နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Latest News - 88592 items

ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ MRF Immersion Day 2025 တက်ရောက်

Ministry of Science and Technology / Posted on March 10, 2025

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (Myanmar Rice Federation-MRF)တို့ ပူးပေါင်းကျင်းပသော ဆန်နှင့် ဆန်ထွက်ပစ္စည်းများ အရည်အသွေးနှင့် တိကျစွာတိုင်းတာမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (MRF Immersion Day 2025) အခမ်းအနားကို ယမန်နေ့က ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ၊ MRF ဥက္ကဋ္ဌ၊ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ဆက်စပ်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးပညာရှင်များ စုံလင်စွာ တက်ရောက်ကြသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပေါ်ဆန်းဖိုရမ်-၂၀၂၅ စကားဝိုင်းဆွေးနွေးပွဲနှင့် ပေါ်ဆန်းပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်

Ayeyarwaddy Region Government / Posted on March 10, 2025

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော ဧရာဝတီ တိုင်းဒေသကြီး ပေါ်ဆန်းဖိုရမ်-၂၀၂၅ စကားဝိုင်းဆွေးနွေးပွဲနှင့် ပေါ်ဆန်းပြိုင်ပွဲဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ပညာရှင်များ၊ တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ တောင်သူကြီးများအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စိုက်ပျိုးရေး ဦးစီးဌာနဝန်ထမ်းများနှင့်တောင်သူများက vedio conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းကြည့်ရှုစစ်ဆေး၊ အခြေခံပညာကျောင်များသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအားတွေ့ဆုံအားပေး

Ayeyarwaddy Region Government / Posted on March 10, 2025

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဇလွန်မြို့ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် Bored Pile အခြေပြုကျောက်စီတမံအလျား ၂၂၀ ပေ ဆောင်ရွက်နေမှု အခြေအနေအားရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေရှည်တည်တံ့စေရေးအတွက် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရန်၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီး အောင်ဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးဆောင်ရွက်ကြရန် မှာကြားခဲ့ပသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဇလွန်မြို့၊ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲနှင့် ရွှေသားမျက်နှာကြက်တော်ကြီး ရေစက်ချအခမ်းအနားတက်ရောက်

Ayeyarwaddy Region Government / Posted on March 10, 2025

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲနှင့် ရွှေသားမျက်နှာကြက်တော်ကြီး ရေစက်ချအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ စေတီတော်မြတ်ကြီးတွင်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့ဆိုင်ကယ်နှင့် ယာဉ်များ သိမ်းဆည်းရမိ

Ministry of Information / Posted on March 10, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၂ ရက်၊ မတ် ၁၀ ရက် ၊တနင်္လာနေ့။


Posted on Mar 10, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၁ ရက်၊ မတ် ၉ ရက် ၊တနင်္ဂနွေနေ့။


Posted on Mar 09, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၀ ရက်၊ မတ် ၈ ရက် ၊စနေနေ့။


Posted on Mar 08, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၉ ရက်၊ မတ် ၇ ရက် ၊သောကြာနေ့။


Posted on Mar 07, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၈ ရက်၊ မတ် ၆ ရက် ၊ကြာသပတေးနေ့။


Posted on Mar 06, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၇ ရက်၊ မတ် ၅ ရက် ၊ဗုဒ္ဓဟူးနေ့။


Posted on Mar 05, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း


Naypyitaw Development Committee/ နေပြည်တော် / March 03, 2025


HOT NEWS
January 4,