ထပ် KTV အဆောက်အအုံ တစ်လုံး၊ နှစ်ထပ် SPA အဆောက် အအုံတစ်လုံး၊ လေးထပ်ဆေးရုံအဆောက်အအုံတစ်လုံး၊ နှစ်ထပ် Canteen အဆောက်အအုံ နှစ်လုံး၊ နှစ်ထပ် ဈေးဆိုင်အဆောက်အအုံ နှစ်လုံး၊ သုံးထပ် လူနေလိုင်းခန်း အဆောက်အအုံ သုံးလုံး စုစုပေါင်း အဆောက်အအုံ ၁၄၈ လုံး တည်ရှိခဲ့သည်။

ဖြိုချဖျက်ဆီးလျက်ရှိ

ထို့ပြင် ပန်းခြံများ၊ အားကစားရုံများ၊ ဖူဆယ်ကွင်းများ၊ ပိုက်ကျော်ခြင်းကွင်းများ၊ ဘတ်စကက်ဘော ကွင်းများလည်းတည်ရှိပြီး ယခုအခါယင်းနယ်မြေ အတွင်းရှိအဆောက်အအုံများအားလုံးကို ဖြိုချဖျက်ဆီး လျက်ရှိရာ အဆောက်အအုံ ၁၀၁ လုံးကို ဖြိုချဖျက်ဆီးပြီး ကျန်ရှိသည့် ၄၇ လုံးကိုလည်း ဆက်လက်ဖြိုချ ဖျက်ဆီးသွားမည် ဖြစ်​ကြောင်းသိရသည်။

အဆိုပါ နယ်မြေအတွင်း နယ်စပ်လမ်းကြောင်းများမှ တစ်ဆင့်တရားမဝင် ဝင်ရောက်ပြီး အွန်လိုင်းလောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၉၀ ရာခိုင်နှုန်း​ကျော်မှာ ထိုင်းနိုင်ငံကိုတစ်ဆင့်ခံ၍ နယ်စပ်ဖြတ်ကျော် ရောက်ရှိလာသည့် ဖြစ်စဉ်များက အများစုဖြစ်ကြောင်း သိရသည်။

နယ်မြေစစ်ဆေးရှင်းလင်း

နိုင်ငံတော် အစိုးရအနေဖြင့် အွန်လိုင်းအသုံးပြု လိမ်လည်မှု (Online Scam)နှင့် အွန်လိုင်း လောင်းကစားမှု (Online Gambling) လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက်သူများအားလုံးကို စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်လျက်ရှိသည့်အပြင် ကရင်ပြည်နယ်တွင်သာမက ရှမ်းပြည်နယ် အရှေ့မြောက်ဘက်နှင့်အရှေ့ဘက်တို့တွင်လည်း နယ်မြေစစ်ဆေး ရှင်းလင်းမှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

စစ်ဆေးဖော်ထုတ်

အဆိုပါ မြဝတီ-မဲ့ထော်သလေး နယ်မြေမှအွန်လိုင်းလောင်း ကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများအားစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် စုစုပေါင်း ပြည်ပနိုင်ငံသား ၁၀၇၆၂ ဦးကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်း နိုင်ခဲ့ကာ ယင်းတို့အနက်မှ ၉၄၀၃ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်း ပေးနိုင်ခဲ့​ကြောင်း၊ ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၃၅၉ ဦးကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း သိရသည်။

အောင်ဂျိုင်း

ဓာတ်ပုံ-မင်းမင်း

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။