ပြည်ထောင်စုအကျိုးအတွက် ထပ်မံဖိတ်ခေါ်ချက်

Latest News - 96767 items

ဒုတိယဝန်ကြီး ဦးမျိုးမြင့် ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် မန္တလေးတက္ကသိုလ် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

Ministry of Information / Posted on September 09, 2025

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် မန္တလေးတက္ကသိုလ် ပင်မဆောင်မူလပုံစံမပျက် ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေးဗိသုကာဆိုင်ရာ လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းဇော်၊ ဒုတိယပါမောက္ခချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မန္တလေးတက္ကသိုလ်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်း (MDA)မှ တာဝန်ရှိသူများက မန္တလေးတက္ကသိုလ်ပင်မဆောင်၏ ဗိသုကာပုံစံနှင့် လက်ရှိပျက်စီးမှုအခြေအနေ၊ မူလပုံစံမပျက်ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ညောင်ရွှေမြို့ရှိ အားကစားကွင်းများအား ကွင်းဆင်းကြည့်ရှုပြီး ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များနှင့် တွေ့ဆုံ

Ministry of Information / Posted on September 09, 2025

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဟိုတယ်၊ တည်းခိုရိပ်သာများမှ လုပ်ငန်းရှင်များနှင့် ဟူပင်ဟိုတယ်၌ တွေ့ဆုံသည်။

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

Ministry of Information / Posted on September 09, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ကြေးပေးအပ်ပွဲကျင်းပ

Ministry of Information / Posted on September 09, 2025

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အသက် ၈၅ နှစ်နှင့် အထက် သက်ကြီးပုဂ္ဂိုလ်များအား လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန် ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ကြေး ပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့ မင်္ဂလာဗျူဟာခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်

Ministry of Transport and Communications / Posted on September 09, 2025

နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံစစ်သံမှူး Senior Colonel Qu Zhe လာရောက်ဂါရဝပြုတွေ့ဆုံ

Ministry of Information / Posted on September 09, 2025

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံစစ်သံမှူး Senior Colonel Qu Zhe သည် ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Posted on Sep 09, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Posted on Sep 08, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၇ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 07, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်နေ့ ၊ စက်တင်ဘာ ၆ ရက်၊ စနေနေ့။


Posted on Sep 06, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက် ၊ စက်တင်ဘာ ၅ ရက်၊ သောကြာနေ့။


Posted on Sep 05, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက် ၊ စက်တင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Posted on Sep 04, 2025

ပြည်ထောင်စုအကျိုးအတွက် ထပ်မံဖိတ်ခေါ်ချက်


Ministry of Information/ Naypyitaw / September 08, 2025
image_latest


PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေးကိုမျှော်မှန်းကာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ရေး ပြည်ထောင်စုအကျိုးအတွက် ဖိတ်ခေါ်ချက်အရ နိုင်ငံတော်၏စေတနာအမှန်ကို သိရှိနားလည်ပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သော PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အဖွဲ့ဝင်များအား မိဘများထံအပ်နှံပြီးဖြစ်သည်။

၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည် မဲစာရင်းမှားယွင်းမှုများအတွက် အောက်ပါ တို့ကိုဆောင်ရွက်ပေးရန် မေတ္တာရပ်ခံတောင်းဆိုမှုများအပေါ် ငြင်းပယ်ခဲ့ပြီး ပြဿနာဖြစ်ပွားနေသည့် ရွေးကောက်ပွဲရလဒ်ဖြင့်ပင် လွှတ်တော်ခေါ်ယူရန် အတင်းအဓမ္မကြိုးပမ်းခဲ့မှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန်ကြိုးပမ်းမှုပင်ဖြစ်သည်-

(က) မဲစာရင်းမှားယွင်းမှုများနှင့် မဲမသမာမှုများကို စိစစ်တွေ့ရှိရသဖြင့် ဖြေရှင်းပေးရန် တောင်းဆိုမှုကို ငြင်းဆန်ခဲ့ခြင်း၊

(ခ) ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေးအားခေါ်ယူ၍ ဖြေရှင်းဆောင်ရွက်ပေးရန် တောင်းဆိုချက်ကို ငြင်းပယ်ခဲ့ခြင်း၊

( ဂ ) နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့က နည်းလမ်းရှာဆောင်ရွက်ပေးရန် တောင်းဆိုမှုကို ငြင်းပယ်ခဲ့ခြင်း၊

(ဃ) အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူ၍ တွေ့ဆုံဆွေးနွေးပေးပါရန် နှစ်ကြိမ်တိုင်တိုင်တင်ပြခဲ့သော်လည်း ဆောင်ရွက်ပေးမှုမရှိခြင်း။

