မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၉/၂၀၂၅)

Latest News - 95126 items

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Website လွှင့်တင်ထားရှိ

Ministry of Information / Posted on August 05, 2025

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူ့စာကြည့်တိုက်များကို အခြေခံ၍ ပြည်သူများအသိပညာမြင့်မားစေရေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတစ်ဝန်း ပြည်သူ့စာကြည့်တိုက်ပေါင်း ၄၀၀ ကျော်ကိုဖွင့်လှစ်ကာ ပြည်သူများအား ဝန်ဆောင်မှုပေးလျက်ရှိရာ ပြည်သူ့စာကြည့်တိုက်လုပ်ငန်းများအား ပိုမိုစနစ်ကျစွာဆောင်ရွက်နိုင်ရန်နှင့် စာကြည့်တိုက်အသုံးပြုသူများအား ပိုမိုလျင်မြန်စွာ ဝန်ဆောင်မှုပေးနိုင်ရန်အတွက် Digital Library Management System (DLMS) ရေးဆွဲ၍ ပြည်သူ့စာကြည့်တိုက် Website ကို www.publiclibrary.gov.mm လိပ်စာဖြင့် လွှင့်တင်ထားရှိသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

Ministry of Information / Posted on August 05, 2025

​​​​​​​၁။      အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲကို “အဂတိလိုက်စားမှုများတိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ လူငယ်လူရွယ်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

အာရှဖလား ခြေစစ်ပွဲ ယူ - ၂၀ အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စု (D) ပွဲစဉ်ကို MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

Ministry of Information / Posted on August 05, 2025

၂၀၂၆ ခုနှစ် အာရှဖလားခြေစစ်ပွဲယူ - ၂၀ အမျိုးသမီး ဘောလုံးပြိုင်ပွဲ၏ အုပ်စု (D) ခြေစစ်ပွဲစဉ်အဖြစ် မြန်မာအမျိုးသမီးဘောလုံးအသင်းနှင့် တာ့ခ်မင်နစ္စတန် ဘောလုံးအသင်းတို့သည် ဩဂုတ် ၆ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

Ministry of Information / Posted on August 05, 2025

​​​​​​​၁။ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ ဇီးအုန်ကုန်းလမ်း၊ ခြံအမှတ် (၁၇/A) တွင် ပါတီရုံးချုပ်တည်ရှိသော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီက နိုင်ငံရေးပါတီများမှတ်ပုံ တင်ခြင်း ဥပဒေ ပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၂၈-၇-၂၀၂၅ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့ လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ဖော်ပြပါ အတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။

တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းသားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

Ministry of Information / Posted on August 05, 2025

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းသားသမီး၊ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဝန်ထမ်းသစ် ၇၃၀၅ ဦး ခန့်ထားနိုင်ခဲ့ပြီး ၃၁၉၂ ဦးကို ရာထူးတိုးမြှင့်ပေးနိုင်ခဲ့မှုကြောင့် ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်

Ministry of Information / Posted on August 05, 2025

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ဌာနမှူးများနှင့်တွေ့ဆုံအမှာစကားပြောကြားသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက် ၊ သြဂုတ် ၅ ရက်၊ အင်္ဂါနေ့။


Posted on Aug 05, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက် ၊ သြဂုတ် ၄ ရက်၊ တနင်္လာနေ့။


Posted on Aug 04, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက် ၊ သြဂုတ် ၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Aug 03, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက် ၊ သြဂုတ် ၂ ရက်၊ စနေနေ့။


Posted on Aug 02, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက် ၊ သြဂုတ် ၁ ရက်၊ သောကြာနေ့။


Posted on Aug 01, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။


Posted on Jul 31, 2025

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၉/၂၀၂၅)


Myanmar National Human Rights Commission/ location / August 01, 2025
image


၁။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ တွင် အမိန့်အမှတ် (၁၁/၂၀၂၅) ဖြင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား ဆက်လက်ခန့်အပ် တာဝန်ပေးအပ်ခဲ့ပါသည်။

၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလ အခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်ရေးတို့ကို ဆောင်ရွက်ရန်အလို့ငှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၃၄/၂၀၁၁) ဖြင့် စတင်ဖွဲ့စည်းခဲ့ပါ သည်။ ကော်မရှင်ကို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖွဲ့စည်းမှု အသွင်သဏ္ဌာန် နှင့် လိုက်လျောညီထွေရှိစေရန်၊ ခိုင်မာစွာ ရေရှည်ရပ်တည်နိုင်စေရန်တို့အတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေကို ၂၀၁၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၁ ဖြင့် ပြဋ္ဌာန်းခဲ့ပြီး၊ အဆိုပါဥပဒေနှင့်အညီ ပြန်လည် ဖွဲ့စည်းခဲ့ပါသည်။

၃။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် အဓိကလုပ်ငန်း တာဝန်များ ဖြစ်သည့် ပြည်သူများအား လူ့အခွင့်အရေး ပညာပေးရေးနှင့် အသိပညာ ပြန့်ပွားရေး မြှင့်တင် ဆောင်ရွက်ခြင်း၊ လူ့အခွင့်အရေး ဖောက်ဖျက်ခံရခြင်း မရှိစေရန် ကာကွယ်စောင့်ရှောက်ခြင်း၊ နိုင်ငံတော်၏ တည်ဆဲဥပဒေများသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်များနှင့် လိုက်လျောမှု ရှိစေရန် အကြံပြုခြင်း၊ နိုင်ငံတော်က ပါဝင်ချုပ်ဆိုသင့်သော လူ့အခွင့်အရေး စာချုပ်များကို အစိုးရအဖွဲ့သို့ တင်ပြ အကြံပြုခြင်း၊ အစိုးရအဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများသာမက အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်း များနှင့် ထိတွေ့ဆောင်ရွက်ခြင်း စသည့် တာဝန်နှင့် လုပ်ငန်းများကို ရှေ့လုပ်ငန်းစဉ် မူဘောင် (The Framework of Action Plan) နှင့် နှစ်စဉ်လုပ်ငန်းစီမံချက် (Operational Plan) ဖြင့် ဆောင်ရွက်လျက် ရှိပါသည်။

၄။ လူ့အခွင့်အရေး မြှင့်တင်ပညာပေးရေးနှင့် စပ်လျဉ်း၍ ပြည်သူများ လူ့အခွင့်အရေး ဆိုင်ရာ အသိအမြင် ဗဟုသုတ ရရှိစေရန် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ လူမှုအဖွဲ့ အစည်းအသီးသီးအတွင်း လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ၄ ကြိမ်၌ တက်ရောက်သူ ၆၁၀ ဦးအား ဟောပြောခဲ့ပြီး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ဝန်ကြီးဌာန များမှ ဖွင့်လှစ်သော သင်တန်းများတွင် လူ့အခွင့်အရေး သင်ခန်းစာ ပို့ချဆွေးနွေးမှု ၃၅ ကြိမ်၌ နိုင်ငံ့ဝန်ထမ်း သင်တန်းသား/ သူ ၂၈၆၈ ဦးတို့အား ပို့ချဆွေးနွေးခဲ့ပါသည်။

၅။ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်းနှင့် စပ်လျဉ်း၍ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် တိုင်တန်းချက် ၁၅၉ စောင်ကို လက်ခံရရှိခဲ့ရာ တိုင်တန်းစာ စုံစမ်းစစ်ဆေးရေးအဖွဲ့ အစည်းအဝေး ၂၉ ကြိမ် ကျင်းပ ၍ စိစစ်ဆောင်ရွက်ခဲ့ပါသည်။ အကျဉ်းကျနေသူများ၊ အချုပ်အနှောင်ခံနေရသူများ၊ ထိန်းသိမ်း စောင့်ရှောက်ထားခြင်း ခံရသူများကို လူ့အခွင့်အရေးနှင့် သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာ နှင့် ပြည်တွင်းဥပဒေများနှင့်အညီ လူသားချင်းစာနာထောက်ထားမှုဖြင့် စောင့်ရှောက်ထားခြင်း ရှိ မရှိတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးလျက်ရှိရာ အကျဉ်းထောင် ၅ ခု၊ အချုပ်ထောင် ၁ ခု၊ အကျဉ်းစခန်း ၇ ခု၊ ရဲစခန်း အချုပ်ခန်း ၄ ခု၊ တရားရုံးအချုပ်ခန်း ၁ ခု၊ လူငယ်သင်တန်းကျောင်း ၂ ခုနှင့် ဘိုးဘွားရိပ်သာ ၄ ခုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဌာနများသို့ အကြံပြုချက် ၁၇၉ ချက် ပေးပို့ခဲ့ပါသည်။

