ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အသိပေးနှိုးဆော်စာ
Latest News - 106568 items
Ministry of Information / Posted on April 02, 2026
ကရင်ပြည်နယ်၏ ဆက်သွယ်ရေးလမ်းမကြီး၊ အဓိကဆက်သွယ်ရေးလမ်းမကြီးဖြစ်သော နိုင်ငံတကာ မဟာမဲခေါင်ဒေသ (ခွဲ) အရှေ့-အနောက်စီးပွားရေးစင်္ကြံ (Greater Mekong Sub-region East-West Economic Corridor) လမ်းပိုင်းတွင်ပါဝင်သည့် ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်နှင့် တာဝန်ရှိသူများက ပြန်လည်ဖွင့်လှစ်ပေးသည်။
Ministry of Information / Posted on April 02, 2026
ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ
Ministry of Information / Posted on April 02, 2026
ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ
Ministry of Information / Posted on April 02, 2026
ကရင်ပြည်နယ်၏ အဓိကဆက်သွယ်ရေးလမ်းမကြီးဖြစ်သော နိုင်ငံတကာဆက်သွယ်ရေးလမ်းမကြီး၊ မဟာမဲခေါင်ဒေသ (ခွဲ) အရှေ့-အနောက်စီးပွားရေး စင်္ကြံ (Greater Mekong Sub-region East-West Economic Corridor) လမ်းပိုင်းတွင်ပါဝင်သည့် ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ဧပြီလ ၂ ရက် ယနေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

Kayin State Government / Posted on April 02, 2026
ကုန်သွယ်မှုပမာဏအများဆုံးစီးဆင်းရာ ဘားအံ-ကော့ကရိတ်-မြဝတီ(အာရှလမ်းပိုင်း)အား ပြန်လည်ဖွင့်လှစ်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အသိပေးနှိုးဆော်စာ
Ministry of Information/ Naypyitaw / January 08, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အသိပေးနှိုးဆော်စာ
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) အား မြို့နယ် ၁၀၂ မြို့နယ်၌ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
အထွေထွေရွေးကောက်ပွဲအပိုင်း (၁) တွင် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၁၀၂ အရ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲက ရွေးကောက်တင်မြှောက်ခံရသူ လွှတ်တော်ကိုယ်စားလှယ်၏အမည်ကို ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း ယင်းမဲဆန္ဒနယ်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် အမည်စာရင်းတင်သွင်းလွှာတင်သွင်းခဲ့သည့် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် ကော်မရှင်က သတ်မှတ်ပေးသည့် ခရိုင်ကော်မရှင်အဖွဲ့ခွဲအသီးသီးတွင် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို ပုံစံ (၂၀) ဖြင့် တင်သွင်းကြ ရမည်ဖြစ်ပါသည်။
ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ယင်းတို့၏ ရွေးကောက်ပွဲကိုယ်စားလှယ်များသည် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို သတ်မှတ်ရက်အတွင်း မတင်သွင်းပါက သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၉ အရ အရည်အချင်း ပျက်ယွင်းသူအဖြစ် သတ်မှတ်ကြေညာခြင်းခံရမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်လောင်း များနှင့် ယင်းတို့၏ရွေးကောက်ပွဲကိုယ်စားလှယ်များအနေဖြင့် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းအား သတ်မှတ်ရက်အတွင်း တင်သွင်းကြရန်နှိုးဆော်အပ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်