ထိုသို့လုပ်ဆောင်မှုများသည် မဲမသမာမှုများရှိခဲ့၍သာ ပွင့်လင်းမြင်သာစွာ ချပြနိုင်ခြင်းမရှိသည်ကို ပေါ်လွင်စေခဲ့သည့်အပြင် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန်ကြိုးပမ်းမှုတွင် ထိုစဉ်က နိုင်ငံတော်သမ္မတကိုယ်တိုင် ဦးဆောင်ပါဝင်ပတ်သက်မှုရှိခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့် တာဝန်အရမဟုတ်သည့် ပုဂ္ဂလိကပြစ်မှုကျူးလွန်မှုများရှိခဲ့၍ အရေးယူခံရသည့် အချိန်လည်းဖြစ်ခဲ့သည်။ ထိုကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယာယီသမ္မတက အရေးပေါ်အခြေအနေကြေညာပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံတော်အာဏာလွှဲအပ်ဆောင်ရွက်စေခဲ့ခြင်းဖြစ်သည်။

တပ်မတော်အနေဖြင့် မဲမသမာမှုများကို စိစစ်ဖော်ထုတ်၍ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးနိုင်ရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင့်သုံးဆောင်ရွက်ခဲ့သည်ကို ပြည်တွင်းပြည်ပက အထင်အမြင်လွဲမှားအောင် တပ်မတော်က ဒီမိုကရေစီကို နောက်ပြန်ဆွဲသယောင် ဝါဒမှိုင်းတိုက်ကာ ၎င်းတို့သာ ရွေးကောက်ခံအစိုးအရအဖြစ်ပုံဖော်လျက် CRPH, NUG တို့ကို တရားမဝင်ဖွဲ့စည်းခဲ့ကြပြီး ပြည်သူလူထုနှင့် လူငယ်လူရွယ်များကို လွဲမှားသည့် မျှော်လင့်ချက်များပေးကာ အကြမ်းဖက် လက်နက်ကိုင်လမ်းစဉ်သို့ တွန်းပို့ခဲ့သည်။ CRPH, NUG တို့သည် PDF အမည်ခံအဖွဲ့များကို ဖွဲ့စည်းကာ လက်နက်၊ခဲယမ်းရရှိရေးအတွက် အချို့သော EAO များ လက်အောက်သို့ သွတ်သွင်းခဲ့ပြီး အချို့သော EAO များ၏ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ခြင်း၊ နယ်မြေကျူးကျော် ချဲ့ထွင်ခြင်းများအတွက် PDF များကို လက်ကိုင်တုတ်အဖြစ်အသုံးပြုစေကာ PDF တို့၏ ဘဝများကို စတေးခဲ့သည်။

ယခုအခါ နိုင်ငံတော်အစိုးရ၏ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများကြောင့် အချို့သောအကြမ်းဖက် EAO တို့သည် ရပ်တည်ရန်ခက်ခဲလာကြပြီး PDF အမည်ခံတို့ သည်လည်း ပိုမိုအတိဒုက္ခရောက်လာကြရသည်။ ဒီမိုကရေစီနောက်ပြန်ဆွဲခြင်းသည် လက်နက်ကိုင်လမ်းစဉ်ကြောင့်ဖြစ်သည်ကို အမှန်အတိုင်းရှုမြင်ကြရန် အချိန်တန်ပြီဖြစ်သည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို နိုင်ငံတော်အစိုးရ၊ ပြည်သူ၊ တပ်မတော်နှင့် နိုင်ငံရေးပါတီများအပြင် PDF များသည်ပင် လိုလားကြပြီး ရည်မှန်းချက်ချင်း တူညီကြသည်။ ဒီမိုကရေစီမျက်နှာဖုံးတပ်ပြီး နိုင်ငံတော်အာဏာကို မက်မောကြသည့် CRPH, NUG တို့၏ လိုလားချက်မှာ ၎င်းတို့သာရွေးကောက်ခံအစိုးရဆိုသည့် ရပ်တည်မှုမပျောက်ဆုံးရေးအတွက် အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်နေခြင်း ဖြစ်သည်။ ၎င်းတို့၏နှောင့်ယှက်မှုများကြောင့်သာ ဒီမိုကရေစီခရီးလမ်းနှောင့်နှေးကြန့်ကြာ နေရခြင်းဖြစ်သည်။

PDF အမည်ခံများ အပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် မကြာမီတွင် ကျင်းပတော့မည့် ရွေးကောက်ပွဲကြီးအလွန် အားလုံးမျှော်မှန်းထားသည့် စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရေးကို မျှော်မှန်းကာ နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်လက်တွဲ၍ နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်ရန်ဆန္ဒရှိပါက နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ကြိုဆိုလက်ခံမည်ဖြစ်ပြီး တစ်ဦး ချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ နီးစပ်ရာတပ်စခန်းများ၊ ဒေသအာဏာပိုင်များထံ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်နိုင်ပါကြောင်း ထပ်မံဖိတ်ခေါ်အပ်ပါသည်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ

သတင်းထုတ်ပြန်ရေးအဖွဲ့

HOT NEWS
January 4,