တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Latest News - 103010 items

စစ်ဆင်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ပြီး ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့သော အောင်ပွဲအလီလီရ ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို

Ministry of Information / Posted on January 12, 2026

ပြည်သူများအား နှိပ်စက်ညှင်းပန်း၍ ဒေသဖွံ့ဖြိုးတိုးတက်မှုကို ချွတ်ခြုံကျစေသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သော မန္တလေးတိုင်းဒေသကြီး မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း ဒေသတစ်ဝိုက်ရှိ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအား ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်၍ အောင်ပွဲအလီလီရယူနိုင်ခဲ့သော ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများ၊ အနုပညာရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) ကျင်းပပြုလုပ်စဉ် အကြမ်းဖက်သောင်းကျန်းသူအဖျက်သမားအုပ်စုက အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်၊ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ ပြည်သူလူထု၏ လိုက်ပါဆောင်ရွက်မှုတို့ဖြင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြီးစီး

Ministry of Information / Posted on January 12, 2026

နိုင်ငံတော်အစိုးရအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို တည်ဆောက်၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် `ဘက်ပေါင်းစုံမှကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပါတီစုံဒီမိုကရေစီစနစ်ဖော်ဆောင်နိုင်ရေးအတွက် အဓိကျသည့် လုပ်ငန်းစဉ်ဖြစ်သည့် ပါတီစုံအထွေထွေဒီမိုကရေစီရွေးကောက်ပွဲကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ ပြည်သူလူထု၏ လိုက်ပါဆောင်ရွက်မှုတို့ဖြင့် အပိုင်းလိုက်ကျင်းပဆောင်ရွက်ပေးလျက်ရှိရာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

သတင်းထုတ်ပြန်ချက်

Ministry of Information / Posted on January 12, 2026

ရန်ကုန်မြို့၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက် – မြန်မာနိုင်ငံသည် ရွေးကောက်ပွဲအပြီးတွင် သမိုင်းစာမျက်နှာအသစ်သို့ ကူးပြောင်းကာ နိုင်ငံတော်သစ် တည်ဆောက်ရေးလုပ်ငန်းစဉ်များကို စတင်ဖော်ဆောင်တော့မည့်အချိန်အခါဖြစ်ပါသည်။ ထိုသို့ နိုင်ငံသစ်တစ်ရပ်ကို အောင်မြင်စွာ တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်း၏ အပြုသဘောဆောင်သော အားပေးကူညီမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် အထူးလိုအပ်လျက်ရှိပါသည်။ လက်ရှိတွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ရင်ဆိုင်နေရသော အမှုကိစ္စသည် မြန်မာနိုင်ငံကို ကိုယ်စားပြုသည့်အပြင် မြန်မာပြည်သူအားလုံး၏ အကျိုးစီးပွားနှင့် တိုက်ရိုက်သက်ဆိုင်သည့် ကိစ္စရပ်တစ်ခုလည်း ဖြစ်ပါသည်။

ကရင်ပြည်နယ် (၂၀)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု စုပေါင်းထမနဲထိုးပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပမည်

Kayin State Government / Posted on January 12, 2026

ကရင်ပြည်နယ် (၂၀)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု စုပေါင်းထမနဲထိုးပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပမည်

ကိုယ်ရွေးချယ်ပေးတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ နိုင်ငံနဲ့ပြည်သူအတွက် အကောင်းဆုံးကြိုးစားစေချင်တယ်။ ရွေးကောက်ပွဲပြီးလို့ အစိုးရအသစ်ပေါ်လာရင် နိုင်ငံရဲ့လက်ရှိအနေအထားကနေ ကဏ္ဍအားလုံး တိုးတက်ကောင်းမွန်လာမယ်လို့ မျှော်လင့်ပါတယ်

