ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လစ်လပ်လျက်ရှိသောရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း

Latest News - 100589 items

KK Park အပိုင်း(၃) နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၇ လုံး ထပ်မံဖြိုချဖျက်ဆီး၊ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများ လုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ ၆၄ လုံးအား ချိတ်ပိတ်သိမ်းဆည်း

Ministry of Information / Posted on November 28, 2025

မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့များဖြင့် တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းစဉ်များတွင်အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၆၇ ဦးနှင့် အမျိုးသမီး ၁၆ ဦး၊ ပေါင်း ၈၃ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်

Ministry of Information / Posted on November 28, 2025

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၆၇ ဦးနှင့် အမျိုးသမီး ၁၆ ဦး၊ ပေါင်း ၈၃ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ယနေ့တွင် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံသို့ သွားရောက်ကြည့်ရှုစစ်ဆေး

Ministry of Information / Posted on November 28, 2025

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ် ဆည်တော်ကြီးကျေးရွာရှိ ဆည်တော်ကြီးရေလှောင်တမံအား ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာတို့နှင့်စပ်လျဉ်း၍ အသိပေးထုတ်ပြန်ကြေညာခြင်း

Ministry of Information / Posted on November 28, 2025

ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာတို့နှင့်စပ်လျဉ်း၍ အသိပေးထုတ်ပြန်ကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့အကြား နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးပွဲနှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲ ကျင်းပပြုလုပ်

Ministry of Information / Posted on November 28, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့အကြား နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် သမ္မတအိမ်တော်၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Aleksandr Lukashenko အား  ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆို၊ တွေ့ဆုံဆွေးနွေး

Ministry of Information / Posted on November 28, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိလာသော ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Aleksandr Lukashenko အား ယနေ့နံနက်ပိုင်းတွင် သမ္မတအိမ်တော် ဆင်ဖြူတော်ဆောင်ဧည့်ခန်းမ၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက် ၊ နိုဝင်ဘာ ၂၉ ရက်၊ စနေနေ့။


Posted on Nov 29, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။


Posted on Nov 28, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။


Posted on Nov 27, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 26, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။


Posted on Nov 25, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။


Posted on Nov 24, 2025

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လစ်လပ်လျက်ရှိသောရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း


Ministry of Cooperatives and Rural Development/ Naypyitaw / November 26, 2025


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နေပြည်တော်

လျှောက်လွှာခေါ်ယူခြင်း

၁။         သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တွင် အောက်ဖော်ပြပါ ရာထူးနေရာများ လစ်လပ်လျက်ရှိပါသည်-

            (က)     အငယ်တန်းအင်ဂျင်နီယာ-၃ ရာထူး                            (၃၃)နေရာ

                       (လစာနှုန်းကျပ်၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀)

            ( ခ )     အငယ်တန်းစာရေး                                                 (၁၀၀)နေရာ  

                       (လစာနှုန်းကျပ်၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)

            ( ဂ )    ဒု-လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး              (၅၀)နေရာ

                       (လစာနှုန်းကျပ်၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)

            (ဃ)     စာရင်းကိုင်-၄                                                        (၅၀)နေရာ

                       (လစာနှုန်းကျပ်၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)

            ( င )     အငယ်တန်းအင်ဂျင်နီယာ-၄ ရာထူး                            (၇)နေရာ

                       (လစာနှုန်းကျပ်၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)

၂။         လျှောက်ထားသူသည်-

(က)     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

( ခ )     အငယ်တန်းအင်ဂျင်နီယာ-၃ရာထူးအတွက် (၃၁-၁၂-၂၀၂၅) ရက်နေ့တွင် အသက် (၃၂)နှစ်နှင့် ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။

( ဂ )     အငယ်တန်းစာရေး၊ ဒု-လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး၊ စာရင်းကိုင်-၄ နှင့် အငယ်တန်းအင်ဂျင်နီယာ-၄ ရာထူးများအတွက် (၃၁-၁၂-၂၀၂၅) ရက်နေ့တွင် အသက်(၃၀)နှစ်ထက် မကျော်လွန်သူ၊ ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။

