ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card- OWIC) ပေါ်တွင် လုံခြုံရေး Sticker အသုံးပြုသွားမည့်ကိစ္စနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်
Latest News - 94826 items

Ministry of Information / Posted on July 29, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ဆဌမအကြိမ်ပြင်ဆင်သည့်ဥပဒေ

Ministry of Information / Posted on July 29, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ

Ministry of Information / Posted on July 29, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ဆဌမအကြိမ်ပြင်ဆင်သည့်ဥပဒေ

Ministry of Information / Posted on July 29, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို ဆဌမအကြိမ်ပြင်ဆင်သည့်ဥပဒေ

Ministry of Transport and Communications / Posted on July 29, 2025
နောက်ဆက်တွဲမြေငလျင်သတင်း

Ministry of Natural Resources & Environmental Conservation / Posted on July 29, 2025
ဝါးစိုက်ပျိုးပြုစုစီမံအုပ်ချုပ်ခြင်း၊ မျှစ်ထုတ်လုပ်ခြင်းနှင့် ဝါးလက်မှုကဏ္ဍ နည်းပညာ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၉-၇-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆက်စပ်ဌာနနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဝါးလက်မှုပညာရှင်များနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card- OWIC) ပေါ်တွင် လုံခြုံရေး Sticker အသုံးပြုသွားမည့်ကိစ္စနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်
Ministry of Information/ Naypyitaw / July 29, 2025

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) ကိုင်ဆောင်ထားပြီး ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ ပြည်ပနိုင်ငံများသို့ ရောက်ရှိသည့်အချိန် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပါ ခံစားခွင့်များ ရရှိနိုင်စေရန်နှင့် အလုပ်သမားရေးရာကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အချိန် လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card-OWIC) ထုတ်ပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထိုသို့ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card-OWIC) ထုတ်ပေးရာတွင် အတုအပများ မရှိစေရန်နှင့် ပိုမိုလုံခြုံမှုရှိစေရန်အတွက် OWIC ကတ်ပေါ်တွင် လုံခြုံရေး Sticker ကပ်၍ ထုတ်ပေးခြင်းကို ၁-၈-၂၀၂၅ ရက်နေ့မှစတင်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
အလုပ်သမားဝန်ကြီးဌာန