KNDF နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် သံဃာတော် ၁ ပါး ပျံလွန်တော်မူခဲ့ပြီး ၂ ပါး ထိခိုက်ဒဏ်ရာရရှိ

KNDF နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် သံဃာတော် ၁ ပါး ပျံလွန်တော်မူခဲ့ပြီး ၂ ပါး ထိခိုက်ဒဏ်ရာရရှိ


Ministry of Information/ Naypyitaw / November 30, 2024
image_latest


နေပြည်တော် နိုဝင်ဘာ ၃၀

ကယားပြည်နယ်၊ လွိုင်လင်လေးမြို့နယ်၊ ထီးစဲခါးကျေးရွာရှိ ထီးစဲခါးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာဝံသ အမှူးပြုသော သံဃာတော် ၅ ပါးသည် ယနေ့နံနက် ၈ နာရီခန့်တွင် ကျောင်းတိုက်၌ စေတီတော်အသစ်တည်ထားကိုးကွယ်ရန် လိုအပ်သည့်ပစ္စည်းများ ဝယ်ယူရန်အတွက် မန္တလေးမြို့သို့ မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် လွိုင်ကော်-ဆီဆိုင်သွားကားလမ်း၊ အောင်ကလပ်ကျေးရွာအနီးသို့အရောက်၌ KNDF နှင့် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် သံဃာတော်များဖြစ်ကြသည့် ဥူးပီညောဘာသ၊ ဥူးစန္ဒိမာနှင့် ဥူးပဏ္ဍိတတို့တွင် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ဥူးစန္ဒိမာသည် ရရှိခဲ့သည့် ဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်နှင့်တစ်ပြိုင်နက် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနေရာသို့ အမြန်ဆုံးသွားရောက်ပူးပေါင်းခဲ့ရာ အကြမ်းဖက်သမားများသည် ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ၎င်းတို့၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရသည့် ဆရာတော် ဥူးစန္ဒိမာ၏ ရုပ်ကလာပ်တော်အား လွိုင်ကော်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ပင့်ဆောင်ခဲ့ကြသည်။ ဆရာတော်၏ ရုပ်ကလာပ်တော်အား ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ဖူးမြော်ခဲ့ကြပြီး အန္တိမဈာပနပူဇာပြုလုပ်ရန်အတွက် တာဝန်ရှိသူများထံ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့အပြင် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြသည့် သံဃာတော် ၂ ပါးကိုလည်း တောင်ကြီးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ပင့်ဆောင်၍ လိုအပ်သည့်ဆေး ဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် တာဝန်ရှိသူများက သွားရောက်ဖူးမြော်၍ နဝကမ္မဝတ္ထုငွေ၊ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့အပေါ် လိုလားထောက်ခံခြင်းမရှိသော အပြစ်မဲ့ပြည်သူများကိုသာမက ကိုးကွယ်ယုံကြည်ရာဖြစ်သော ရဟန်းသံဃာများကိုပင် အကြောင်းအမျိုးမျိုးပြစွပ်စွဲ၍ သတ်ဖြတ်ခြင်းများကို ကျူးလွန်လျက်ရှိသည်။ ယခုကဲ့သို့ အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် လမ်းကြောင်းများပေါ်၌ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခြင်းများကို ကာကွယ်တားဆီးနိုင်ရေးအတွက် ဒေသခံပြည်သူများအနေဖြင့်လည်း အကြမ်းဖက်သမားများ၏ လှုပ်ရှားသွားလာမှုများနှင့် မသင်္ကာဖွယ်လှုပ်ရှားမှုများတွေ့ရှိရပါက သက်ဆိုင်ရာသို့ သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။


Posted on May 29, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။


Posted on May 28, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။


Posted on May 27, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 27, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Posted on May 26, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Posted on May 24, 2026
AnnouncementsExplore more >

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏...

Posted on May 29, 2026

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ရာထူးများအတွက် ကြော်ငြာခေါ်ယူခြင်း (ကြော်ငြာစာ အမှတ်၊ ၂/၂၀၂၆)

Posted on May 29, 2026

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ရာထူးများအတွက် ကြော်ငြာခေါ်ယူခြင်း (ကြော်ငြာစာ အမှတ်၊ ၂/၂၀၂၆)

ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေး နှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေး ကြေညာချက်

Posted on May 29, 2026

ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေး နှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေး ကြေညာချက်