KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံအားလုံး စနစ်တကျဖြိုချဖျက်ဆီးပြီးဖြစ်

KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံအားလုံး စနစ်တကျဖြိုချဖျက်ဆီးပြီးဖြစ်


Ministry of Information/ Naypyitaw / January 09, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၉

မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံး အခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိတရားမဝင် အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်း၍ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း KK အဖွဲ့စုံပါဝင်သည့် Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ ၂ လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ယနေ့တွင် မြဝတီ-မဲထော်သလေး (KK Park) အပိုင်း(၂) နယ်မြေအတွင်းရှိတရားမဝင် အဆောက်အအုံ ၆၂ လုံးရှိရာ ယနေ့တွင် နောက်ဆုံးကျန်ရှိသည့် တရားမဝင် ၄ ထပ်အဆောက်အအုံ ၂ လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့သည်။ သို့ဖြစ်၍ KK Park နယ်မြေ အတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုသည့် အပိုင်း (၁)နယ်မြေမှ တရားမဝင်အဆောက်အအုံ ၁၄၈ လုံး၊ အပိုင်း (၂) နယ်မြေမှ တရားမဝင်အဆောက်အအုံ ၆၂ လုံးနှင့် အပိုင်း(၃)နယ်မြေမှ တရားမဝင်အဆောက်အအုံ ၄၂၅ လုံး၊ စုစုပေါင်း ၆၃၅ လုံးတို့ကို ဖောက်ခွဲဖျက်ဆီး၍သော်လည်းကောင်း၊ ယာဉ်ယန္တရားများ အသုံးပြု၍သော်လည်းကောင်း ရာနှုန်းပြည့်ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ပြီးစီးခဲ့သည့် တရားမဝင်အဆောက်အအုံများကို အလုံးစုံပျက်စီးစေရန်အတွက် လေအိုးမီးအိုးဖြင့် ထပ်မံ ဖျက်ဆီးခြင်းများကိုလည်း ဒီဇင်ဘာ ၁၄ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ KK Park အပိုင်း (၃) နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံများအနက် ယနေ့တွင် ၂ ထပ် အဆောက်အအုံ ၅ လုံးကို ထပ်မံဖျက်ဆီးနိုင်ခဲ့သဖြင့် စုစုပေါင်း တရားမဝင် အဆောက် အအုံ ၁၂၁ လုံး တို့ကို ရာခိုင်နှုန်းပြည့် ဖျက်ဆီးပြီးဖြစ်ကြောင်းနှင့် ထပ်မံဖျက်ဆီးရန် ကျန်ရှိနေသည့် အဆောက်အအုံများကိုလည်း လေအိုးမီးအိုးများဖြင့် ဆက်လက်ဖျက်ဆီး သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်း နိုင်ငံအစိုးရများနှင့်လည်းပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။