၆။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ ကော်မရှင်၏ ဥပဒေရေးရာ ဆောင်ရွက်ချက် များအနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ ပေးပို့လာသော ဥပဒေ (မူကြမ်း) နှစ်ရပ်အပေါ် လူ့အခွင့်အရေးဆိုင်ရာ သဘောထားအကြံပြုချက်ကို သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ပေးပို့ ခြင်း၊ နိုင်ငံတော်က ပါဝင်ချုပ်ဆိုထားသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး သဘောတူ စာချုပ်များအနက် Convention on the Elimination of All Forms of Discrimination against Women - CEDAW အစီရင်ခံစာနှင့် Convention on the Rights of the Child - CRC အကောင်အထည်ဖော်မှု နိုင်ငံအဆင့် အစီရင်ခံစာများ ပြုစုရာတွင် ပံ့ပိုးကူညီခြင်းတို့အပြင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး သဘောတူစာချုပ်များဖြစ်သော မသန်စွမ်းသူများ အခွင့် အရေးဆိုင်ရာ သ‌ဘောတူစာချုပ် (Convention on the Rights of Persons with Disabilities - CRPD) နှင့် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး ဆိုင်ရာ သဘောတူစာချုပ်၏ နောက်ဆက်တွဲစာချုပ် (CEDAW-OP) တို့ကို ဘာသာပြန်ဆိုပုံနှိပ် ခဲ့ပါ သည်။

၇။ နိုင်ငံတကာနှင့် ဒေသဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် ထိတွေ့ ဆောင်ရွက် မှုအနေဖြင့် ကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း အာရှပစိဖိတ် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် အစည်းအဝေး ၁ ကြိမ်၊ အ‌ရှေ့တောင် အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် လုပ်ငန်းအဖွဲ့ အစည်းအဝေး ၂ ကြိမ်၊ အဆင့်မြင့် အစည်းအဝေး ၁ ကြိမ် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။ နိုင်ငံတကာနှင့် ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့အစည်းများက ကျင်းပသော လူ့အခွင့်အရေးနှင့် စပ်လျဉ်း သည့် အလုပ်ရုံဆွေးနွေးပွဲများနှင့် အစီအစဉ်များသို့ ၆ ကြိမ် ပါဝင်တက်ရောက်ခဲ့ပါသည်။

၈။ ကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ အစီရင်ခံစာများ ပြုစုခြင်းနှင့် သင့်လျော်သလို ထုတ်ပြန်ခြင်းများ ဆောင်ရွက်ရန် တာဝန်ရှိသည့်အလျောက် ကော်မရှင်၏ ဆောင်ရွက်ချက် သတင်းများကို ပြည်သူအများ သိရှိနိုင်စေရန် နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် သတင်းစာများ၊ ကော်မရှင် Website နှင့် Myanmar National Portal တို့တွင် ဖော်ပြ လျက်ရှိသည့်အပြင် လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်များကိုလည်း အခါအားလျော်စွာ ထုတ်ပြန်လျက် ရှိပါသည်။

၉။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေး ကော်မရှင်အနေဖြင့် နိုင်ငံသားတို့၏ လူ့အခွင့် အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေး လုပ်ငန်းတာဝန်များကို ကော်မရှင်ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Download