online လိမ်လည်လောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်နေသည့် KK Park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့အတွင်း အဖွဲ့စုံပါဝင်သည့်ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် ဆက်လက်ရှင်းလင်းဆောင်ရွက်

online လိမ်လည်လောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်နေသည့် KK Park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့အတွင်း အဖွဲ့စုံပါဝင်သည့်ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် ဆက်လက်ရှင်းလင်းဆောင်ရွက်


Ministry of Information/ Naypyitaw / November 19, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၉

မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် online လိမ်လည်မှုများ၊ online လောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ Online လိမ်လည်လောင်းကစားမှုများကို တိုက်ဖျက်လျက်ရှိရာတွင် မုလအိအလင်းကုမ္ပဏီနှင့်  Tran-Asia International Holding Group (Thailand) ကုမ္ပဏီလုပ်ငန်းစတင်ခဲ့သည့် မြဝတီ-မဲ့ထော်သလေး (KK Park) နယ်မြေအတွင်းသို့ အောက်တိုဘာလအတွင်းမှစ၍လည်းကောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် အကြောင်းပြ၍ စီမံကိန်းတစ်ရပ်အဖြစ် တည်ဆောက်ခဲ့ပြီး စီမံကိန်းလုပ်ငန်းများရပ်တန့်ထားသည့် ရွှေကုက္ကိုလ်နယ်မြေအတွင်းသို့ နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းမှစ၍လည်းကောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့များဖြင့် ဝင်ရောက်ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ဖော်ထုတ်ဖမ်းဆီးရမိသည့် Online လိမ်လည်လောင်းကစားမှုများ ကျူးလွန်ကြသူများကို လိုအပ်သည့်စိစစ်မှုများ ဆောင်ရွက်၍ သက် ဆိုင်ရာနိုင်ငံများသို့ စနစ်တကျပြန်လည်လွှဲပြောင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ Online လိမ်လည်လောင်းကစားမှုများ ယင်းဒေသတွင် လုံးဝပြန်လည်အခြေမချနိုင်စေရေး၊ ဒုစရိုက်လုပ်ငန်းများ ထပ်မံမလုပ်ဆောင်နိုင်စေရေးအတွက် ယင်းဒေသတွင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည့် အဆောက်အအုံများကိုလည်း အပြီးတိုင် ဖျက်ဆီးဖြိုချမှုများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ရာတွင် ယာဉ်ယန္တရားများဖြင့် စနစ်တကျ ဖြိုချဖျက်ဆီးခြင်း၊ အဆင့်မြင့်နည်းပညာသုံး ဖောက်ခွဲဖျက်ဆီးခြင်းနည်းပညာများ အသုံးပြု၍ စနစ်တကျဖောက်ခွဲဖျက်ဆီးခြင်းတို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။

ယနေ့ ညနေ ၆ နာရီအထိ မြဝတီ-မဲ့ထော်သလေး (KK Park) နယ်မြေအတွင်း Online လိမ်လည်လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုလျက်ရှိသည့် အဆောက်အဦများ ၆၃၅ လုံးရှိသည့်အနက် ၁၇၀ လုံးကို ဖြိုချဖျက်ဆီးပြီးစီးပြီဖြစ်ကြောင်းနှင့် ကျန်ရှိနေသေးသည့် အဆောက်အအုံ ၄၆၅ လုံးကို ဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိသည်။

အလားတူ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌လည်း ရှင်းလင်းဖော်ထုတ်မှုများကို ယမန်နေ့မှစ၍ စတင်ဆောင်ရွက်လျက်ရှိပြီး ယနေ့ဒုတိယနေ့အဖြစ်ရှင်းလင်းမှုများ ဆက်လက်ဆောင်ရွက်ခဲ့ရာ ညနေ ၆ နာရီအထိ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည့် အဆောက်အဦ ၁၃ လုံးအတွင်းမှ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသား ၁၈၄ ဦး၊ မလေးရှားနိုင်ငံသား ၃ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၁၄ ဦး၊ နီပေါနိုင်ငံသား ၂ ဦး၊ ထိုင်းနိုင်ငံသား ၆ ဦး၊ ဗီယက်နမ်နိုင်ငံသား ၇ ဦး၊ နိုင်ဂျီးရီးယားနိုင်ငံသား ၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၄၈ ဦး၊ စုစုပေါင်း ၂၆၅ ဦးနှင့် Online လိမ်လည်လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၂၃၃၉ လုံး၊ မိုဘိုင်းဖုန်း ၂၉၅၀ လုံး နှင့် လုပ်ငန်းသုံးပစ္စည်းအများအပြားကို စိစစ်တွေ့ရှိဖမ်းဆီးရမိခဲ့သည်။ သို့ဖြစ်၍ ရွှေကုက္ကိုလ်နယ်မြေအတွင်း စုစုပေါင်း ဖော်ထုတ်ရှင်းလင်းမှုများအရ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် စိစစ်ဆဲနိုင်ငံခြားသား ၆၁၁ ဦးနှင့် Online လိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၂၆၅၃ လုံး၊ မိုဘိုင်းဖုန်း ၁၉၆၅၀ လုံးနှင့် လုပ်ငန်းသုံးပစ္စည်းအများအပြားကို စိစစ်တွေ့ရှိဖမ်းဆီးရရှိခဲ့ပြီး ဖော်ထုတ်ရှင်းလင်းခြင်းများ ကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားများကို မြဝတီမြို့နယ်၊ ပူလွဲပူကျေးရွာအုပ်စု၊ ရွှေကုက္ကိုလ်မြိုင်ကျေးရွာအတွင်း လုံထင်းဝန်းရှိ အဆောက်အဦ၌ ထိန်းသိမ်းထားရှိပြီး တရားမဝင်ပြည်ပနိုင်ငံသား စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးခဲ့ရာ ပြည်ပနိုင်ငံသား ၂၀၀ ဦးကို စစ်ဆေးနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် Online လိမ်လည်လောင်းကစားမှုကျူးလွန်မှုများကို ပေါင်းစပ်ညှိနှိုင်း၍ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။