စာမေးပွဲဖြေဆိုရန်အသိပေးကြော်ငြာခြင်း
Latest News - 103136 items
Ministry of Information / Posted on January 15, 2026
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် ယနေ့နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့ တပ်နယ်ခန်းမ၌ ဟုမ္မလင်းတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားသည်။
Ministry of Information / Posted on January 15, 2026
လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁) (MICC-I) ၌ သုံးရက်တာ ကျင်းပလျက်ရှိပြီး ဖိုရမ်အတွင်း လူငယ်များ၏ စုပေါင်းဆွေးနွေးမှုများမှ ရရှိလာမည့်အမြင်သဘော ထားများ၊ အကြံပြုချက်များကို အနာဂတ်နိုင်ငံရေးအခင်းအကျင်းတွင် ထည့်သွင်းဆောင်ရွက်သွား နိုင်ရန်ရည်ရွယ်သည်။
Ministry of Information / Posted on January 15, 2026
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကျင်းပသည့် (၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး အာဂုံ/ ရေးဖြေစာမေးပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပလျက်ရှိသည်။
Ayeyarwaddy Region Government / Posted on January 15, 2026
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ထန်းကျွန်းဆိပ်သာအုပ်စုအတွင်းရှိ အမှတ်(၁၈)မြောင်း အပိုင်း(၂)တူးဖော်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်၊ ထန်းကျွန်းဆိပ်သာအုပ်စုအတွင်းရှိ အမှတ်(၁၈)မြောင်း အပိုင်း(၂)တူးဖော်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး
Ministry of Information / Posted on January 15, 2026
ပြည်ထောင်စုမြန်မာနိုင်ငံတော် နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ပြီးနောက် တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်မှုအင်အားနှင့် စွန့်လွှတ်စွန့်စား ရင်းနှီးပေးဆပ်မှုများစွာဖြင့် လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ခဲ့သည်။ လွတ်လပ် ရေးရပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံဖြစ်လာခဲ့သော်လည်း စည်းလုံး ညီညွတ်မှုနှင့် တည်ငြိမ်အေးချမ်းမှုအားနည်းခဲ့သောကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးပြီး အခက်အခဲများစွာဖြင့် သံသရာလည်နေသည်ကို သတိပြုမိ ကြရမည်ဖြစ်သည်။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။
Posted on Jan 15, 2026
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Jan 14, 2026
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။
Posted on Jan 12, 2026
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
Posted on Jan 11, 2026
စာမေးပွဲဖြေဆိုရန်အသိပေးကြော်ငြာခြင်း
Ministry of Cooperatives and Rural Development/ Naypyitaw / January 15, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
နေပြည်တော်
စာမေးပွဲဖြေဆိုရန်အသိပေးကြော်ငြာခြင်း
၁။ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၆-၁၁-၂၀၂၅ ရက်နေ့ထုတ် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် ခေါ်ယူထားသည့် အငယ်တန်းအင်ဂျင်နီယာ-၃(မြို့ပြ)၊ အငယ်တန်းစာရေး၊ အငယ်တန်းအင်ဂျင်နီယာ-၄ (မြို့ပြ)၊ ဒု-လ/ထကွန်ပျူတာလုပ်ဆောင်ရေးမှူးနှင့် စာရင်းကိုင်-၄ ရာထူးနေရာများအတွက် အရည်အချင်း စစ်ရေးဖြေစာမေးပွဲများကို အောက်ပါအစီအစဉ်အတိုင်းကျင်းပသွားမည် ဖြစ်ပါသည်-
(က) စာမေးပွဲဖြေဆိုရမည့်ရက် - ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်(စနေနေ့)
( ခ ) ရေးဖြေစစ်ဆေးခြင်း - နံနက်(၈:၃၀)နာရီမှ (၁၁:၃၀)နာရီအထိ
မြန်မာစာ + အင်္ဂလိပ်စာ + အထွေထွေဗဟုသုတ
( ဂ ) လူတွေ့စစ်ဆေးခြင်း - နေ့လည်(၁၂:၃၀)နာရီ
၂။ စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားများကို ၂၂-၁-၂၀၂၆ ရက်နေ့မှစ၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အလိုက် စာမေးပွဲဖြေဆိုရမည့် စာစစ်ဌာနတည်ရှိရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးများတွင် ရုံးချိန်အတွင်း ထုတ်ပေးမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲနှင့် လူတွေ့စစ်ဆေးခြင်း ခံယူရန်အတွက် လျှောက်လွှာတင်သွင်းထားသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး များတွင် ဆက်သွယ်စုံစမ်းရန်ဖြစ်ပါသည်။
၃။ စာမေးပွဲဝင်ရောက်ဖြေဆိုမည့်သူများသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်၊ နံနက် (၈:၀၀)နာရီ အရောက် ဖြေဆိုရမည့်စာစစ်ဌာနများသို့ နိုင်ငံသားစိစစ်ရေးကဒ်ပြားမူရင်း၊ ဖြေဆိုခွင့် ကဒ်ပြားနှင့်အတူလာရောက်သတင်းပို့ရန်နှင့် စာမေးပွဲခန်းမအတွင်းသို့အချိန်နောက်ကျရောက်ရှိ လာသူများအား စာမေးပွဲဖြေဆိုခွင့်ပြုမည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
