မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၇/ ၂၀၂၅)
Latest News - 93131 items


Ministry of Transport and Communications / Posted on June 25, 2025
နေ့စဉ်မိုးလေဝသသတင်း (မွန်းလွဲ ၂ နာရီ) ထုတ်ပြန်ချက်

Ministry of Information / Posted on June 25, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

Ministry of Information / Posted on June 25, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ဇွန် ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဖောင်ကြီးကျေးရွာအနီးရှိ ငမိုးရိပ်ရေလှောင်တမံနှင့် ရေပိုလွှဲကြံ့ခိုင်မှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

Ministry of Information / Posted on June 25, 2025
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ပဲခူးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌပဲခူးမြို့နယ် မင်္ဂလာရာမဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းသို့သွားရောက်၍ ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တနန္တဝံသ (အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ)အား ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ဒုတိယဝန်ကြီးက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ကျောင်း စာသင်ခန်းများအလိုက် ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးသည်။

Ministry of Information / Posted on June 25, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၇/ ၂၀၂၅)
Myanmar National Human Rights Commission/ Yangon / June 24, 2025
၁။ ကမ္ဘာစစ်ကြီးများ၏ အနိဋ္ဌာရုံများကို ခံစားကြရပြီးနောက် စစ်ပွဲများ ထပ်မံမပေါ်ပေါက်စေရန်၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုဖော်ဆောင်ရန်၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို ရေးဆွဲ၍ ကမ္ဘာ့ကုလသမဂ္ဂကို ဖွဲ့စည်းတည် ထောင်ခြင်းဖြစ်ပါသည်။ ယင်းပဋိညာဉ်စာတမ်းပါ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကို တည်တံ့ အောင် ထိန်းသိမ်းဆောင်ရွက်ရာ၌ အပြည်ပြည်ဆိုင်ရာ တရားဥပဒေများနှင့်အညီ ငြိမ်းချမ်းသော နည်းလမ်းများဖြင့် ပြေလည်ကျေအေးအောင် ဆောင်ရွက်ရန်ဟု ဖော်ပြထားသကဲ့သို့ ကမ္ဘာ့လူ့အခွင့် အရေးကြေညာစာတမ်း၏ နိဒါန်းတွင်လည်း လူမှုရေးတိုးတက်ရေးနှင့် လူ့ဘဝအဆင့်အတန်း တိုးတက်ကောင်းမွန်ရေးတို့ကို မြှင့်တင်ရာတွင် လွတ်လပ်မှု၊ တရားမျှတမှုနှင့် ငြိမ်းချမ်းမှုတို့သည် အခြေခံအုတ်မြစ်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
၂။ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင် ၁၆ အရ နိုင်ငံတစ်နိုင်ငံတွင် တရား ဥပဒေစိုးမိုးမှုအပေါ်အခြေခံသည့် ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုရှိရေး၊ လူ့အခွင့်အရေးနှင့် ကောင်းမွန် သောအုပ်ချုပ်ရေးတို့ ဖြစ်ပေါ်လာမှသာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။ ပဋိပက္ခအတွင်း ငြိမ်းချမ်းမှုမရှိခြင်းကြောင့် အပြစ်မဲ့ပြည်သူများသည် ဆင်းရဲနွမ်းပါးမှု တာရှည်ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးခြင်းများ ဖြစ်ပေါ်ပြီး လူသားဂုဏ်သိက္ခာနှင့်အညီ ရှင်သန်နေထိုင်နိုင်ရေး နှင့် လူမှုစီးပွားဘဝတိုးတက်ရေးတို့ကို ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေပါသည်။
၃။ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးမှာ ခွဲခြား၍မရကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေးကော်မရှင်က အခိုင်အမာ ယုံကြည်ပါသည်။ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးသည် ပဋိပက္ခ များ လျော့နည်းပပျောက်စေရုံသာမက အပြန်အလှန် စာနာနားလည်မှု တည်ဆောက်ခြင်း၊ ဆုံးဖြတ် ချက်များ ချမှတ်ရာတွင် ပါဝင်နိုင်ခြင်း၊ မတူကွဲပြားမှုများကို လေးစားခြင်းနှင့် တရားဥပဒေအရ တန်းတူအခွင့်အရေးရရှိခြင်းစသည့် အခွင့်အရေးများ ရရှိခံစားရခြင်းပင် ဖြစ်ပါသည်။
၄။ နိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် သက်ဆိုင်သူများ အားလုံးပါဝင် သော မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းသည် အကောင်းမွန်ဆုံး ဆောင်ရွက်ချက် ဖြစ်ပါသည်။ Peace Forum 2025 တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နယ်ပယ် အသီးသီးမှ ထင်ပေါ်ကျော်ကြားသူများ၊ ပြည်တွင်းပြည်ပမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ နိုင်ငံခြားသံတမန်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ကဏ္ဍအလိုက် ပါဝင် ပတ်သက်သူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့ အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများ ပါဝင်ကြကြောင်း သိရှိရသဖြင့် ဝမ်းမြောက်ဂုဏ်ယူပါသည်။
၅။ Peace Forum 2025 သည် ပဋိပက္ခများ လျော့နည်းပပျောက်စေပြီး တိုင်းရင်းသား ပြည်သူ အားလုံးလိုလားတောင့်တသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ငြိမ်းချမ်းသာယာသော အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးကို အထောက်အပံ့ဖြစ်စေမည့် ရလဒ်ကောင်းများ ဖော်ထုတ်နိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း ဖော်ပြအပ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
Download