တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
Latest News - 99601 items
Ministry of Information / Posted on November 09, 2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် မြန်မာ့စီးပွားရေးဘဏ်ခွဲ ပြန်လည်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင်ကျင်းပရာ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ တက်ရောက်သည်။
Ministry of Information / Posted on November 09, 2025
ကျွန်တော်တို့ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက် ရေးပါတီဟာ (၆.၁၁.၂၀၁၂) ခုနှစ်မှာ တောင်သူလယ်သမားကြီး (၂၁) ဦးနဲ့ စတင်ထူထောင်လာခဲ့တဲ့ပါတီဖြစ်ပါတယ်။ ကျွန်တော်တို့ ဖွဲ့စည်းထူထောင်စဉ်က နိုင်ငံရေးလုပ်ငန်းစဉ်များ၊ ပါတီတစ်ခုရဲ့ လုပ်ငန်းတာဝန်များကို ကျွမ်းကျင်လို့ ထူထောင်ခဲ့ခြင်း မဟုတ်ပါဘူး။ ရင်ထဲမှာဒို့တောင်သူလယ်သမားတွေရဲ့ ဘဝအမှန်ကို တိုင်းသိ ပြည်သိ ကမ္ဘာသိအောင် လွှတ်တော်ထဲ အရောက်သွားပြီး တင်ပြနိုင်ဖို့နဲ့ ပြောပိုင်ခွင့်သာရှိတဲ့ တောင်သူလယ် သမားဘဝကနေလုပ်ပိုင်ခွင့်ရှိတဲ့ တောင်သူလယ်သမားတွေရဲ့ ပါတီဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဖွဲ့စည်းထူထောင်ခဲ့ခြင်း ဖြစ်ပါတယ်။
Ministry of Information / Posted on November 09, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော်ကောင်စီတိုင်းဒေသကြီး/ ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များနှင့် အကောက်ခွန်ဦးစီးဌာနတို့မှတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကိုထိရောက်စွာဆောင်ရွက်လျက်ရှိရာ တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများကြောင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်း သတင်းမှန် (၄၉)ကြိမ်ရရှိခဲ့ပြီး သတင်းရရှိမှုကြောင့် ဖမ်းဆီးရမိ အမှုတွဲ ၁၁၉ မှု၊ ဖမ်းဆီးရမိမှုခန့်မှန်းတန်ဖိုးငွေကျပ်သန်း ၆၄၇၇ ဒသမ ၁၂၀ နှင့် တရားမဝင်ကုန်စည်များ တင်ဆောင် လာသည့် မော်တော်ယာဉ်များ အပါအဝင် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့်လိုင်စင်မဲ့ မော်တော်ဆိုင် ကယ်များ ဖမ်းဆီးရမိခဲ့သည်။
Ministry of Information / Posted on November 09, 2025
မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့ မဲ့ထော် သလေး KK Park နယ်မြေများတွင် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများနှင့် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပ နိုင်ငံသားများကို စစ်ဆေးဖော်ထုတ်ကာ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်း ပေးအပ်လျက်ရှိသည့်အပြင် ယင်းတို့ စုဖွဲ့နေထိုင်ခဲ့ကြ သည့် KK Park အတွင်းရှိ အဆောက်အအုံများကို ဖျက်ဆီး ရှင်းလင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်သည်။
Ministry of Information / Posted on November 09, 2025
စစ်မှုထမ်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများအလုပ် အကိုင်ရရှိရေးအတွက်တာဝန် ထမ်းဆောင်ပြီးချိန်တွင် ၎င်းတို့ဆန္ဒပြုသော အလုပ်အကိုင်များကို သတ်မှတ်ချက်များနှင့်အညီ ခန့်ထားပေးနိုင်ရေးအတွက် ပြည်ပအလုပ်အကိုင် ခန့်အပ်ပေးနိုင်ရေး လုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယမန်နေ့က အလုပ်သမားဝန်ကြီးဌာန ယာယီအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Ministry of Information / Posted on November 09, 2025
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်တောင်ကြီးမြို့ရှိ အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်)သို့ ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမ၌ ညွှန်ကြား ရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာ၊ စက်ရုံမှူး၊ ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)တို့မှ အရာထမ်း၊ အမှုထမ်းများ၊ စက်ရုံတည်ဆောက်ရေး စီမံကိန်းအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။
Posted on Nov 09, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။
Posted on Nov 08, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။
Posted on Nov 07, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။
Posted on Nov 06, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Nov 05, 2025
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
Ministry of Transport and Communications/ Naypyitaw / November 08, 2025
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ဂြိုဟ်တုဆက်သွယ်ရေးဌာနခွဲမှ နိုင်ငံပိုင်သတင်းစာများနှင့် ဝန်ကြီးဌာန Website တို့တွင် ကြော်ငြာ၍ ဖိတ်ခေါ်ခဲ့သော အိတ်ဖွင့်တင်ဒါအမှတ်စဉ် ITCS - ၂/၂၀၂၅ (Lot-1) အတွက် တင်ဒါအောင်မြင်သူစာရင်းကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာအပ်ပါသည် -
|
စဉ် |
တင်ဒါ အမှတ်စဉ် |
လုပ်ငန်းအမည် |
တင်ဒါအောင်မြင်သည့် ကုမ္ပဏီအမည် |
|
၁
|
ITCS - ၂/၂၀၂၅ (Lot-1)
|
Battery Bank 2 Units အစားထိုးလဲလှယ်တပ်ဆင်ခြင်းနှင့် မီးသတ်ဆေးဘူးများ ဝယ်ယူခြင်းလုပ်ငန်း |
Myanmar Power Group Co., Ltd |
တင်ဒါကော်မတီ(ဆက်သွယ်ရေး)
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
ရုံးအမှတ် (၂) ၊ နေပြည်တော်
