MSME ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်

MSME ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်


Ministry of Information/ Naypyitaw / February 10, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၉

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ဖေဖော်ဝါရီ ၈ ရက်မှ ၁၃ ရက်အထိ နေပြည်တော်ရင်ပြင်၌ ကျင်းပလျက်ရှိပြီး ပြပွဲကျင်းပနေစဉ်အတွင်း လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးပွဲ၊ ဝန်ကြီးဌာန၊ ပုဂ္ဂလိကဆွေးနွေးပွဲ၊ စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်မှု ဆွေးနွေးပွဲများကို ထည့်သွင်းကျင်းပလျက်ရှိသည်။

ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ယာယီကွပ်ကဲရေးရုံး၌ MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာန၊ ပုဂ္ဂလိက ဆွေးနွေးပွဲကို ကျင်းပရာ မန္တလေးတိုင်းဒေသကြီး MSME အေဂျင်စီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက ကော်ဖီထုတ်ကုန်ရောင်းချမှုဆိုင်ရာ သိကောင်းစရာများ၊ တနင်္သာရီတိုင်းဒေသကြီး MSME အေဂျင်စီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက ရေထွက်ကုန်ထုတ်လုပ်ရောင်းချမှုဆိုင်ရာများ၊ Super Seven Stars Co., Ltd. မှ ထုတ်လုပ်မှုဒါရိုက်တာ ဦးမြင့်ဝင်းနှင့် ဒါရိုက်တာ ဦးအောင်အောင်တို့က Solar Energy ၊ Solar Farm နှင့် ဆက်စပ်ပစ္စည်းဆိုင်ရာများ၊ စိုက်ပျိုးရေး ထွက်ကုန်များအား တန်ဖိုးမြှင့်ထုတ်လုပ်မှုအသုံးပြု စက်ပစ္စည်းဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် MSME လုပ်ငန်းရှင်များအား အသိပညာရရှိစေရေးအတွက် စက်မှုဝန်ကြီးဌာန အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်းမှ ဝါးမှ ချည်ချောထုတ်လုပ်နိုင်ရန် ဝါးအမျှင်သုတေသနပြုခြင်းနှင့် ဝါးအမျှင်စမ်းသပ်ထုတ်လုပ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ MSME ထုတ်ကုန်များ အရည်အသွေးပြည့်မီစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ထုတ်လုပ်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြပြီး စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း တက်ရောက်အားပေးသည်။

ရှင်းလင်းဖြေကြား

ဆွေးနွေးပွဲတွင် ဝါးမှချည်ချောထုတ်လုပ်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု၊ ဝါးမှ ချည်စမ်းသပ်ထုတ်လုပ်ခဲ့မှု၊ အစားအသောက်ထောက်ခံချက်နှင့် အစားအသောက်ထုတ်လုပ်သူများ လိုက်နာသင့်သည့် အချက်များနှင့် စပ်လျဉ်း၍ FDA လက်မှတ် ထုတ်ပေးခြင်းဆိုင်ရာများ၊ လျှောက်ထားပုံအဆင့်ဆင့်၊ လျှောက်ထားချက်ငွေပေးချေမှုဆိုင်ရာများ၊ လိုအပ်သော အချက်အလက်နှင့် သက်တမ်း၊ အစားအသောက်လုပ်ငန်းနေရာ ရွေးချယ်ခြင်း ဆိုင်ရာများ၊ ဘေးအန္တရာယ်ထိန်းချုပ်ခြင်းနှင့် သန့်ရှင်းရေးဆိုင်ရာများ၊ ဝန်ထမ်းသန့်ရှင်းရေးနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားသည်။

အားပေးကြည့်ရှု

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Business Matching ပြခန်းတွင် တိုင်းဒေသကြီး/ပြည်နယ်များမှ MSME လုပ်ငန်းရှင်များ၏ ထုတ်ကုန်များကို လုပ်ငန်းစတင်တည်ထောင်သည့် အချိန်မှစ၍ ပြည်တွင်းစျေးကွက်တွင် ရောင်းချခြင်း၊ ပြည်ပစျေးကွက်သို့ တင်ပို့ရောင်းချနိုင်သည်အထိ ဝန်ဆောင်မှုများ ပေးလျက်ရှိမှု၊ ပြပွဲကာလအတွင်း MSME စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများဖြစ်သည့် ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန်/ သွင်းကုန်လုပ်ငန်းရှင် လက်မှတ်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် FDA လက်မှတ်၊ မူပိုင်ခွင့်ဦးစီးဌာနတွင် ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းနှင့် အခြားဦးစီးဌာနများ၌ တင်သွင်း/ တင်ပို့မှုဆိုင်ရာ ထောက်ခံချက် ကိစ္စရပ်များကို ရှင်းလင်းဆောင်ရွက်ပေးသည့် ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့၊ MSME စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဒေသထုတ်ကုန်များကို ပြည်တွင်းရှိ လက်လီ/ လက်ကားဆိုင်များဖြစ်သည့် Macro ၊ City Mart ၊ One Stop Mart ၊ Aeron စသည်တို့တွင် ရောင်းချနိုင်ရေးအတွက် ဆောင်ရွက်ပေးသည့် ပြည်တွင်းစျေးကွက် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့၊ MSME စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းသစ်တစ်ခု စတင်တည်ထောင်ခြင်းနှင့် လုပ်ငန်းတိုးချဲ့ရေးဆောင်ရွက်ရာတွင် လိုအပ်သည့် ဘဏ္ဍာငွေကြေးနှင့် ချေးငွေရရှိနိုင်ရေးတို့အတွက် ပြည်တွင်းရှိ Bank များဖြစ်သည့် ကမ္ဘောဇဘဏ်၊ CB ဘဏ်၊ AYA ဘဏ်၊ SME Development ဘဏ်စသည့် ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသည့် ရင်းနှီးမတည်ငွေ ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့၊ MSME စီးပွားရေးလုပ်ငန်းရှင်များ၏ ထုတ်ကုန်များ ပြည်ပစျေးကွက်ဝင်ရောက်နိုင်ရေးအတွက် နိုင်ငံပေါင်း ၁၂ နိုင်ငံတွင်ရှိသည့် စီးပွားရေးသံမှူး ၁၆ ဦးတို့နှင့် ချိတ်ဆက်ဆောင်ရွက်ပေးသည့် ပြည်ပစျေးကွက်ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့တို့ဖြင့် ဝန်ဆောင်မှုများ ပေးလျက်ရှိသည့် အခြေအနေတို့ကို လှည့်လည်အားပေးကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Posted on Apr 04, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း