နေပြည်တော်ကောင်စီဝင် ခန့်အပ်တာဝန်ပေးခြင်း
Latest News - 101707 items
Ministry of Information / Posted on December 19, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ် ဆင်ဖြူအင်းကျေးရွာအနီး ဆင်ဖြူချောင်းပေါ်တွင် ဆင်လမ်း (၂) ရေလှောင်တမံနှင့် ပင်တီးကျေးရွာအနီး သဗြိုက်ချောင်းပေါ်ရှိ ပင်တီးရေလှောင်တမံ တည်ဆောက်နိုင်မည့် လျာထားနေရာများကို ကွင်းဆင်းကြည့်ရှုသည်။
Ministry of Information / Posted on December 19, 2025
ယနေ့ ခရစ်နှစ် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်၊ ကရင်သက္ကရာဇ် ၂၇၆၅ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ပြာသိုလဆန်း (၁) ရက်နေ့သည် ကရင်တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အမြတ်တနိုးတန်ဖိုးထားသည့် ကရင်အမျိုးသားနှစ်သစ်ကူး နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ ယခုကဲ့သို့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခါသမယတွင် ကရင်တိုင်းရင်းသားများအပါအဝင် မိဘပြည်သူတိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
Ministry of Information / Posted on December 19, 2025
ရန်ကုန်တက္ကသိုလ် သိပ္ပံပွဲခင်း ကျင်းပနိုင်ရေး ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များနှင့်တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Ministry of Information / Posted on December 19, 2025
နေပြည်တော် ဒီဇင်ဘာ ၁၈ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ၏ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၌ ကျင်းပသည်။
Ministry of Information / Posted on December 19, 2025
၂၀၂၀ ပြည့်နှစ်က မြန်မာနိုင်ငံတွင် တစ်ဦးချင်း လျှပ်စစ်ဓာတ်အား သုံးစွဲမှု ၄၂၉ ယူနစ်ရှိပြီး တစ်နိုင်ငံလုံး အများဆုံးဝန်အား ၃၈၂၈ မဂ္ဂါဝပ်အထိ သုံးစွဲခဲ့သည်။ တစ်နိုင်ငံလုံး ဓာတ်အားလိုအပ်ချက်သည် နှစ်စဉ် ၁၃ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ တိုးတက်လျက်ရှိပြီး ၂၀၁၃ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) အရ ၂၀၃၀ ပြည့်နှစ်တွင် ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။
Ministry of Information / Posted on December 19, 2025
မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသောနိုင်ငံဖြစ်သည်။ တပ်မတော်သည် နိုင်ငံ့တာဝန်ကို မလွှဲသာမရှောင်သာ စတင်ယူစဉ်အချိန်ကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေးလုပ်ငန်းစဉ်များ ချမှတ်၍ တစိုက်မတ်မတ်ဆောင်ရွက်ခဲ့သည်။
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Dec 17, 2025
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Posted on Dec 14, 2025
နေပြည်တော်ကောင်စီဝင် ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information/ Naypyitaw / December 18, 2025
