KNLA နှင့် PDF အမည်ခံအကြမ်းဖက်သမားများက လပတ်ကျေးရွာရှိ အပြစ်မဲ့ပြည်သူများအား ဆင်ခြင်တုံတရားမဲ့စွာဖြင့် ယုတ်မာရက်စက် လူမဆန်စွာ လက်နက်ငယ်များ၊ တုတ်၊ ဓား များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခုတ်ဖြတ်ခဲ့မှုကြောင့် လူမမယ်ကလေးငယ်များနှင့် သက်ကြီးဘိုးဘွားများအပါအဝင် အပြစ်မဲ့ ပြည်သူ ၁၃ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိ

KNLA နှင့် PDF အမည်ခံအကြမ်းဖက်သမားများက လပတ်ကျေးရွာရှိ အပြစ်မဲ့ပြည်သူများအား ဆင်ခြင်တုံတရားမဲ့စွာဖြင့် ယုတ်မာရက်စက် လူမဆန်စွာ လက်နက်ငယ်များ၊ တုတ်၊ ဓား များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခုတ်ဖြတ်ခဲ့မှုကြောင့် လူမမယ်ကလေးငယ်များနှင့် သက်ကြီးဘိုးဘွားများအပါအဝင် အပြစ်မဲ့ ပြည်သူ ၁၃ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 27, 2025
image_latest


နေပြည်တော် ဇူလိုင် ၂၇

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီးမြို့၏ အနောက်ဘက်မီတာ ၄၀၀၀ ခန့်အကွာ လပတ်ကျေးရွာရှိ အပြစ်မဲ့ပြည်သူများအား KNLA နှင့် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များ၊ တုတ်၊ ဓားများဖြင့် အကြောင်းမဲ့ပစ်ခတ်ခုတ်ဖြတ်ခဲ့မှုကြောင့် လူမမယ်ကလေး ငယ်များနှင့် သက်ကြီးဘိုးဘွားများအပါအဝင် အပြစ်မဲ့ ပြည်သူ ၁၃ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်ဖြစ်ပွားမှုအား သိလျင်သိချင်း တပ်မတော်စစ်ကြောင်းများက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပြီး အဆိုပါကျေးရွာသို့သွားရောက်၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် ဇူလိုင်လ ၂၅ ရက် နံနက် ၁ နာရီခန့်တွင် ကျေးရွာ၏ အနောက်မြောက်ဘက်နှင့် အရှေ့ဘက်တို့မှ ဝင်ရောက်လာပြီး ကျေးရွာအတွင်းမှ လူမမယ်ကလေးငယ်များနှင့် သက်ကြီးဘိုးဘွားများအပါအဝင် အပြစ်မဲ့ရွာသူ၊ ရွာသားများအား လက်နက်ငယ်များဖြင့် ယုတ်မာရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ဓားများဖြင့် ခုတ်ဖြတ်သတ်ဖြတ်ခဲ့ကြောင်း၊ ထိုသို့သတ်ဖြတ်ခဲ့မှုကြောင့် အသက် ၁၀ လသားအရွယ် ကလေးငယ် ၁ ဦး၊ အသက် ၃ နှစ်အရွယ် ကလေးငယ် ၂ ဦး၊ အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့ပြီး အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ၁၅ ဦး ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သေဆုံးခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ရွာသူ၊ ရွာသားများက ထုံးတမ်းအစဉ်အလာများနှင့်အညီ ကောင်းမွန်စွာသင်္ဂြိုလ်ပေးခဲ့ပြီး ဒဏ်ရာရရှိခဲ့သူများအား နယ်မြေခံတပ်ဆေးခန်းသို့ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိရာ ယနေ့တွင် နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက်၍ ဆေးရုံတက်လူနာများအား အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်သည်။

KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသော အပြစ်မဲ့ရွာသူ၊ ရွာသားများအား ယခုကဲ့သို့ ဆင်ခြင်တုံတရားမဲ့စွာဖြင့် လူမဆန်စွာပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး အကြမ်းဖက်သမားများ၏ ဆင်ခြင်တုံတရားမဲ့စွာ ဥပဒေမဲ့လုပ်ဆောင်ခဲ့မှုအပေါ် ဒေသခံပြည်သူများက ဝိုင်းဝန်းကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သမားများအား ဖမ်းဆီးဖော်ထုတ်အရေးယူနိုင်ရေး လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများအား ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက် ၊ သြဂုတ် ၂ ရက်၊ စနေနေ့။


Posted on Aug 02, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက် ၊ သြဂုတ် ၁ ရက်၊ သောကြာနေ့။


Posted on Aug 01, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။


Posted on Jul 31, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 30, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။


Posted on Jul 29, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။


Posted on Jul 27, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Posted on Aug 2, 2025

နေပြည်တော် (တပ်ကုန်း) တွင် RCC (၈) ခန်းတွဲ (၃)ထပ် အမှုထမ်းအိမ်ရာ (၁)လုံး တည်ဆောက်ခြင်းအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Posted on Aug 2, 2025

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စက်ပစ္စည်းများဝယ်ယူရေးအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -