Microsoft Basic Excel & Microsoft Powerpoint (online) သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း
Microsoft Basic Excel & Microsoft Powerpoint (online) သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း
Office of the Auditor General of the Union/ NPT / November 21, 2025
Microsoft Basic Excel & Microsoft Powerpoint (online) သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ နေ့လည် ၁:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပုလဲခန်းမ၌ Hybridစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန် ဒေါ်ခိုင်ခိုင်အောင်က ယခုသင်တန်းသည် လူ့စွမ်းအားအရင်းအမြစ်တိုးတက်စေရန်၊ ပြောင်းလဲလာသောခေတ်စနစ်နှင့်အညီ နည်းပညာ အသုံးပြု၍ လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန်၊ IT Audit များ ပိုမိုဆောင်ရွက်လာနိုင်စေရန်နှင့် သင်ယူထားသည့် အသိ ပညာ၊ အတတ်ပညာများကို TOT အနေဖြင့် ပြန်လည်မျှဝေပေးနိုင်စေရန်အတွက် နည်းပညာ ဆိုင်ရာသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ နည်းပညာ ပိုင်းဆိုင်ရာ အထောက်အကူပြုသင်တန်းဖြစ်သည်နှင့်အညီ သင်တန်းတက်ရောက်သူများ အနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ခြင်း၊ စာရင်းဇယားများရေးဆွဲခြင်း၊ IT Audit စစ်ဆေး ရာတွင် Excel Formula များအသုံးပြု၍ ကိန်းဂဏန်းအချက်အလက်များတွက်ချက်ခြင်း၊ ခွဲခြမ်း စိတ်ဖြာခြင်း၊ ဆန်းစစ်လိုသည့် Data များကိုစိစစ်၍ ဖော်ထုတ်စစ်ဆေးနိုင်ခြင်း၊ Excel Data များအသုံးပြု၍ ရေးဆွဲထားသည့် စာရင်းဇယားများအား မြင်သာမှုရှိစေရန် Chart များ၊ Graphများဖြင့် ဖော်ပြ၍ တင်ပြနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်ပါကြောင်း၊ သင်တန်းမှပို့ချသည့် သင်ခန်းစာများကို စနစ်တကျလေ့လာပြီး ကျွမ်းကျင်တတ်မြောက်သည် အထိ ကြိုးစားသင်ယူကြရန်မှာကြားလိုပါကြောင်း၊ လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ကျင့်ဝတ်သိက္ခာများကို လိုက်နာကြရန်၊ ရှောင်ကြဉ်သင့်သည့် အပြုအမူများကိုလည်း ရှောင်ကြဉ်ကြရန်အရေးကြီးပါကြောင်း၊ သင်တန်းမှ ရရှိသည့်ပညာရပ်များဖြင့် မိမိအကျိုး၊ နိုင်ငံ့အကျိုးသယ်ပိုးဆောင်ရွက်နိုင်သည့် ဝန်ထမ်းကောင်းများ ဖြစ်စေရေးကြိုးစားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးများ၊ ဒေသစာရင်းစစ်ရုံး များ၊ နေပြည်တော်စာရင်းစစ်ရုံးနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးတို့မှ သင်တန်းသား (၅၇)ဦး တက်ရောက်မည်ဖြစ်ပြီး ၁၇-၁၁-၂၀၂၅ ရက်နေ့မှ ၂-၁၂-၂၀၂၅ ရက်နေ့အထိ (၁၂) ရက်ကြာ Online ဖြင့် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နည်းပညာဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သင်တန်းကထိက များက ပုလဲခန်းမတွင်လည်းကောင်း၊တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ဒေသစာရင်း စစ်ရုံးတို့မှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများက Online ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
