မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁၃/ ၂၀၂၅)

Latest News - 98476 items

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

Ministry of Information / Posted on October 15, 2025

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁) (MICC-I)၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားသည်။

ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့နှင့်စပ်လျဉ်း၍ ကြေညာချက်ထုတ်ပြန်ခြင်း

Ministry of Information / Posted on October 15, 2025

ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့နှင့်စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်ခြင်း

နေ့စဉ်မိုးလေဝသသတင်း (ည ၇ နာရီ) ထုတ်ပြန်ချက်

Ministry of Transport and Communications / Posted on October 15, 2025

နေ့စဉ်မိုးလေဝသသတင်း (ည ၇ နာရီ) ထုတ်ပြန်ချက်

နေ့စဉ်မိုးလေဝသသတင်း (ညနေ ၄ နာရီ) ထုတ်ပြန်ချက်

Ministry of Transport and Communications / Posted on October 15, 2025

နေ့စဉ်မိုးလေဝသသတင်း (ညနေ ၄ နာရီ) ထုတ်ပြန်ချက်

နေ့စဉ်မိုးလေဝသသတင်း (မွန်းလွဲ ၂ နာရီ) ထုတ်ပြန်ချက်

Ministry of Transport and Communications / Posted on October 15, 2025

နေ့စဉ်မိုးလေဝသသတင်း (မွန်းလွဲ ၂ နာရီ) ထုတ်ပြန်ချက်

MoST Union Minister attends World Standards Day 2025, marks completion of national quality infrastructure, certification body

Ministry of Science and Technology / Posted on October 15, 2025

THE Ministry of Science and Technology celebrated the 13th World Standards Day 2025 in Nay Pyi Taw yesterday.

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။


Posted on Oct 16, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Oct 15, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။


Posted on Oct 14, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။


Posted on Oct 12, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Posted on Oct 12, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၁၁ ရက်၊ စနေနေ့။


Posted on Oct 11, 2025

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁၃/ ၂၀၂၅)


Myanmar National Human Rights Commission/ Yangon / October 15, 2025


   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား ချုပ်ဆိုခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement – NCA) ကို ပြည်တွင်းနှင့် နိုင်ငံတကာ အသိသက်သေများရှေ့မှောက်၌ လက်မှတ်ရေးထိုးခဲ့သည်မှာ ယနေ့တွင် (၁၀) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ အဆိုပါ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) သည် လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှု စသည်တို့ကို အခြေခံကာ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေးအတွက် ပါဝင်သင့်သူအားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး လုပ်ငန်း စဉ်ကို အကောင်အထည်ဖော်နိုင်ရန် ဦးတည်ဆောင်ရွက်သည်ကို တွေ့ရှိရပါသည်။

   ယင်းဦးတည်ချက်နှင့်အညီ ၂၀၂၅ ခုနှစ်အတွင်း နယ်ပယ်အသီးသီးမှ အဖွဲ့အစည်းများ၊ အလွှာ အသီးသီးမှ ပုဂ္ဂိုလ်များပါဝင်သည့် ငြိမ်းချမ်းရေး စကားဝိုင်းနှင့် ဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရပါသည်။ ယင်းဆောင်ရွက်ချက်များသည် စစ်မှန်သည့် ထာဝရငြိမ်းချမ်းရေးကို တည် ဆောက်ရာတွင် များစွာအထောက်အကူ ဖြစ်စေမည်ဟု ယုံကြည်ပါသည်။ ငြိမ်းချမ်းရေးရရှိမှသာ တရားဥပဒေစိုးမိုးရေး ဖြစ်ထွန်းလာပြီး လူ့အခွင့်အရေးများ ရရှိခံစားနိုင်မည် ဖြစ်ပါသည်။

   ကုလသမဂ္ဂပဋိညာဉ်စာချုပ်၏ ရည်ရွယ်ချက်များနှင့် အခြေခံမူများတွင် ငြိမ်းချမ်းရေး ပျက် ပြားစေတတ်သည့် အရေးကိစ္စရပ်များကို ပြေလည်ကျေအေးအောင် ဆောင်ရွက်ရာ၌ တရားမျှတမှု အခြေခံမူများ၊ အပြည်ပြည်ဆိုင်ရာ တရားဥပဒေများနှင့်အညီ ငြိမ်းချမ်းသော နည်းလမ်းများ ကျင့်သုံး ရန် ချမှတ်ထားပါသည်။ ထို့အတူ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၂ ၌ လူတိုင်းကို မည်သည့်အကြောင်းကြောင့်မျှ ခွဲခြားမှုမပြုဘဲ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များ ရရှိစေရန် ဖော်ပြ ထားသကဲ့သို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၏ အခြေခံမူ များတွင်လည်း ဤပြည်ထောင်စုအတွင်း နေထိုင်ကြသော နိုင်ငံသားအားလုံးကို လူမျိုးရေး၊ ဘာသာ ရေး၊ ယဉ်ကျေးမှုနှင့် လိင်ကွဲပြားမှုတို့ကြောင့် ခွဲခြားဆက်ဆံခြင်းမပြုဘဲ တန်းတူရည်တူ အခွင့် အရေး ရရှိစေရန်ဟု ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

   ယင်းအခွင့်အရေးများကို အပြည့်အဝရရှိခံစားနိုင်ရန်နှင့် တရားမျှတမှုနှင့် လူ့အခွင့်အရေး အပေါ် အခြေခံသော ဒီမိုကရေစီဖက်ဒရယ်စနစ် ဖော်ဆောင်ရာတွင် နိုင်ငံတွင်းပစ်ခတ်တိုက်ခိုက်မှု များ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းမှုရရှိရန် အားလုံးက ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါ သည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) နှင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များသည် နိုင်ငံတွင်းပစ်ခတ်တိုက်ခိုက်မှုများရပ်စဲစေရေးအတွက်သာမက ပစ္စုပ္ပန်နှင့် အနာဂတ် မျိုးဆက်များ၏ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေး (Right to Development) အတွက် ကြီးမားစွာ အထောက်အပံ့ ဖြစ်စေပါသည်။

   နိုင်ငံတွင်းမှီတင်းနေထိုင်ကြသူများအားလုံး၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံအေးချမ်းသောနိုင်ငံတော် ဖြစ်ပေါ်လာစေရေးကြိုးပမ်းသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် သမိုင်းမှတ်တိုင်တစ်ခုဖြစ်သော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုပါကြောင်းနှင့် ဆက်စပ်ကျင်းပမည့် ဆွေးနွေးပွဲများကို ကြိုဆိုပါကြောင်း ဖော်ပြအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

HOT NEWS
January 4,