နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (၇၅) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (၇၅) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား


ကာကွယ်ရေးဝန်ကြီးဌာန/ နေပြည်တော် / December 12, 2023


             (၇၅) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနားကို ဒီဇင်ဘာလ ၁၀ ရက်တွင် နေပြည်တော်ရှိ   မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၁၌ ကျင်းပခဲ့ရနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

· မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး   အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး သဘောတူစာချုပ်မျာတွင် စာချုပ်ဝင်နိုင်ငံအဖြစ် ပါဝင်ချုပ်ဆိုခဲ့ပြီး အဆိုပါစာချုပများနှင့်ဆက်စပ်သည့် နောက်ဆက်တွဲစာချုပ်အချို့ကိုလည်ပါဝင်ချုပ်ဆိုကာ စာချုပ်ပါပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိကြောင်း။

· ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်အရေးတို့သညအပြန်အလှန် ပတ်သက်ဆက်နွှယ်မှုရှိနေကြောင်း၊ ငြိမ်းချမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရှိမှသာ လူသားများ အေးအေးချမ်ချမ်းနှင့် အဆင်ပြေပြေ အသက်ရှင်ရပ်တည်နိုင်မည်ဖြစ်ပြီလူမှုစီးပွားဘဝမြင့်မားကာ အခြေခံလူ့အခွင့်အရေးများကိုလည်း ပိုမိုရရှိခံစားနိုင်ကြမည်ဖြစ်ကြောင်း။

· နိုင်ငံသူနိုင်ငံသားများ အခြေခံအခွင့်အရေးများကို ခံစားရရှိပြီး လူမှုဘဝမြင့်မား တိုးတက်လာစေရေးအတွက် နိုင်ငံတစ်ဝန်းလုံးတွင် တည်ငြိမ်အေးချမ်းမှုရှိရေးသည် အဓိကျသည်ဖြစ်သည့်အတွက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စအနေဖြင့် နိုင်ငံအတွင်း ဆူပူအကြမ်းဖက်မှုများနှင့် မတညငြိမ်မှုများ လျော့နည်းပပျောက်ပြီး ငြိမ်းချမ်းမှုများရရှိအောင် အားထုတ်ကြိုးပမ်းလျက်ရှိကြောင်း။

· လူ့အခွင့်အရေးကို ရိုသေလေးစားကြရန်နှင့် အခြေခံလူ့အခွင့်အရေးများရရှိရန် မည်မျှပင် တိုက်တွန်းကြိုးပမ်းကြသော်လည်း တည်ငြိမ်အေးချမ်းမှု ပျောက်ဆုံးနေလျှင်၊ ဆူပူအကြမ်းဖက်မှုများ လက်နက်ကိုင်တိုက်ပွဲများဖြစ်နေမည်ဆိုလျှင် အဆိုပါဒေသများတွင် လူ့အခွင့်အရေးများသည်လည်း မှေးမှိန်အားနည်းနေမည်ကို သတိထားကြရမည်ဖြစ်ကြောင်း။

· မိမိတို့အစိုးရအနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် ဦးစားပေးဆောင်ရွက်နေသကဲ့သို့ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို အားပေးခြင်း၊ နိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ဖော်ဆောင်ပေးခြင်း၊ စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတကစေရန် ဖော်ဆောင်ခြင်းများ ကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း။

· မတူကွဲပြားမှုများစွာနှင့် ပေါင်းစည်းတည်ထောင်ထားသည့မိမိတို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း နေထိုင်ကသည့် တိုင်းရင်းသားပြည်သူများအနေဖြင့်လည်း တစ်ဦးနှင့်တစ်ဦး အချင်းချင်းအပြန်အလှန်လေးစားမှုနှင့် လူ့ဂုဏ်သိက္ခာကို အလေးထားကာ အခွင့်အရေးနှင့် လိုက်နာဆောင်ရွက်ရမည့်တာဝန်များကို သိမြင်ကျင့်သုံး ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများနှင့် ပုံနှိပ်ထုတ်ဝေဖြန့်ချိလျက်ရှိသော လူ့အခွင့်အရေးဆိုင်ရာ စာအုပ်စာတမ်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမြန်မာနိုင်ငံဆိုင်ရာ ပြည်ပသံရုံးများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

(မြဝတီသတင်းစာ ၁၁-၁၂-၂၀၂၃)

 

 


၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Posted on Mar 05, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 04, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Posted on Mar 03, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Posted on Mar 02, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 01, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Posted on Feb 28, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း

Posted on Mar 4, 2026

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်

Posted on Mar 3, 2026

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်