ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ အသိပေးကြေညာချက်
Latest News - 95246 items

Ministry of Hotel & Tourism / Posted on August 07, 2025

Ministry of Information / Posted on August 07, 2025
ကယားပြည်နယ်အတွင်း နယ်မြေဒေသ ပြန်လည်တည်ငြိမ်အေးချမ်းလာပြီး လွိုင်ကော်စက်မှုဇုန်ရှိ စက်မှုလုပ်ငန်းများ စတင်လည်ပတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်စက်မှုဇုန်၌ စက်မှုလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ လုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နိုင်ရေး ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

Ministry of Information / Posted on August 07, 2025
နေပြည်တော်ကောင်စီနယ်မြေ (၈) မြို့နယ်ရှိ နွေစပါးစိုက်တောင်သူများအတွက် ပန်းတိုင်အထွက်နှုန်းရရှိရေးကို ဦးတည်၍ စပါးအထွက်နှုန်း ကွာဟချက်များကို ဆန်းစစ်လေ့လာခြင်း သုတေသနစစ်တမ်းကောက်ယူခြင်းကို စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

Ministry of Information / Posted on August 07, 2025
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးသည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးနေလင်းအား အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။

Ministry of Information / Posted on August 07, 2025
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ဆေးနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။
ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ အသိပေးကြေညာချက်
Ministry of Information/ Naypyitaw / August 07, 2025

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့က အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(ဂ)ကို ကျင့်သုံး၍ အပ်နှင်းသောအမိန့်အရ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့် အမိန့်အမှတ် (၃၂/၂၀၂၄) ကို ၁၃-၃-၂၀၂၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်းနှင့် စိစစ်ခွင့်ပြုခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့် ပြသခြင်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်ရယူထားသူသည် အမိန့်အမှတ်(၃၂/၂၀၂၄)အရ မိမိတို့လွှင့်တင်မည့် Content များအား စိစစ်ရေးအဖွဲ့ထံသို့ ဦးစွာတင်ပြခွင့်ပြုချက်ရယူရမည်ဖြစ်ပါသည်။
သို့ရာတွင် ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်ရယူထားသော AWS+ နှင့် cmapp.tv တို့သည် စိစစ်ရေးအဖွဲ့သို့ တင်ပြထားခြင်းမရှိသော ရုပ်ရှင်ဇာတ်ကားများကို ၎င်းတို့၏အက်ပလီကေးရှင်းများတွင် လွှင့်တင်ထားရှိကြောင်း စိစစ်တွေ့ရှိရပါသည်။
ထို့အတွက် AWS+ နှင့် cmapp.tv တို့ကို စည်းမျဉ်းစည်းကမ်းများ မလိုက်နာသဖြင့် ၎င်းတို့၏ လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်ကို အမြဲတမ်းရုပ်သိမ်းထားပြီး တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်ရယူပြီးသူများအနေဖြင့် မိမိတို့လွှင့်တင်သည့် Content များကို စိစစ်ရေးအဖွဲ့ထံ တင်ပြနိုင်ရေးနှင့် လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်ရယူထားခြင်းမရှိသောသူများအနေဖြင့်လည်း ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်လျှောက်ထားရယူရမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန