KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံကိုးလုံး ထပ်မံဖြိုချဖျက်ဆီး၊ ရွှေကုက္ကိုလ်နယ်မြေအတွင်းမှ တရားမဝင်ပြည်ပနိုင်ငံသား ၁၉၅ ဦးတို့အား ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့

KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံကိုးလုံး ထပ်မံဖြိုချဖျက်ဆီး၊ ရွှေကုက္ကိုလ်နယ်မြေအတွင်းမှ တရားမဝင်ပြည်ပနိုင်ငံသား ၁၉၅ ဦးတို့အား ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့


Ministry of Information/ Naypyitaw / November 27, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၆

မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများကို အများဆုံးကျူးလွန်လျက်ရှိသည့် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်နယ်မြေ နှင့် KK Park နယ်မြေများသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့များဖြင့် ဝင်ရောက်ရှင်းလင်းခြင်း၊ တရားမဝင်အဆောက်အအုံများနှင့် အွန်လိုင်းလိမ်လည်မှုများတွင် အသုံးပြုခဲ့သည့် အသုံးအဆောင်ပစ္စည်းများအား စနစ်တကျ ဖြိုချဖျက်ဆီးခြင်း၊ တရားမဝင် ပြည်ပနိုင်ငံသားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူ ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းပေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့ကြသော အဆောက်အအုံများကို အပိုင်း(၃)ပိုင်းခွဲ၍ စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို နေ့စဉ်ဆောင်ရွက်လျက်သည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အပိုင်း (၃) နယ်မြေအတွင်း တရားမဝင်အဆောက်အအုံကိုးလုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် KK Park နယ်မြေအတွင်းရှိ အပိုင်း(၃)ပိုင်းတွင် တရားမဝင်အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံးရှိသည့် အနက် ၂၄၆ လုံးကို ဖြိုချဖျက်ဆီး ပြီးဖြစ်ကြောင်း သိရသည်။

အလားတူ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌လည်း ရှင်းလင်းဖော်ထုတ်မှုများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် အဆောက်အအုံ ၄၁ လုံးအတွင်း ထပ်မံစစ်ဆေးခဲ့ရာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းသုံး Computer၊ Mobile Phone နှင့် ဆက်စပ် ပစ္စည်းများကို တွေ့ရှိခြင်း မရှိကြောင်း သိရသည်။

ထို့ပြင် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ ရွှေကုက္ကိုလ်နယ်မြေ အတွင်း၌ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများ ကျူးလွန်ခဲ့ပြီး အဆောက်အအုံများ၊ လမ်းဆုံ လမ်းခွများ၌ ထွက်ပြေးတိမ်းရှောင် ပုန်းအောင်း နေထိုင်လျက်ရှိကြသည့် တရုတ်နိုင်ငံသား ၁၈၁ ဦး၊ မလေးရှားနိုင်ငံသား ခြောက်ဦး၊ ကင်ညာနိုင်ငံသား တစ်ဦး၊ ဖိလစ်ပိုင်နိုင်ငံသား နှစ်ဦး၊ ဆီးရီးယားလီယွန်နိုင်ငံသားနှစ် ဦး၊ မာလဝီနိုင်ငံသား တစ်ဦး၊ တရုတ်(တိုင်ပေ)မှ နှစ်ဦး စုစုပေါင်း ၁၉၅ ဦးတို့ကို ယနေ့တွင် ထပ်မံစစ်ဆေး ဖော်ထုတ်ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့သည်။

ထို့ကြောင့် ရွှေကုက္ကိုလ်နယ်မြေအတွင်း စုစုပေါင်းဖော်ထုတ် ရှင်းလင်းမှုများအရယနေ့အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၂၀၄၂ ဦးနှင့် အွန်လိုင်းလိမ်လည်လောင်းကစား မှုကျူးလွန်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၃၀၉၈ လုံး၊ မိုဘိုင်းဖုန်းအလုံး ၂၁၇၅၀ ၊ starlink ဗန်း ၁၀၂ လုံး၊ Router ၂၂ လုံးနှင့် လုပ်ငန်းသုံးပစ္စည်း အများအပြားကို စိစစ်တွေ့ရှိ ဖမ်းဆီးရမိခဲ့ပြီး သိမ်းဆည်းရမိပစ္စည်းများအား စနစ်တကျ ဖျက်ဆီးရှင်းလင်းခဲ့ကြောင်းနှင့် ဖော်ထုတ်ရှင်းလင်းခြင်းများကို ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် တရားမဝင် ပြည်ပနိုင်ငံသားများကို မြဝတီမြို့နယ် ပူလွဲပူကျေးရွာအုပ်စု ရွှေကုက္ကိုလ်မြိုင် ကျေးရွာအတွင်း လုံထင်းဝင်းရှိ အဆောက်အအုံ၌ ထိန်းသိမ်းထား ရှိပြီး တရားမဝင်ပြည်ပနိုင်ငံသား စစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ရာ ပြည်ပနိုင်ငံသား ၁၄၄ ဦးကို စစ်ဆေးနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည် လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေးအချက် အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်း လုပ်ငန်း များ ဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက် မှ ယနေ့အထိ မြန်မာနိုင်ငံအတွင်း သို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၂၈၈၂ ဦး ထိန်းသိမ်းနိုင်ခဲ့ကာ ၁၂၆၈၇ ဦးကို ပြည်နှင်နိုင်ရေးစစ်ဆေးခဲ့ပြီး ၎င်းတို့အနက်မှ ၁၀၀၂၉ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၈၅၃ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်း သိရသည်။

နိုင်ငံတော် အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစား မှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်း အင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။