KK Park နယ်မြေအတွင်း Online လိမ်လည်မှုနှင့် လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံများ ထပ်မံဖြိုချဖျက်ဆီးပြီး တရားမဝင်ပြည်ပနိုင်ငံသားများအား ထပ်မံဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့

KK Park နယ်မြေအတွင်း Online လိမ်လည်မှုနှင့် လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံများ ထပ်မံဖြိုချဖျက်ဆီးပြီး တရားမဝင်ပြည်ပနိုင်ငံသားများအား ထပ်မံဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့


Ministry of Information/ Naypyitaw / November 23, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၃

မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် online လိမ်လည်မှုများ၊ online လောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့များသည် Online လိမ်လည်လောင်းကစားမှုများကို အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် KK Park နယ်မြေအတွင်းရှိ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော တရားမဝင်အဆောက်အအုံများအား ဝင်ရောက်ရှာဖွေရှင်းလင်းခြင်း၊ ဖြိုချဖျက်ဆီးခြင်းများနှင့် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ Online လောင်းကစားမှုနှင့် လိမ်လည်မှုများ ကျူးလွန်ခဲ့သည့် ပြည်ပနိုင်ငံသားများကို ဖော်ထုတ်ထိန်းသိမ်းခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ မြဝတီ-မဲထော်သလေး (KK Park) နယ်မြေအတွင်း Online လိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုလျက်ရှိသည့် အဆောက်အအုံ ၆၃၅ လုံး ရှိသည့်အနက် ယနေ့တွင် ၁၁ လုံးကို ဆက်လက်ဖြိုချဖျက်ဆီးခဲ့ရာ ယနေ့အထိ တရားမဝင်အဆောက်အအုံ ၂၁၇ ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသေးသည့် တရားမဝင်အဆောက်အအုံများကို ဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိကြောင်း သိရှိရသည်။

အလားတူ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌လည်း ရှင်းလင်းဖော်ထုတ်မှုများကို နိုဝင်ဘာ ၁၈ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့ ၆ ရက်မြောက်နေ့တွင်လည်း ရွှေကုက္ကိုလ်နယ်မြေ၊ အဆောက်အအုံ ၃၃ လုံးအတွင်း ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ Online လိမ်လည်မှုနှင့် လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသူများကို တွေ့ရှိရခြင်းမရှိဘဲ ၎င်းတို့အသုံးပြုသည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ မိုဘိုင်းဖုန်းများကိုလည်း တစ်ပါတည်း ဖြုတ်သိမ်းယူဆောင်သွားကြောင်း သိရှိရသည်။

ထို့ပြင် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ Online လိမ်လည်မှုနှင့် လောင်းကစားမှုများ ကျူးလွန်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်ပုန်းအောင်းနေထိုင်လျက်ရှိကြသည့် တရုတ်နိုင်ငံသား ၆၅ ဦး၊ ဗီယက်နမ်နိုင်ငံသား ၈ ဦး၊ မလေးရှားနိုင်ငံသား ၁ ဦး၊ ကင်ညာနိုင်ငံသား ၁၃ ဦး၊ အီသီရိုးပီးယားနိုင်ငံသား ၄ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၆ ဦး၊ ယူဂန်ဒါနိုင်ငံသား ၆ ဦး၊ နီပေါနိုင်ငံသား ၁ ဦး၊ အိန္ဒိယနိုင်ငံသား ၂၀ ဦး၊ ဇင်ဘာဘွေနိုင်ငံသား ၁ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၇ ဦး၊ ရဝမ်ဒါနိုင်ငံသား ၂ ဦး၊ နိုင်ဂျီးဒီးယားနိုင်ငံသား ၃ ဦး၊ ထိုင်းနိုင်ငံသား ၅ ဦး၊ ကာဇက်စတန်နိုင်ငံသား ၁ ဦး၊ ဥဇဘတ်ကစ္စတန်နိုင်ငံသား ၁ ဦး၊ ဘီနင်နိုင်ငံသား ၁ ဦး၊ ဘူယွန်ဒီနိုင်ငံသား ၈ ဦး၊ တိုဂိုနိုင်ငံသား ၁ ဦး၊ စင်ကာပူနိုင်ငံသား ၁ ဦး၊ စုစုပေါင်း ၁၅၆ ဦးတို့ကို ယနေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။ ထို့ကြောင့် ရွှေကုက္ကိုလ်နယ်မြေအတွင်း စုစုပေါင်းဖော်ထုတ်ရှင်းလင်းမှုများအရ နိုဝင်ဘာ ၁၈ ရက်မှ ယနေ့အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၇၄၆ ဦးနှင့် Online လိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၂၈၉၃ လုံး၊ မိုဘိုင်းဖုန်း ၂၁၇၅၀ လုံး၊ star Link ဘန်း ၁၀၁ လုံး၊ Router ၂၁ လုံးနှင့် လုပ်ငန်းသုံးပစ္စည်းအများအပြားကို စိစစ်တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်းနှင့် ဖော်ထုတ် ရှင်းလင်းခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားများကို မြဝတီမြို့နယ်၊ ပူလွဲပူကျေးရွာအုပ်စု၊ ရွှေကုက္ကိုလ်မြိုင်ကျေးရွာအတွင်း လုံထင်းဝန်းရှိ အဆောက်အအုံ၌ ထိန်းသိမ်းထားရှိပြီး တရားမဝင်ပြည်ပနိုင်ငံသားစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးခဲ့ရာ ယနေ့တွင် ပြည်ပနိုင်ငံသား ၂၈၈ ဦးကို စစ်ဆေးနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ နိုဝင်ဘာလ ၂၃ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၂၅၈၆ ဦး ထိန်းသိမ်းနိုင်ခဲ့ကာ ၁၂၁၄၃ ဦးကို စစ်ဆေးခဲ့ပြီး ၎င်းတို့အနက်မှ ၉၉၇၈ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၆၀၈ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်း သိရှိရသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။