မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်

Latest News - 103266 items

မြန်မာနိုင်ငံမှ ပထမအကြိမ် လျှောက်လဲခြင်း ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ ဦးဆောင်ရှေ့နေနှင့် မြန်မာနိုင်ငံ၏ ရှေ့နေများက ခြေပလျှောက်လဲ

Ministry of Information / Posted on January 17, 2026

ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်၍ ကြားနာပွဲ (Oral Hearing ) ကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ပြုလုပ်လျက်ရှိရာ ဇန်နဝါရီ ၁၆ ရက်က မြန်မာနိုင်ငံမှ ပထမအကြိမ် လျှောက်လဲခြင်း ဆောင်ရွက်ရာတွင် မြန်မာ၏ ကိုယ်စားလှယ် (Agent) ဖြစ်သူ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်၍ ကြားနာပွဲ (Oral Hearing) ကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ပြုလုပ်လျက်ရှိရာ ဇန်နဝါရီ ၁၆ ရက် က မြန်မာနိုင်ငံမှ ပထမအကြိမ် လျှောက်လဲခြင်း ဆောင်ရွက်ရာတွင် မြန်မာ၏ ကိုယ်စားလှယ် (Agent) ဖြစ်သူ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး အဖွင့်မိန့်ခွန်းပြောကြားပြီးနောက် မြန်မာနိုင်ငံ၏ ဦးဆောင်ရှေ့နေ Mr. Christopher Staker အမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ရပ်တည်ချက်အကျဉ်းချုပ်၊ တရားစွဲဆိုမှုများ၏ အကန့်အသတ်နယ်ပယ်နှင့် နောက်ခံအချက်အလက်များကို လျှောက်လဲရာတွင် “ရိုဟင်ဂျာ”နှင့်“ကုလား” အသုံးအနှုန်းများ၏ ဇစ်မြစ်များနှင့် သမိုင်းကြောင်းများအရ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီမွတ်ဆလင်များမှာ ဗြိတိသျှကိုလိုနီခေတ်မှစ၍ မြန်မာနိုင်ငံသို့ ဘင်္ဂလားနယ်မှ ဝင်ရောက်လာသူများဖြစ်ကြောင်း၊ ဂမ်ဘီယာအနေဖြင့် ဤအမှုတွင် အဓိကအားပြု၍ ကိုးကားအသုံးပြုထားသည့် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ (Fact Finding Mission (FFM)) ၏ အစီရင်ခံစာများနှင့် ၎င်းက စုဆောင်းကောက်ယူထားသည့် ထွက်ဆိုချက်များသည် တရားရုံးက ထည့်သွင်းစဉ်းစားသင့်သည့် သက်သေအဆင့်အတန်းမမီပါကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား(Independent Investigative Mechanism for Myanmar(IIMM)) သည် အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးအတွက် သက်သေစုဆောင်းမည့်အဖွဲ့အစည်းတစ်ခုအဖြစ် ဖွဲ့စည်းဆောင်ရွက်သည့်ကာလအတွင်း ယခုအမှုအတွက် သက်သေထွက်ဆိုချက် ၄၂ခုသာ ထောက်ပံ့ပေးနိုင်ပြီး ယင်းတို့အနက် ဂမ်ဘီယာက ၁၂ ခုကိုသာ ကိုးကားထားကြောင်း၊ မြန်မာအနေဖြင့် အထက်ပါအဖွဲ့အစည်းနှစ်ခုလုံးကို အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်ခြင်း မပြုသော်လည်း ဂမ်ဘီယာ၏ သက်သေအကိုးအကားများကို ချေဖျက်ရုံမျှသာ ကိုးကားဖော်ပြခြင်းဖြစ်ကြောင်း စသည်ဖြင့် ချေပလျှောက်လဲသည်။ ထို့နောက် မြန်မာနိုင်ငံ၏ ရှေ့နေ Prof. Alina Miron က အသုံးချဥပဒေ (လူမျိုးသုဉ်းစေမှုဆိုင်ရာ သဘောတူစာချုပ်)ပါ ပြဋ္ဌာန်းချက်များအရ လူမျိုးသုဉ်းစေရန် ရည်ရွယ်ချက်မြောက်ခြင်း/ မမြောက်ခြင်းနှင့်ပတ်သက်၍ လျှောက်လဲတင်ပြရာတွင် ဂမ်ဘီယာအနေဖြင့် တရားရုံး၏ ယခင်စီရင်ထုံးများ၊ ယခင်ယူဂိုဆလားဗီးယားနိုင်ငံအတွက် ဖွဲ့စည်းခဲ့သည့် အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံး (ICTY) စီရင်ထုံးများ၊ ကြားဖြတ်ဝင်ရောက်သည့်နိုင်ငံများကို ကိုးကား၍ လျှောက်လဲထားသော်လည်း အမှန်မှာမူတရားရုံး၏ သုံးသပ်ဆုံးဖြတ်မှုများနှင့် မတူညီဘဲ လိုရာဆွဲထားခြင်းဖြစ်ကြောင်း ချေပလျှောက်လဲသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုးနဲမြို့နယ်၌ ၂ဝ၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအပိုင်း (၃) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၊ မဲရုံနေရာများအား သွားရောက်ကြည့်ရှုစစ်ဆေး