(ဃ)     အငယ်တန်းအင်ဂျင်နီယာ-၃ရာထူးအတွက် မြို့ပြအင်ဂျင်နီယာဆိုင်ရာဘွဲ့တစ်ခုခု ရရှိသူ ဖြစ်ရမည်။

( င )     အငယ်တန်းစာရေးရာထူးအတွက် ဘွဲ့တစ်ခုခုရရှိသူ ဖြစ်ရမည်။

( စ )     ဒု-လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးအတွက် ကွန်ပျူတာဆိုင်ရာ ဘွဲ့တစ်ခုခု (သို့မဟုတ်) ဘွဲ့တစ်ခုခုနှင့် ကွန်ပျူတာဆိုင်ရာဒီပလိုမာရရှိသူ  ဖြစ်ရ မည်။

(ဆ)     စာရင်းကိုင်-၄ ရာထူးအတွက် စာရင်းအင်းဆိုင်ရာ ဘွဲ့တစ်ခုခု (သို့မဟုတ်) ဘွဲ့တစ်ခုခုနှင့် စာရင်းအင်းဆိုင်ရာဒီပလိုမာရရှိသူ ဖြစ်ရမည်။

( ဇ )     အငယ်တန်းအင်ဂျင်နီယာ-၄ ရာထူးအတွက် မြို့ပြအင်ဂျင်နီယာဆိုင်ရာဘွဲ့/ ဒီပလိုမာ တစ်ခုခုရရှိသူဖြစ်ရမည်။

( ဈ )     ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

(ည)     ဌာနတွင် အနည်းဆုံး(၃)နှစ် ဒေသမရွေးတာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။    

( ဋ )    ဒေသခံများအားဦးစားပေးစဉ်းစားမည်၊ ဝေးလံဒေသများအတွက် အသက် သတ်မှတ် ချက်အား လျှော့ပေါ့စဉ်းစားမည်။    

( ဌ )     အခြားဝန်ထမ်းအဖွဲ့အစည်းများမှ လျှောက်ထားသူများသည် သက်ဆိုင်ရာဝန်ကြီး ဌာန နှင့် အဖွဲ့အစည်းအကြီးအမှူး၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားရမည်။

( ဍ )    အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် (Dismissal) သည့် ပြစ်ဒဏ်နှင့် ရာထူးမှထုတ်ပယ် (Removal) သည့်ပြစ်ဒဏ်ချမှတ်ခံထားရသူများ လျှောက်ထားခွင့် မရှိပါ။

၃။         တိုင်းဒေသကြီးပြည်နယ်အလိုက် ဝန်ထမ်းသစ်ဖြည့်တင်း ခန့်ထားမည့် ဒေသများအား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန Website www.mcrd.gov.mm နှင့် သက်ဆိုင်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးများတွင် ဖော်ပြကြော်ငြာထားမည်ဖြစ်ပါသည်။

၄။         လျှောက်လွှာတွင် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ မွေးသက္ကရာဇ်၊ လူမျိုး နှင့် ကိုးကွယ်သည့် ဘာသာ၊ ပညာအရည်အချင်းနှင့် အောင်မြင်သည့်ခုနှစ်၊ မိဘအမည်၊ နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်နှင့် ၎င်းတို့၏ အလုပ်အကိုင်၊ ဝန်ထမ်းဖြစ်လျှင် လက်ရှိရာထူး၊ လစာနှုန်းနှင့် ဌာနအမည်၊ ပြင်ပပုဂ္ဂိုလ်များအတွက် အလုပ်သမားမှတ်ပုံတင်အမှတ်၊ နေ့စွဲနှင့် အလုပ်သမား ရုံးအမည်၊ ဆက်သွယ်ရန်လိပ်စာ၊ ဆက်သွယ်ရန်တယ်လီဖုန်းနံပါတ်၊ အမြဲတမ်းလိပ်စာ အပြည့်အစုံ တို့ကို ဖော်ပြရမည်။

