ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လစ်လပ်လျက်ရှိသောရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း

Latest News - 106534 items

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မင်းဘူးမြို့ ခရိုင်အားကစားကွင်းပြန်လည်ပြုပြင်နေမှုနှင့် ၂၀၂၆ ခုနှစ် မိုးရာသီ သစ်တောစိုက်ခင်းတည်ထောင်ရန်ပြင်ဆင်ထားမှုများအား ကွင်းဆင်းစစ်ဆေး

Ministry of Natural Resources & Environmental Conservation / Posted on April 02, 2026

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ ခရိုင်အားကစားကွင်းသို့ သွားရောက်၍ အားကစားကွင်းအား အဆင့်မြှင့်တင်ရန် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ခရိုင်အားကစားကွင်း အတွင်းပတ်လမ်းနှင့် အပြင်ပတ်လမ်း အုတ်ရေမြောင်း ၃၁၀၂ ပေ ဆောင်ရွက်နေမှုအား လှည်လည်ကြည့်ရှုစစ်ဆေးပြီး လျာထားချက်အတိုင်း အချိန်မီပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။

စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် မြေဩဇာများရရှိရေး အစည်းအဝေးကျင်းပ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား                                                      

Ministry of Information / Posted on April 01, 2026

စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများ လုံလောက်စွာရရှိရေးအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

မြန်မာ့မီးရထားအနေဖြင့် မဟာသင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန်အတွက် အထူးရထားများတိုးချဲ့ပြေးဆွဲပေးမည်

Ministry of Information / Posted on April 01, 2026

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် မဟာသင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန်အတွက် ပုံမှန်ပြေးဆွဲလျက်ရှိသည့် ရထားများအပြင် ရန်ကုန်-နေပြည်တော်-ရန်ကုန်၊ ရန်ကုန်-ပြည်-ရန်ကုန်နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန် ခရီးစဉ်များကို အထူးရထားများ တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ပါသည်။

Two Innocent Civilians, Including a Child, Injured by Landmine Planted by combined Group of KNU and so-called PDF Terrorists in Hpapun Township of Kayin State

Ministry of Home Affairs / Posted on April 01, 2026

In order to cause injuries to both peaceable civilians and administrative authorities who are striving to restore the rule of law, extreme terrorists provide financial assistance and instigate destructive activities, such as.........................

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ငွေကျပ် ၄၇၂ ဒသမ ၄ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

Ministry of Home Affairs / Posted on April 01, 2026

၂၀၂၆ ခုနှစ်၊ မတ် ၂၈ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊ (ဂ)ရပ်ကွက်၊ ၆၂ လမ်း၊ ၁၁၈ x ၁၁၉ လမ်းကြား၌ ..........................

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ငွေကျပ် ၂၀၀ ဒသမ ၇ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Ministry of Home Affairs / Posted on April 01, 2026

၂၀၂၆ ခုနှစ်၊ မတ် ၂၈ ရက် ည ၁၁ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီး၌ ............................

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လစ်လပ်လျက်ရှိသောရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း


Ministry of Cooperatives and Rural Development/ Naypyitaw / November 26, 2025


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နေပြည်တော်

လျှောက်လွှာခေါ်ယူခြင်း

၁။         သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တွင် အောက်ဖော်ပြပါ ရာထူးနေရာများ လစ်လပ်လျက်ရှိပါသည်-

            (က)     အငယ်တန်းအင်ဂျင်နီယာ-၃ ရာထူး                            (၃၃)နေရာ

                       (လစာနှုန်းကျပ်၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀)

            ( ခ )     အငယ်တန်းစာရေး                                                 (၁၀၀)နေရာ  

                       (လစာနှုန်းကျပ်၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)

            ( ဂ )    ဒု-လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး              (၅၀)နေရာ

                       (လစာနှုန်းကျပ်၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)

            (ဃ)     စာရင်းကိုင်-၄                                                        (၅၀)နေရာ

                       (လစာနှုန်းကျပ်၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)

            ( င )     အငယ်တန်းအင်ဂျင်နီယာ-၄ ရာထူး                            (၇)နေရာ

                       (လစာနှုန်းကျပ်၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)

