နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေအားလျှပ်စစ်အကောင်အထည်ဖော် တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် ထုတ်ပြန်

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေအားလျှပ်စစ်အကောင်အထည်ဖော်


Ministry of Information/ Naypyitaw / February 24, 2026
image_latest


လျှပ်စစ်စွမ်းအားသည် လူ့ဘောင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောကဏ္ဍဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော လျှပ်စစ်ဓာတ်အားများ အပြည့်အဝရရှိစေရန် နိုင်ငံတိုင်း နိုင်ငံတိုင်းအနေဖြင့် မိမိတို့ပိုင်ဆိုင်ထားသည့် စွမ်းအင်အရင်းအမြစ်များကို ရှာဖွေဖော်ထုတ်၍ လျှပ်စစ်ဓာတ်အားများ ကြိုးပမ်းထုတ်လုပ်နေကြသည်။ နှစ်စဉ်တိုးပွားနေသော လူဦးရေနှင့် တိုးတက်လာသော လူမှုစီးပွားအခြေအနေများအရ လျှပ်စစ်ဓာတ်အားကို လုံလောက်ပိုလျှံအောင် ထုတ်လုပ်နေရမည်ဖြစ်သည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမောင်းနှင်အားဖြစ်သည့် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်ကြရာတွင် လျှပ်စစ်ဓာတ်အားသည် အဓိကကျသဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများက မည်သို့ဖြည့်ဆည်းပေးရမည်ကို အစဉ်အမြဲ ကြိုးပမ်းကြံဆနေကြသည်။ မြန်မာနိုင်ငံတွင် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ်မှအများဆုံးရယူသုံးစွဲလျက်ရှိရာတွင် ထုတ်လုပ်နိုင်မှုနှင့် သုံးစွဲမှုမမျှတသဖြင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များရှိနေသည်။

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်မှ ထပ်မံထုတ်လုပ်နိုင်မည့် ရေအရင်းအမြစ်များ များစွာကျန်ရှိနေသေးသည်။ ရေအရင်းအမြစ် ရှားပါးသောနိုင်ငံများတွင် နိုင်ငံဖွံ့ဖြိုးရေးအတွက် ရေအရင်းအမြစ်များကို နည်းလမ်းမျိုးစုံဖြင့် ရှာဖွေအသုံးပြုနေရသည်။ မြန်မာနိုင်ငံတွင် ရေအရင်းအမြစ်များ ပေါများကြွယ်ဝစွာရှိနေပါသော်လည်း ထိရောက်စွာအသုံးမချနိုင်သဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၌ လိုအပ်ချက်များရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်၏ အခြေခံလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်နှင့် စွမ်းအင်ကို ဖြည့်ဆည်းဆောင်ရွက်နိုင်မှသာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။