၅။         လျှောက်လွှာနှင့်အတူ အောက်ပါတို့ကို ပူးတွဲပေးပို့ရမည်-

            (က)    ဘွဲ့လက်မှတ်မိတ္တူ(မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)၊

            ( ခ )   အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ၊

                      (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)

            ( ဂ )   နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှု ကင်းရှင်းကြောင်းကို သက်ဆိုင်ရာရပ်ကွက်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထောက်ခံချက် မူရင်း၊ (လွန်ခဲ့သော(၁)လအတွင်း)

                     (ဝန်ထမ်းများ   အတွက်ကိုယ်တိုင်ဝန်ခံချက်၊ ဌာန ထောက်ခံချက်)

            (ဃ)    နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ၊

            ( င )   ကျန်းမာကြောင်းဆေးထောက်ခံစာ(လွန်ခဲ့သော (၁)ပတ်အတွင်း)၊

            ( စ )   ပတ်စ်ပို့ဓာတ်ပုံ(၃)ပုံ (လွန်ခဲ့သော(၁)လခန့်အတွင်း)။

၆။         သတ်မှတ်အရည်အချင်းနှင့်ပြည့်မီသူများသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)အတွက်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ရုံးအမှတ်(၃၆)(B)၊ ပြည်ထောင်စု  နယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီးပြည်နယ် ကျေးလက်ရုံးများနှင့် ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ်ကျေးလက်ရုံးများအတွက် သက်ဆိုင်ရာကျေးလက်ဦးစီးဌာနရုံးများသို့ (၃၁-၁၂-၂၀၂၅) ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာပေးပို့ရမည်။

၇။         နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် လျှောက်လွှာ(၁)စောင်ကို မိမိတာဝန်ထမ်းဆောင်ရသည့် ဌာန ထောက်ခံချက်ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ တစ်ဆင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)၊ နေပြည်တော်သို့ (၃၁-၁၂-၂၀၂၅) ရက်နေ့ နောက်ဆုံးထား၍ အရောက်ပေးပို့ရန်ဖြစ်ပါသည်။

(ကြိုတင်လျှောက်လွှာ(၁)စောင်ကိုရေးဖြေဖြေဆိုမည့်နေရာ၌ သတ်မှတ်လျှောက်လွှာပိတ်ရက်မတိုင်မီ တင်သွင်းရမည်။)

၈။         ရေးဖြေစာမေးပွဲကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပြုလုပ်မည်ဖြစ်ရာ ဖြေဆိုလိုသည့်တိုင်းဒေသကြီး/ပြည်နယ်အား လျှောက်လွှာတွင် ထင်ရှားစွာဖော်ပြရန်ဖြစ်ပါသည်။ စာမေးပွဲကျင်းပမည့် နေ့ရက်၊ နေရာနှင့်အချိန်တို့ကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးများတွင် ကြိုတင်ကြေညာ ပါမည်။

၉။      အရည်အချင်းသတ်မှတ်ချက်နှင့် မကိုက်ညီသူများ ၊ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်း အချက် အလက် မပြည့်စုံသူများနှင့် သတ်မှတ်ရက်ထက် နောက်ကျရောက်ရှိလာသော လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)၊ တယ်လီဖုန်းနံပါတ် ၊ ၀၆၇-၄၁၈၆၀၉၊ ၀၆၇-၄၁၈၆၁၂နှင့် တိုင်း ဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများသို့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။

 

တိုင်းဒေသကြီး/ပြည်နယ်ကျေးလက်များမှ ရုံးလိပ်စာနှင့် ဆက်သွယ်ရန်နံပါတ်များ

https://drive.google.com/file/d/1iCM5RCa1FDmThMpunXJdKlrpVS5lP-pA/view?usp=sharing

 

Form download link (1)

https://drive.google.com/file/d/1K64cPBxt1jqV6RCShwdIH5OqWdsIvufn/view?usp=sharing

 

Form download link (2)

https://drive.google.com/file/d/1xD9rTRdrFQ7AeZHN-CQ8lHPGB2bcb674/view?usp=sharing

 

HOT NEWS
January 4,