၂။         လျှောက်ထားသူသည်-

(က)     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

( ခ )     အငယ်တန်းအင်ဂျင်နီယာ-၃ရာထူးအတွက် (၃၁-၁၂-၂၀၂၅) ရက်နေ့တွင် အသက် (၃၂)နှစ်နှင့် ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။

( ဂ )     အငယ်တန်းစာရေး၊ ဒု-လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး၊ စာရင်းကိုင်-၄ နှင့် အငယ်တန်းအင်ဂျင်နီယာ-၄ ရာထူးများအတွက် (၃၁-၁၂-၂၀၂၅) ရက်နေ့တွင် အသက်(၃၀)နှစ်ထက် မကျော်လွန်သူ၊ ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။

(ဃ)     အငယ်တန်းအင်ဂျင်နီယာ-၃ရာထူးအတွက် မြို့ပြအင်ဂျင်နီယာဆိုင်ရာဘွဲ့တစ်ခုခု ရရှိသူ ဖြစ်ရမည်။

( င )     အငယ်တန်းစာရေးရာထူးအတွက် ဘွဲ့တစ်ခုခုရရှိသူ ဖြစ်ရမည်။

( စ )     ဒု-လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးအတွက် ကွန်ပျူတာဆိုင်ရာ ဘွဲ့တစ်ခုခု (သို့မဟုတ်) ဘွဲ့တစ်ခုခုနှင့် ကွန်ပျူတာဆိုင်ရာဒီပလိုမာရရှိသူ  ဖြစ်ရ မည်။

(ဆ)     စာရင်းကိုင်-၄ ရာထူးအတွက် စာရင်းအင်းဆိုင်ရာ ဘွဲ့တစ်ခုခု (သို့မဟုတ်) ဘွဲ့တစ်ခုခုနှင့် စာရင်းအင်းဆိုင်ရာဒီပလိုမာရရှိသူ ဖြစ်ရမည်။

( ဇ )     အငယ်တန်းအင်ဂျင်နီယာ-၄ ရာထူးအတွက် မြို့ပြအင်ဂျင်နီယာဆိုင်ရာဘွဲ့/ ဒီပလိုမာ တစ်ခုခုရရှိသူဖြစ်ရမည်။

( ဈ )     ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

(ည)     ဌာနတွင် အနည်းဆုံး(၃)နှစ် ဒေသမရွေးတာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။    

( ဋ )    ဒေသခံများအားဦးစားပေးစဉ်းစားမည်၊ ဝေးလံဒေသများအတွက် အသက် သတ်မှတ် ချက်အား လျှော့ပေါ့စဉ်းစားမည်။    

( ဌ )     အခြားဝန်ထမ်းအဖွဲ့အစည်းများမှ လျှောက်ထားသူများသည် သက်ဆိုင်ရာဝန်ကြီး ဌာန နှင့် အဖွဲ့အစည်းအကြီးအမှူး၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားရမည်။

( ဍ )    အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် (Dismissal) သည့် ပြစ်ဒဏ်နှင့် ရာထူးမှထုတ်ပယ် (Removal) သည့်ပြစ်ဒဏ်ချမှတ်ခံထားရသူများ လျှောက်ထားခွင့် မရှိပါ။

၃။         တိုင်းဒေသကြီးပြည်နယ်အလိုက် ဝန်ထမ်းသစ်ဖြည့်တင်း ခန့်ထားမည့် ဒေသများအား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန Website www.mcrd.gov.mm နှင့် သက်ဆိုင်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးများတွင် ဖော်ပြကြော်ငြာထားမည်ဖြစ်ပါသည်။

၄။         လျှောက်လွှာတွင် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ မွေးသက္ကရာဇ်၊ လူမျိုး နှင့် ကိုးကွယ်သည့် ဘာသာ၊ ပညာအရည်အချင်းနှင့် အောင်မြင်သည့်ခုနှစ်၊ မိဘအမည်၊ နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်နှင့် ၎င်းတို့၏ အလုပ်အကိုင်၊ ဝန်ထမ်းဖြစ်လျှင် လက်ရှိရာထူး၊ လစာနှုန်းနှင့် ဌာနအမည်၊ ပြင်ပပုဂ္ဂိုလ်များအတွက် အလုပ်သမားမှတ်ပုံတင်အမှတ်၊ နေ့စွဲနှင့် အလုပ်သမား ရုံးအမည်၊ ဆက်သွယ်ရန်လိပ်စာ၊ ဆက်သွယ်ရန်တယ်လီဖုန်းနံပါတ်၊ အမြဲတမ်းလိပ်စာ အပြည့်အစုံ တို့ကို ဖော်ပြရမည်။