Ministry of Information / Posted on January 17, 2026

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲအပိုင်း (၃) အောင်မြင်စွာ ကျင်းပနိုင်ရေး ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါမြို့ရှိ ကမ္ဘောဇခန်းမတွင် ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ် နှင့်တာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့် မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်း ကြေညာခြင်း

Ministry of Information / Posted on January 17, 2026

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်း ကြေညာခြင်း

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၁) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံ

Ministry of Information / Posted on January 17, 2026

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၁) သို့ တက်ရောက်ကြမည့် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်မှူး ဗိုလ်ချုပ် စိုးကျော်ထက်နှင့် တာဝန်ရှိသူများက ပုသိမ်တပ်နယ်အားကစားခန်းမ၌ သွားရောက်တွေ့ဆုံသည်။

မြေငလျင်သတင်း

Ministry of Transport and Communications / Posted on January 17, 2026

မြေငလျင်သတင်း

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး သေဆုံး

Ministry of Home Affairs / Posted on January 17, 2026

အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့သည် နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်သမားများကို ဖွဲ့စည်း၍ အချို့သော ဒေသများတွင် မြို့၊ ရွာများအတွင်း ဝင်ရောက်ကာ တိုက်ပွဲဖော်ဆောင်ခြင်း၊ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အစိုးရဝန်ထမ်းများ၊ သာသနာ့အကျိုးသယ်ပိုးထမ်းဆောင်လျက်ရှိသော............

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Jan 18, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စ​နေနေ့။


Posted on Jan 17, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။


Posted on Jan 16, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။


Posted on Jan 15, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 14, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။


Posted on Jan 13, 2026

မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်


Ministry of Information/ Naypyitaw / September 22, 2022
image_latest


 

မိဘပြည်သူများအနေဖြင့် အောက်ဖော်ပြပါနိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ ၆၆/၆(အထစ)နှင့်ပတ်သက်၍ အခက်အခဲများအား သက်ဆိုင်ရာမြို့နယ် လဝကရုံးများသို့ သွားရောက်ဖြေရှင်းဆောင်ရွက်နိုင်ကြောင်း အသိပေးအပ်ပါသည် -

၁။      နိုင်ငံသားစိစစ်ရေးကတ်

(က) နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံးပျက်စီးနေသူများသည် သက်ဆိုင်ရာမြို့နယ်    လဝကရုံး များသို့ သွားရောက်သတင်းပို့ ဖြေရှင်းရမည်။

( ခ )  အသက်(၁၀)နှစ်ပြည့်ပြီးသော်လည်း နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသော  သူများသည် သက်ဆိုင်ရာမြို့နယ်လဝကရုံးများတွင် သွားရောက်ပြုလုပ်ခြင်း၊ ပန်းခင်းစီမံချက် များဖြင့် ပြုလုပ်ခြင်းများကို ဆောင်ရွက်နိုင်သည်။

(ဂ)     အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပြီးသော်လည်း သတ်မှတ်  ထားသော အသက်အပိုင်းအခြားအတိုင်း ပြန်လည်လဲလှယ်ရန် လိုအပ်ပါသည်။

(ဃ) နိုင်ငံသားစိစစ်ရေးကတ်ပါ အချက်အလက်များ ကွဲလွဲမှုရှိပါက သက်ဆိုင်ရာ  မြို့နယ်လဝက ရုံးများတွင် သွားရောက်ပြင်ဆင်ရမည်။

(င) နိုင်ငံသားစိစစ်ရေးကတ်(၁)ခုထက်ပို၍ လက်ဝယ်ကိုင်ဆောင်ထားရှိခြင်း မပြုရ။ ကိုင်ဆောင် ထားခြင်းရှိပါက သက်ဆိုင်ရာမြို့နယ်လဝကရုံးများတွင် အမြန်သွားရောက် အပ်နှံရမည်။

(၁-၁၁-၂၀၂၂) ရက်နေ့အထိ ကတ်အပိုများအပ်နှံခြင်းမပြုပါက နောက်ဆုံးထုတ်ယူသော နိုင်ငံသားကတ်ကိုသာ အတည်ပြု၍ ယခင်ကတ်အပိုများအား ပယ်ဖျက်စာရင်းသွင်းပါမည်။

