MSME များအား ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု၍ လုပ်ငန်းဖွံ့ဖြိုးမှုမြှင့်တင်ရေး အစီအစဉ်နည်းလမ်းများ အကောင်အထည်ဖော်မှုစတင်

MSME များအား ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု၍ လုပ်ငန်းဖွံ့ဖြိုးမှုမြှင့်တင်ရေး အစီအစဉ်နည်းလမ်းများ အကောင်အထည်ဖော်မှုစတင်


Ministry of Information/ Naypyitaw / December 15, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၄

MSMEs လုပ်ငန်းများ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု၍ လုပ်ငန်းဖွံ့ဖြိုးမှုမြှင့်တင်ရေးအစီအစဉ်ကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်းမ၌ကျင်းပရာ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း Virtual စနစ်ဖြင့် တက်ရောက်သည်။

အစီအစဉ်သို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ရှေ့နေချုပ်၊ တရားဥပဒေချုပ်၊ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ MSME လုပ်ငန်းရှင် ၂၀၀ ကျော် တက်ရောက်သည်။

ဦးစွာ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်သည့် “MSMEs Digital Accelerator Program – Ayeyarwady” အစီအစဉ်သည် လုပ်ငန်းရှင်များ၏ အမှန်တကယ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် စနစ်တကျစီမံဆောင်ရွက်မှုတစ်ခုပင်ဖြစ်ကြောင်း၊ ပြည်တွင်း၌သာမက နိုင်ငံတကာ အွန်လိုင်းဈေးကွက်များတွင် ဝင်ရောက်နိုင်စေရန် လုပ်ငန်းလိုအပ်ချက်များ၊ ဆန်းသစ်တီထွင်မှုစွမ်းရည်များ၊ ဒစ်ဂျစ်တယ်ပလက်ဖောင်းများ၊ အွန်လိုင်းစျေးကွက်သုံးစွဲနည်းစနစ်များ၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်များ၊ သယ်ယူပို့ဆောင်ရေးစနစ်များ၊ ဒစ်ဂျစ်တယ်အရောင်းမြှင့်တင်ရေးစနစ်များကို လက်တွေ့အခြေပြု ရှင်းလင်းဆွေးနွေးခြင်း၊ အကြံပြုခြင်း၊ လက်တွေ့ဆောင်ရွက်ပေးခြင်းတို့ဖြင့် ဧရာဝတီ MSME များကို ဒစ်ဂျစ်တယ်လမ်းပြမြေပုံတွင် တန်ဖိုးမြှင့်ဈေးကွက်များဆီသို့ လမ်းကြောင်းပေါ် တွန်းတင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း၊ တက်ရောက်လာကြသော MSME လုပ်ငန်းရှင်များအနေဖြင့် လက်တွေ့လုပ်ငန်းခွင်အတွင်း တွေ့ကြုံနေရသည့် ဈေးကွက်ဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာ၊ ဒစ်ဂျစ်တယ်အသုံးပြုမှုဆိုင်ရာ၊ စနစ်ထည့်သွင်း အကောင်အထည်ဖော်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများကို ပညာရှင်များနှင့် တိုက်ရိုက်မေးမြန်းဆွေးနွေးနိုင်သည့်အပြင် အကြံဉာဏ်များရယူခြင်း၊ လက်တွေ့ဆောင်ရွက်ပေးခြင်းတို့ ရရှိနိုင်သည့်အတွက် အလွန်တန်ဖိုးရှိသည့် အခြေအနေကို ရရှိခြင်းပင်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ယနေ့ကျင်းပပြုလုပ်သည့် “Ayeyarwady Digital Accelerator Program”သည် ဧရာဝတီတိုင်းဒေသကြီး MSME များအား ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု၍ လုပ်ငန်းဖွံ့ဖြိုးမှုမြှင့်တင်ရေး အစီအစဉ်နည်းလမ်းများ အကောင်အထည်ဖော်မှု စတင်ခြင်းပင်ဖြစ်ကြောင်း၊ ယခုအစီအစဉ်များနှင့်အတူ MSME များအတွက် လိုအပ်သည့် ဒစ်ဂျစ်တယ်စနစ်ပြသမှုများနှင့် MSME လုပ်ငန်းရှင်များကိုယ်တိုင်ပါဝင်ပြသမှု ၁၃ ခုပါဝင်သည့်အတွက် လုပ်ငန်းရှင်များကလည်း တက်ညီလက်ညီပူးပေါင်းပါဝင်၍ စဉ်ဆက်မပြတ် ချိတ်ဆက်ဆောင်ရွက်ခြင်းများ၊ ဆန်းသစ်တီထွင်မှုများဖြင့် ဒစ်ဂျစ်တယ်အခွင့်အလမ်းများကို ဖန်တီးဖော်ဆောင်ကြနိုင်ရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာ့စာတိုက်တို့မှ တာဝန်ရှိ သူများက သက်ဆိုင်ရာခေါင်းစဉ်အလိုက် ရှင်းလင်းဆွေးနွေးခြင်း၊ MSME များအတွက် လက်တွေ့နည်းကျ နည်းပညာလိုအပ်ချက် စစ်တမ်းကောက်ယူခြင်း၊ Website ရေးဆွဲပေးခြင်းနှင့် နည်းပညာအသုံးပြုမှုဆိုင်ရာ အကြံဉာဏ်များရယူခြင်းတို့ကို ဆောင်ရွက်ကြပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌက ဒစ်ဂျစ်တယ်အရောင်းမြှင့်တင်ရေးခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးကာ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။