Ministry of Information / Posted on January 12, 2026

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၆ မြို့နယ်၌ ယနေ့ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများသည် မဲရုံစတင်ဖွင့်လှစ်သည့် နံနက်ပိုင်းမှစတင်၍ သတ်မှတ်မဲရုံများတွင် စိတ်အားထက်သန်စွာ ဆန္ဒမဲ လာရောက်ပေးကြသည်။

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် တိုက်ကြီးမြို့နယ်အတွင်းရှိ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများနှင့် နွေစပါးအပါအဝင် နွေသီးနှံစိုက်ပျိုးရေပေးဝေနေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

Ministry of Information / Posted on January 12, 2026

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ သရက်ချောင်းနှင့် အထက်စု(မြစ်ကျိုး) လျှပ်စစ်မြစ်ရေတင်စီမံကိန်း 900 KW On-Grid and Off-Grid ဆိုလာစနစ် တပ်ဆင်ဆောင်ရွက်နေမှုအခြေအနေများနှင့် မြင်ရေတင်မှ နွေစပါးနှင့် နွေအခြားသီးနှံ စိုက်ပျိုးရေပေးဝေနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။


Posted on Jan 12, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Jan 11, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စ​နေနေ့။


Posted on Jan 10, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။


Posted on Jan 09, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။


Posted on Jan 07, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 07, 2026

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း


Ministry of Transport and Communications/ Naypyitaw / January 12, 2026


တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

 

     ရက်စွဲ၊    ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ     ၁၂    ရက်

          ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ နိုင်ငံပိုင်သတင်းစာများနှင့် ဝန်ကြီးဌာန Website တို့တွင် ကြော်ငြာ၍ ဖိတ်ခေါ်ခဲ့သော အိတ်ဖွင့်တင်ဒါများအတွက် တင်ဒါအောင်မြင်သူစာရင်းကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာအပ်ပါသည် -

 

တင်ဒါအမှတ်စဉ်

လုပ်ငန်းအမည်

တင်ဒါအောင်မြင်သည့်ကုမ္ပဏီအမည်

ITCS - ၅၁/၂၀၂၅

ကျိုက္ခမီ GMDSS စခန်းတွင် 30 kW HYBRID SOLAR SYSTEM ဆောင်ရွက်ခြင်းလုပ်ငန်း

Snow Wind Engineering Co., Ltd

ITCS - ၅၂/၂၀၂၅

ဘူဒင်းချောင် GMDSS စခန်းတွင် 30 kW HYBRID SOLAR SYSTEM ဆောင်ရွက်ခြင်းလုပ်ငန်း

Snow Wind Engineering Co., Ltd

ITCS - ၅၃/၂၀၂၅

သောင်ပြင် GMDSS စခန်းတွင် 30 kW HYBRID SOLAR SYSTEM ဆောင်ရွက်ခြင်းလုပ်ငန်း

Snow Wind Engineering Co., Ltd

ITCS - ၅၄/၂၀၂၅

ချောင်းသာ GMDSS စခန်းတွင် 30 kW HYBRID SOLAR SYSTEM ဆောင်ရွက်ခြင်းလုပ်ငန်း

Snow Wind Engineering Co., Ltd

ITCS - ၅၅/၂၀၂၅

သန်လျင် GMDSS စခန်းတွင် 50 kW HYBRID SOLAR SYSTEM ဆောင်ရွက်ခြင်းလုပ်ငန်း

Right Factor Engineering and Solutions Co., Ltd

ITCS - ၅၈/၂၀၂၅

ဂြိုဟ်တုဆက်သွယ်ရေးမြေပြင်စခန်း၊ သန်လျင်တွင် 50 kW HYBRID SOLAR SYSTEM ဆောင်ရွက်ခြင်းလုပ်ငန်း

Right Factor Engineering and Solutions Co., Ltd

 

                                                                                                                                                                တင်ဒါကော်မတီ(ဆက်သွယ်ရေး)

                                                                                                                                                   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

                                                                                                                                                                   ရုံးအမှတ် (၂) ၊ နေပြည်တော်

Download ရယူရန်

HOT NEWS
January 4,