ရေအားလျှပ်စစ်စီမံကိန်းကို ကာလကြာရှည်တည်ဆောက်ရသည့်အတွက် ယခုအချိန် စတင်တည်ဆောက်လျှင် ငါးနှစ်မှဆယ်နှစ်ခန့်အထိ ကြာမြင့်မည်ဖြစ်၍ အနာဂတ်နိုင်ငံတော်နှင့် မျိုးဆက်များအတွက် လိုအပ်သည့်စွမ်းအင်ကို ဖြည့်ဆည်းပေးနိုင်မည်။ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများသည် ကနဦးတည်ဆောက်စကာလ၌ ကုန်ကျစရိတ် အတန်အသင့်ရှိသော်လည်း နောက်ပိုင်းတွင် လည်ပတ်မှုစရိတ်နှင့် လောင်စာဖိုးကုန်ကျမှုစရိတ်မရှိသဖြင့် လေအား၊ နေအား၊ ဓာတ်ငွေ့အား၊ ကျောက်မီးသွေးအားစီမံကိန်းများထက် ကုန်ကျစရိတ်သက်သာသည်။ ထို့ကြောင့် နိုင်ငံအတွင်းကြွယ်ဝသည့် ရေအရင်းအမြစ်များအပေါ်အခြေပြု၍ ရေအားလျှပ်စစ်စီမံကိန်းများကို နိုင်ငံများက ရနိုင်သမျှတည်ဆောက်နေသည်ကို တွေ့ရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် အခြေခံအရင်းအမြစ်များ ကြွယ်ဝစွာရှိနေသော်လည်း အကောင်အထည်မဖော်သေးသည့် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းသည် နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အပြည့်အဝပေးနိုင်သည်။ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိလာပြီး လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်မည့် အကျိုးကျေးဇူးများရရှိနိုင်သည်။ အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစ်ဆုံစီမံကိန်းမှ ထုတ်လုပ်ရရှိသည့် လျှပ်စစ်ဓာတ်အားကို ပြည်တွင်းသုံးစွဲမှုဖူလုံစေရန် ဦးစားပေးဆောင်ရွက်မည်ဖြစ်သည်။ ထွက်ရှိသည့်ဓာတ်အားကို ပြည်နယ်အတွင်း လုံလောက်အောင်သုံးစွဲပြီး ပိုလျှံသည်များကို ပြည်မနှင့်အခြားပြည်နယ်များအား မျှဝေသုံးစွဲသွားမည်ဖြစ်သည်။ ဆည်တမံတည်ဆောက်နိုင်မှုကြောင့် မြစ်ရေကြီးမှုဘေးအန္တရာယ်မှ ကာကွယ်နိုင်သလို စိုက်ပျိုးရေရရှိရေးအတွက်လည်း အထောက်အကူပြုမည်ဖြစ်သည်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကဲ့သို့ တည်ဆောက်ထားသော စီမံကိန်းများကို ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများတွင် တွေ့နိုင်သည်။ တရုတ်၊ ဂျပန်၊ အမေရိကန်၊ ရုရှား၊ အီဂျစ်၊ ဆွစ်ဇာလန်နိုင်ငံများတွင် အလွန်ကြီးမားသော ရေအားလျှပ်စစ်တမံကြီးများကို တွေ့နိုင်သည်။ ၎င်းနိုင်ငံ၊ ၎င်းဒေသအတွက် အန္တရာယ်မရှိသည့်အပြင် အကျိုးကျေးဇူးများ များစွာရရှိနေသည်။ ဒေသခံပြည်သူများ စိုးရိမ်ပူပန်မှုမဖြစ်စေရန် ပညာရှင်များက ငလျင်နှင့်ပတ်သက်၍ အသေးစိတ်တွက်ချက်ပြီး စီမံဆောင်ရွက် ထားသည်။ ယခုဆည်တမံကို ၈ မဂ္ဂနီကျုဒဏ်ခံနိုင်ရည်ရှိသည့် ဒီဇိုင်းများဖြင့် တည်ဆောက်မည်ဖြစ်သည်။ ဧရာဝတီမြစ်ဝှမ်းဒေသတွင် ရင်ဆိုင်ကြုံတွေ့ရလေ့ရှိသော သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကျော်လွှားပြီး ပိုမိုကောင်းမွန်သည့် ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ကာ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ လူမှုစီးပွားဘဝမြင့်မားတိုးတက်ရေးကို အထောက်အကူပြုမည့် ဧရာဝတီမြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်းစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ရာ စီမံကိန်းအောင်မြင်ရေးသည် ဒေသခံမိဘပြည်သူများ၏ ထောက်ခံအားပေးမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့အပေါ်တွင် များစွာမူတည်သဖြင့် မိမိဒေသအကျိုး၊ မိမိတိုင်းပြည်အကျိုးအတွက် လက်တွဲပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Feb 24, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Posted on Feb 23, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 22, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Posted on Feb 21, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Posted on Feb 20, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Posted on Feb 19, 2026

တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် ထုတ်ပြန်


Ministry of Information/ Naypyitaw / February 23, 2026
image_latest