ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)

Latest News - 102864 items

ကျောင်းပြင်ပ ပညာရေး ပိုမိုလွှမ်းခြုံဆောင်ရွက်

Ministry of Information / Posted on January 10, 2026

ပညာရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံအုတ်မြစ်ပင်ဖြစ်သည်။ နိုင်ငံကို အကောင်အထည်ဖော်တည်ဆောက်ကြရာတွင် နိုင်ငံသူ နိုင်ငံသားများမှာ အဓိကဖြစ်ရာ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုတို့ပြည့်စုံပြီး စဉ်းစားတွေးခေါ်မှု မြင့်မားသည့် နိုင်ငံသူနိုင်ငံသားများ အရေအတွက်အားဖြင့်လည်း အများအပြားရှိနေဖို့လိုသည်။ သို့ဖြစ်ရာ နိုင်ငံတစ်ဝန်းလုံးတွင် ပညာရည်မြင့်မားတိုးတက်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုပညာရှင်များ ထွန်းကားရေးတို့အတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို နိုင်ငံတော်က အကောင်အထည်ဖော်အားပေးလျက်ရှိသည်။

နိုင်ငံတော်အကျိုးနှင့်ဒေသအကျိုးကို သယ်ပိုးထမ်းဆောင်နိုင်သူများရွေးချယ်

Ministry of Information / Posted on January 10, 2026

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲမသမာမှုများဖြစ်ပွားခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် အညီ တပ်မတော်သည် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရသည်။ မဲမသမာမှုများကို ဖြေရှင်းပေးနိုင်ရန်အတွက် ထိုအချိန်က တာဝန်ရှိသူများအား အကြိမ်ကြိမ်အကြောင်းကြားခဲ့သော်လည်း ဖြေရှင်းပေးမှုမရှိဘဲ နိုင်ငံတော်အာဏာကို မဲမသမာမှုရလဒ်များဖြင့် အနိုင်ရရှိလာသည့် ကိုယ်စားလှယ်များဖြင့် လွှတ်တော်ခေါ်ယူ၍ အဓမ္မနည်းဖြင့် ရယူရန်ဆောင်ရွက်လာခဲ့သဖြင့် တပ်မတော်သည် နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာပြီး တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံအားလုံး စနစ်တကျဖြိုချဖျက်ဆီးပြီးဖြစ်

Ministry of Information / Posted on January 09, 2026

မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံး အခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိတရားမဝင် အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်း၍ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း KK အဖွဲ့စုံပါဝင်သည့် Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ ၂ လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စက္ကူစက်ရုံ (သာပေါင်း) သို့ သွားရောက်ကြည့်ရှုစစ်ဆေး

Ministry of Information / Posted on January 09, 2026

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ညနေပိုင်းတွင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း စက္ကူစက်ရုံ (သာပေါင်း)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဟိုင်းကြီးကျွန်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

Ministry of Information / Posted on January 09, 2026

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဟိုင်းကြီးကျွန်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက်တွေ့ဆုံ အမှာစကားပြောကြားသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ရေး မဲရုံများကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှု၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲပြုလုပ်

Ministry of Information / Posted on January 09, 2026

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံများကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့၊ အောင်ပန်းမြို့နှင့် ဟဲဟိုးမြို့တို့ရှိ မဲရုံများအားလည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်ရှိ မဲရုံများအားလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ဒုံးပုလဲအော်ကျေးရွာ၊ ပရည်ကျွန်းကျေးရွာ၊ ဒုံးညောင်မှိုင်းကျေးရွာနှင့် ဒုံးဆွေသန်းကျေးရွာတို့ရှိ မဲရုံများအားလည်းကောင်း တိုင်းဒေသကြီး/ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးများနှင့် တာဝန်ရှိသူများကသွားရောက်၍ မဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များ ရောက်ရှိမှုနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့အား သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စ​နေနေ့။


Posted on Jan 10, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။


Posted on Jan 09, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။


Posted on Jan 07, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 07, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။


Posted on Jan 06, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။


Posted on Jan 05, 2026

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)


Ministry of Information/ Naypyitaw / January 09, 2026
image_latest


HOT NEWS
January 4,