၅။         လျှောက်လွှာနှင့်အတူ အောက်ပါတို့ကို ပူးတွဲပေးပို့ရမည်-

            (က)    ဘွဲ့လက်မှတ်မိတ္တူ(မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)၊

            ( ခ )   အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ၊

                      (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)

            ( ဂ )   နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှု ကင်းရှင်းကြောင်းကို သက်ဆိုင်ရာရပ်ကွက်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထောက်ခံချက် မူရင်း၊ (လွန်ခဲ့သော(၁)လအတွင်း)

                     (ဝန်ထမ်းများ   အတွက်ကိုယ်တိုင်ဝန်ခံချက်၊ ဌာန ထောက်ခံချက်)

            (ဃ)    နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ၊

            ( င )   ကျန်းမာကြောင်းဆေးထောက်ခံစာ(လွန်ခဲ့သော (၁)ပတ်အတွင်း)၊

            ( စ )   ပတ်စ်ပို့ဓာတ်ပုံ(၃)ပုံ (လွန်ခဲ့သော(၁)လခန့်အတွင်း)။

၆။         သတ်မှတ်အရည်အချင်းနှင့်ပြည့်မီသူများသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)အတွက်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ရုံးအမှတ်(၃၆)(B)၊ ပြည်ထောင်စု  နယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီးပြည်နယ် ကျေးလက်ရုံးများနှင့် ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ်ကျေးလက်ရုံးများအတွက် သက်ဆိုင်ရာကျေးလက်ဦးစီးဌာနရုံးများသို့ (၃၁-၁၂-၂၀၂၅) ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာပေးပို့ရမည်။

၇။         နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် လျှောက်လွှာ(၁)စောင်ကို မိမိတာဝန်ထမ်းဆောင်ရသည့် ဌာန ထောက်ခံချက်ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ တစ်ဆင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)၊ နေပြည်တော်သို့ (၃၁-၁၂-၂၀၂၅) ရက်နေ့ နောက်ဆုံးထား၍ အရောက်ပေးပို့ရန်ဖြစ်ပါသည်။

(ကြိုတင်လျှောက်လွှာ(၁)စောင်ကိုရေးဖြေဖြေဆိုမည့်နေရာ၌ သတ်မှတ်လျှောက်လွှာပိတ်ရက်မတိုင်မီ တင်သွင်းရမည်။)

၈။         ရေးဖြေစာမေးပွဲကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပြုလုပ်မည်ဖြစ်ရာ ဖြေဆိုလိုသည့်တိုင်းဒေသကြီး/ပြည်နယ်အား လျှောက်လွှာတွင် ထင်ရှားစွာဖော်ပြရန်ဖြစ်ပါသည်။ စာမေးပွဲကျင်းပမည့် နေ့ရက်၊ နေရာနှင့်အချိန်တို့ကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးများတွင် ကြိုတင်ကြေညာ ပါမည်။

၉။      အရည်အချင်းသတ်မှတ်ချက်နှင့် မကိုက်ညီသူများ ၊ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်း အချက် အလက် မပြည့်စုံသူများနှင့် သတ်မှတ်ရက်ထက် နောက်ကျရောက်ရှိလာသော လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)၊ တယ်လီဖုန်းနံပါတ် ၊ ၀၆၇-၄၁၈၆၀၉၊ ၀၆၇-၄၁၈၆၁၂နှင့် တိုင်း ဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများသို့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။

 

တိုင်းဒေသကြီး/ပြည်နယ်ကျေးလက်များမှ ရုံးလိပ်စာနှင့် ဆက်သွယ်ရန်နံပါတ်များ

https://drive.google.com/file/d/1iCM5RCa1FDmThMpunXJdKlrpVS5lP-pA/view?usp=sharing

 

Form download link (1)

https://drive.google.com/file/d/1K64cPBxt1jqV6RCShwdIH5OqWdsIvufn/view?usp=sharing

 

Form download link (2)

https://drive.google.com/file/d/1xD9rTRdrFQ7AeZHN-CQ8lHPGB2bcb674/view?usp=sharing