Naypyitaw State Academy နှင့် Naypyitaw State Polytechnic University တို့တွင် “ဒို့အတူမဲပေးကြမယ်” အသိပညာပေး ပြည်သူလူထုလှုံ့ဆော်ရေး Campaign များ ဆောင်ရွက်
Naypyitaw State Academy နှင့် Naypyitaw State Polytechnic University တို့တွင် “ဒို့အတူမဲပေးကြမယ်” အသိပညာပေး ပြည်သူလူထုလှုံ့ဆော်ရေး Campaign များ ဆောင်ရွက်
Ministry of Information/ Naypyitaw / December 12, 2025
နေပြည်တော် ဒီဇင်ဘာ ၁၁
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်ရေး “ဒို့အတူမဲပေးကြမယ်” အသိပညာပေး ပြည်သူလူထုလှုံ့ဆော်ရေး Campaign ကို ယနေ့တွင် နေပြည်တော်ရှိ Naypyitaw State Academy နှင့် Naypyitaw State Polytechnic University တို့၌ ဆောင်ရွက်သည်။
နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ဆောင်ရွက်ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် Nay-pyitaw State Academy မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ကထိကများ၊ ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများ၊ တာဝန်ရှိသူများနှင့်အတူ တက် ရောက် အားပေးသည်။
ဦးစွာ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက “ဒို့အတူမဲပေးကြမယ်”၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့ အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့စသည့် အသိပညာပေးလက်ကမ်း စာစောင်များကိုလှုံ့ဆော်ရေး Campaign သို့ တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများအား ဖြန့်ဝေပေးသည်။
ထို့နောက် “ပြင်းထန်သည့် ငလျင်ဒဏ်ကိုကျော်ဖြတ်ကာ ပြန်လည်တည်ဆောက်ကြမည့် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့” နှင့် “ ရှေ့သို့ချီမည်ပန်းတိုင်ဆီ” မှတ်တမ်းဗီဒီယိုတို့ကို ပြသသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရွေးကောက်ပွဲနှင့်စပ်လျဉ်းသည့် အသိပညာများရရှိစေရန်ရည်ရွယ်၍ ယနေ့ Campaign ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ မကြာမီကျင်းပတော့ မည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် ကျောင်းသား ကျောင်းသူများနှင့်လည်း သက်ဆိုင်ပါကြောင်း၊ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားတိုင်း လာမည့်ရွေးကောက်ပွဲတွင် မဲပေးသင့်ပြီး မဲပေးရန်လည်း တာဝန်ရှိပါကြောင်း၊ ထို့ကြောင့် ပညာတတ်လူငယ်များဖြစ်သည်အားလျော်စွာ အသည်းကြားက မဲတစ်ပြားကို ပညာနှင့်နှိုင်းယှဉ်စဉ်းစားသုံးသပ်ပြီး ရွေးချယ်မဲပေးကြရန် အလေးအနက်တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသူများအတွက် MRTV DTH စလောင်း ၁၅ စုံ၊ DVB-T2 Set Top Box ၁၀ လုံးတို့ကို ကံစမ်းမဲဖောက်ပေးပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ခေတ်ပေါ်တီးဝိုင်းအဖွဲ့နှင့်အတူ နိုင်ငံကျော်အနုပညာရှင်များ၊ ဝန်ထမ်းများက ယိမ်းအကအလှများ၊ တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
မွန်းလွဲပိုင်းတွင် Naypyitaw State Polytechnic University ရှိ စုဝေးခန်းမ၌ ဆက်လက်ပြုလုပ်ရာ မှတ်တမ်းဗီဒီယိုများပြသပြီး ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားကာ တက်ရောက်လာကြသူများအတွက် MRTV DTH စလောင်းအစုံ ၃၀၊ DVB-T2 Set Top Box အလုံး ၂၀ တို့ကို ကံစမ်းမဲဖောက်ပေးသည်။
ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ခေတ်ပေါ်တီးဝိုင်းနှင့်အတူ နိုင်ငံကျော်အနုပညာရှင်များ၊ ဝန်ထမ်းများက ယိမ်းအကအလှများ၊ ကျောင်းသား ကျောင်းသူများက တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် Naypyitaw State Polytechnic University မှ ကျောင်းသား ကျောင်းသူများနှင့် ဝန်ထမ်းများအား “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးကြသည်။
ပြန်ကြားရေးဝန်ကြီးဌာနအနေ ဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလှုံ့ဆော်မှု Campaign များကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့ ဖော်ဆောင်နိုင်ရေးအတွက် “ဒို့အတူမဲပေးကြမယ်” အသိပညာပေး လူထုလှုံ့ဆော်မှုများကို နိုင်ငံတစ်ဝန်းလုံးတွင် ဆောင်ရွက်လျက်ရှိသည်။
သတင်းစဉ်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