(စ) အမျိုးသားမှတ်ပုံတင်သက်သေခံကတ်ပြား (အမတ) ကိုင်ဆောင်ထားသူများသည် သက်ဆိုင် ရာ မြို့နယ်လဝကရုံးများတွင် သွားရောက်၍ နိုင်ငံသားစိစစ်ရေးကတ်သို့ ပြောင်းလဲရမည်။ (ပြောင်းလဲခွင့်ရှိသူများသာ)။

(ဆ) မိမိနိုင်ငံသားစိစစ်ရေးကတ်အား အခြားသူတစ်ဦးမှ ကိုင်ဆောင်ထားသည်ဟု သံသယရှိပါက သက်ဆိုင်ရာမြို့နယ်လဝကရုံးများတွင် သွားရောက်သတင်းပို့ရမည်။

၂။ ပုံစံ ၆၆/၆ အိမ်ထောင်စုလူဦးရေစာရင်း(အထစ) (က) ပုံစံ ၆၆/၆ (အထစ) ပျောက်ဆုံး/ ပျက်စီးနေသူများသည် သက်ဆိုင်ရာမြို့နယ် လဝကရုံးများသို့ သွားရောက်သတင်းပို့ ဖြေရှင်း ရမည်။

(ခ) ပုံစံ ၆၆/၆ (အထစ)တွင် ပါဝင်သော အိမ်ထောင်စုဝင်များသည် နိုင်ငံသားစိစစ်ရေးကတ် ရရှိပါက နိုင်ငံသားစိစစ်ရေးကတ်အမှတ်အား မြို့နယ်လဝကရုံးများတွင် မဖြစ်မနေ ဖြည့်သွင်း ရမည်။

(ဂ) ပုံစံ ၆၆/၆ (အထစ)အချက်အလက်များနှင့် နိုင်ငံသားစိစစ်ရေးကတ်ပါ အချက်အလက်များ ကွဲလွဲနေပါက သက်ဆိုင်ရာမြို့နယ်လဝကရုံးများတွင် သွားရောက်ပြင်ဆင်ရမည်။(ဥပမာ-နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ အမည်၊ မွေးသက္ကရာဇ်၊ အဖအမည်၊ အမိအမည်)။

(ဃ) ပုံစံ ၆၆/၆ (အထစ) (၁)ခုထက်ပို၍ လက်ဝယ်ကိုင်ဆောင်ထားသူများသည် သက်ဆိုင်ရာ မြို့နယ်လဝကရုံးများသို့ အမြန်သွားရောက်သတင်းပို့ ဖြေရှင်းရမည်။ (ဥပမာ- ပုသိမ်တွင် အထစ ပြုလုပ်ထားသော်လည်း ရန်ကုန်တွင် အထစ ထပ်မံ ပြုလုပ်ထားရှိခြင်း)။ (၁-၁၁-၂၀၂၂) ရက်နေ့ အထိ ပုံစံ ၆၆/၆ (အထစ)အပိုများ အပ်နှံခြင်းမပြုပါက နောက်ဆုံးထုတ်ယူထားသော ပုံစံ ၆၆/၆ (အထစ)ကိုသာအတည်ပြု၍ ယခင်ပုံစံ ၆၆/၆ (အထစ)များအား ပယ်ဖျက်စာရင်းသွင်းပါမည်။ (င) ပုံစံ ၆၆/၆ (အထစ)အချက်အလက်များ (ပြောင်းဝင်ပြောင်းထွက်/မွေးဖွား/သေဆုံးခြင်း)၊ ပြောင်းလဲမှုရှိသည့်အခါတိုင်း သက်ဆိုင်ရာမြို့နယ်လဝကရုံးများသို့ သွားရောက်၍ နောက်ဆုံး အခြေအနေနှင့်အညီ ပြင်ဆင်မှုများကို ဆောင်ရွက်ရမည်။

(စ) မည်သည့်အရပ်ဒေသတွင်မှ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ (အထစ)မရှိသေးသူ များသည် နီးစပ်ရာမြို့နယ်လဝကရုံးများသို့ သတင်းပို့၍ ပန်းခင်းစီမံချက်အရ စိစစ်ဆောင်ရွက် ပေးမည်။

၃။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-ID Biographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြား အသိအမှတ်ပြု ကတ်တစ်မျိုးမျိုးကိုင်ဆောင်သူ (၅၂) သန်းကျော်အား စာရင်းသွင်းပြီးဖြစ်သဖြင့် သတ်မှတ်ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် အခြားအသိအမှတ်ပြုကတ်များ၊ ပုံစံ ၆၆/၆ အိမ်ထောင်စုလူဦးရေစာရင်းများကွဲလွဲခြင်း၊ အပိုကိုင်ဆောင်ခြင်းများအား နီးစပ်ရာမြို့နယ် လဝကရုံးများသို့ သွားရောက်ဖြေရှင်းဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလကျော်လွန်ပါက ဥပဒေ နှင့်အညီဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန