မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်
Latest News - 106070 items
Ministry of Home Affairs / Posted on March 19, 2026
The terrorist groups, the Committee Representing Pyidaungsu Hluttaw (CRPH) and the National Unity Government (NUG), with the aim of nationwide destruction, have formed the terrorists known as the so-called PDF.
Ministry of Home Affairs / Posted on March 19, 2026
၂၀၂၆ ခုနှစ်၊ မတ် ၁၆ ရက် ည ၇ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၂)(က)ရပ်ကွက်နေ.....................................................
Ministry of Home Affairs / Posted on March 19, 2026
၂၀၂၆ ခုနှစ်၊ မတ် ၁၇ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ သံလွင်ရပ်ကွက်နေ လောက်ခမ်း(ခ)အားခမ်း(၃၂)နှစ်၏နေအိမ်အား..........................................................
Ministry of Home Affairs / Posted on March 19, 2026
၂၀၂၆ ခုနှစ်၊ မတ် ၁၇ ရက်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
Ministry of Home Affairs / Posted on March 19, 2026
၂၀၂၆ ခုနှစ်၊ မတ် ၁၆ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
Ministry of Home Affairs / Posted on March 19, 2026
၂၀၂၆ ခုနှစ်၊ မတ် ၁၆ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ ယာဉ်ဆင့်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်
Ministry of Information/ Naypyitaw / September 22, 2022
မိဘပြည်သူများအနေဖြင့် အောက်ဖော်ပြပါနိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ ၆၆/၆(အထစ)နှင့်ပတ်သက်၍ အခက်အခဲများအား သက်ဆိုင်ရာမြို့နယ် လဝကရုံးများသို့ သွားရောက်ဖြေရှင်းဆောင်ရွက်နိုင်ကြောင်း အသိပေးအပ်ပါသည် -
၁။ နိုင်ငံသားစိစစ်ရေးကတ်
(က) နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံးပျက်စီးနေသူများသည် သက်ဆိုင်ရာမြို့နယ် လဝကရုံး များသို့ သွားရောက်သတင်းပို့ ဖြေရှင်းရမည်။
( ခ ) အသက်(၁၀)နှစ်ပြည့်ပြီးသော်လည်း နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသော သူများသည် သက်ဆိုင်ရာမြို့နယ်လဝကရုံးများတွင် သွားရောက်ပြုလုပ်ခြင်း၊ ပန်းခင်းစီမံချက် များဖြင့် ပြုလုပ်ခြင်းများကို ဆောင်ရွက်နိုင်သည်။
(ဂ) အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပြီးသော်လည်း သတ်မှတ် ထားသော အသက်အပိုင်းအခြားအတိုင်း ပြန်လည်လဲလှယ်ရန် လိုအပ်ပါသည်။
(ဃ) နိုင်ငံသားစိစစ်ရေးကတ်ပါ အချက်အလက်များ ကွဲလွဲမှုရှိပါက သက်ဆိုင်ရာ မြို့နယ်လဝက ရုံးများတွင် သွားရောက်ပြင်ဆင်ရမည်။
(င) နိုင်ငံသားစိစစ်ရေးကတ်(၁)ခုထက်ပို၍ လက်ဝယ်ကိုင်ဆောင်ထားရှိခြင်း မပြုရ။ ကိုင်ဆောင် ထားခြင်းရှိပါက သက်ဆိုင်ရာမြို့နယ်လဝကရုံးများတွင် အမြန်သွားရောက် အပ်နှံရမည်။
(၁-၁၁-၂၀၂၂) ရက်နေ့အထိ ကတ်အပိုများအပ်နှံခြင်းမပြုပါက နောက်ဆုံးထုတ်ယူသော နိုင်ငံသားကတ်ကိုသာ အတည်ပြု၍ ယခင်ကတ်အပိုများအား ပယ်ဖျက်စာရင်းသွင်းပါမည်။
(စ) အမျိုးသားမှတ်ပုံတင်သက်သေခံကတ်ပြား (အမတ) ကိုင်ဆောင်ထားသူများသည် သက်ဆိုင် ရာ မြို့နယ်လဝကရုံးများတွင် သွားရောက်၍ နိုင်ငံသားစိစစ်ရေးကတ်သို့ ပြောင်းလဲရမည်။ (ပြောင်းလဲခွင့်ရှိသူများသာ)။
(ဆ) မိမိနိုင်ငံသားစိစစ်ရေးကတ်အား အခြားသူတစ်ဦးမှ ကိုင်ဆောင်ထားသည်ဟု သံသယရှိပါက သက်ဆိုင်ရာမြို့နယ်လဝကရုံးများတွင် သွားရောက်သတင်းပို့ရမည်။
၂။ ပုံစံ ၆၆/၆ အိမ်ထောင်စုလူဦးရေစာရင်း(အထစ) (က) ပုံစံ ၆၆/၆ (အထစ) ပျောက်ဆုံး/ ပျက်စီးနေသူများသည် သက်ဆိုင်ရာမြို့နယ် လဝကရုံးများသို့ သွားရောက်သတင်းပို့ ဖြေရှင်း ရမည်။
(ခ) ပုံစံ ၆၆/၆ (အထစ)တွင် ပါဝင်သော အိမ်ထောင်စုဝင်များသည် နိုင်ငံသားစိစစ်ရေးကတ် ရရှိပါက နိုင်ငံသားစိစစ်ရေးကတ်အမှတ်အား မြို့နယ်လဝကရုံးများတွင် မဖြစ်မနေ ဖြည့်သွင်း ရမည်။
(ဂ) ပုံစံ ၆၆/၆ (အထစ)အချက်အလက်များနှင့် နိုင်ငံသားစိစစ်ရေးကတ်ပါ အချက်အလက်များ ကွဲလွဲနေပါက သက်ဆိုင်ရာမြို့နယ်လဝကရုံးများတွင် သွားရောက်ပြင်ဆင်ရမည်။(ဥပမာ-နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ အမည်၊ မွေးသက္ကရာဇ်၊ အဖအမည်၊ အမိအမည်)။
(ဃ) ပုံစံ ၆၆/၆ (အထစ) (၁)ခုထက်ပို၍ လက်ဝယ်ကိုင်ဆောင်ထားသူများသည် သက်ဆိုင်ရာ မြို့နယ်လဝကရုံးများသို့ အမြန်သွားရောက်သတင်းပို့ ဖြေရှင်းရမည်။ (ဥပမာ- ပုသိမ်တွင် အထစ ပြုလုပ်ထားသော်လည်း ရန်ကုန်တွင် အထစ ထပ်မံ ပြုလုပ်ထားရှိခြင်း)။ (၁-၁၁-၂၀၂၂) ရက်နေ့ အထိ ပုံစံ ၆၆/၆ (အထစ)အပိုများ အပ်နှံခြင်းမပြုပါက နောက်ဆုံးထုတ်ယူထားသော ပုံစံ ၆၆/၆ (အထစ)ကိုသာအတည်ပြု၍ ယခင်ပုံစံ ၆၆/၆ (အထစ)များအား ပယ်ဖျက်စာရင်းသွင်းပါမည်။ (င) ပုံစံ ၆၆/၆ (အထစ)အချက်အလက်များ (ပြောင်းဝင်ပြောင်းထွက်/မွေးဖွား/သေဆုံးခြင်း)၊ ပြောင်းလဲမှုရှိသည့်အခါတိုင်း သက်ဆိုင်ရာမြို့နယ်လဝကရုံးများသို့ သွားရောက်၍ နောက်ဆုံး အခြေအနေနှင့်အညီ ပြင်ဆင်မှုများကို ဆောင်ရွက်ရမည်။
(စ) မည်သည့်အရပ်ဒေသတွင်မှ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ (အထစ)မရှိသေးသူ များသည် နီးစပ်ရာမြို့နယ်လဝကရုံးများသို့ သတင်းပို့၍ ပန်းခင်းစီမံချက်အရ စိစစ်ဆောင်ရွက် ပေးမည်။
၃။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-ID Biographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြား အသိအမှတ်ပြု ကတ်တစ်မျိုးမျိုးကိုင်ဆောင်သူ (၅၂) သန်းကျော်အား စာရင်းသွင်းပြီးဖြစ်သဖြင့် သတ်မှတ်ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် အခြားအသိအမှတ်ပြုကတ်များ၊ ပုံစံ ၆၆/၆ အိမ်ထောင်စုလူဦးရေစာရင်းများကွဲလွဲခြင်း၊ အပိုကိုင်ဆောင်ခြင်းများအား နီးစပ်ရာမြို့နယ် လဝကရုံးများသို့ သွားရောက်ဖြေရှင်းဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလကျော်လွန်ပါက ဥပဒေ နှင့်အညီဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
