မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၄/၂၀၂၅)

Latest News - 106522 items

၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲတွင် မြန်မာအသင်း ပါကစ္စတန်ကို နှစ်ကျော့စလုံး အနိုင်ယူ

Ministry of Information / Posted on April 01, 2026

၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စု (E) နောက်ဆုံးပွဲအဖြစ် ပါကစ္စတန်အသင်းနှင့် မြန်မာအသင်းတို့ မတ် ၃၁ ရက်က ပါကစ္စတန်နိုင်ငံ အစ္စလာမ္မာဘတ်မြို့ရှိ ဂျန်နင်အားကစားကွင်း၌ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

တောင်ကြီးမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်

Ministry of Information / Posted on April 01, 2026

ရှမ်းပြည်နယ်တောင်ကြီးမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို မိရိုးဖလာ ရိုးရာယဉ်ကျေးမှုနှင့်ကိုက်ညီသည့် သင်္ကြန်ပွဲတော်ဖြစ်စေရေးနှင့် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများဖွဲ့စည်း၍ စနစ်တကျပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။

နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်

Ministry of Transport and Communications / Posted on April 01, 2026

နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

Ministry of Information / Posted on April 01, 2026

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ရိုးရာအတာသင်္ကြန်ပွဲတော်ကာလ ကျန်းမာရေးအသိပေးနှိုးဆော်ချက်

Ministry of Information / Posted on April 01, 2026

၂၀၂၆ ခုနှစ် ရိုးရာအတာသင်္ကြန်ပွဲတော်တွင် မိဘပြည်သူများ ကျန်းမာရေးနှင့်အညီ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြနိုင်ရေး အောက်ဖော်ပြပါ ကျန်းမာရေးအသိပေးချက်များကို သတိပြုလိုက်နာ ဆောင်ရွက်ပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်-

ရိုးရာအတာသင်္ကြန်ပွဲတော်ကာလ ကျန်းမာရေးအသိပေးနှိုးဆော်ချက်

Ministry of Information / Posted on April 01, 2026

၂၀၂၆ ခုနှစ် ရိုးရာအတာသင်္ကြန်ပွဲတော်တွင် မိဘပြည်သူများ ကျန်းမာရေးနှင့်အညီ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြနိုင်ရေး အောက်ဖော်ပြပါ ကျန်းမာရေးအသိပေးချက်များကို သတိပြုလိုက်နာ ဆောင်ရွက်ပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်-

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၄/၂၀၂၅)


Myanmar National Human Rights Commission/ Yangon / November 20, 2025


   ကလေးသူငယ်များသည် နိုင်ငံ့အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးအပါဆုံး အခန်းကဏ္ဍ၌ ပါဝင်သူများဖြစ်ရာ ၎င်းတို့၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ဖော်ဆောင်ရန် လိုအပ်ပါသည်။ ယင်းလိုအပ်ချက်ကို ကမ္ဘာက အသိအမှတ်ပြုသည့်အနေဖြင့် ၁၉၅၉ ခုနှစ်တွင် ကုလသမဂ္ဂက ကလေး သူငယ်အခွင့်အရေးများဆိုင်ရာကြေညာစာတမ်း (Declaration of the Rights of the Child) ကို ထုတ်ပြန်ကြေညာခဲ့ပြီး ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့၌ ကုလသမဂ္ဂအထွေထွေညီလာခံက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာသဘောတူစာချုပ် (Convention on the Rights of the Child – CRC) ကို အတည်ပြုခဲ့ရာ ယင်းသဘောတူစာချုပ်မှာ အဖွဲ့ဝင်နိုင်ငံအများဆုံးလူ့ အခွင့်အရေးဆိုင်ရာစာချုပ်ကြီးတစ်ခုဖြစ်ပါသည်။ အဆိုပါစာချုပ် အတည်ပြုခဲ့သော နိုဝင်ဘာလ ၂၀ ရက်နေ့ကို ကမ္ဘာ့ကလေးများနေ့ (World Children’s Day) ဟု သတ်မှတ်ခဲ့ပြီး ယနေ့တွင် (၃၆) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။

   မြန်မာနိုင်ငံသည် ၁၉၉၁ ခုနှစ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာသဘောတူစာချုပ် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ချုပ်ဆိုခဲ့သည့် အားလျော်စွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် ကလေးသူငယ်များအား ဥပဒေအရ သတ်မှတ်ထားသော သက်ဆိုင်ရာ အခွင့်အရေးများကို အညီအမျှ ခံစားခွင့် ရရှိစေရမည်ဟု ပြဋ္ဌာန်းထားပါသည်။ ထို့ပြင် ကလေးသူငယ်များ၏ အသက်ရှင်သန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်မှု ရရှိရေးနှင့် လူမှုအဖွဲ့အစည်းတွင် ပါဝင်ဆက်ဆံခွင့်ရရှိရေးတို့အတွက် အခွင့်အရေးများရှိကြောင်း နိုင်ငံတော်က အသိအမှတ်ပြုသကဲ့သို့ ဥပဒေပါ ကလေးသူငယ်အခွင့် အရေးများကို တန်းတူညီမျှစွာ ရရှိခံစားခွင့်ရှိသည်ဟု ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉ ခုနှစ်) တွင် ပြဋ္ဌာန်းထားပါသည်။

   ကလေးသူငယ်များသည် အနာဂတ်အတွက် တန်ဖိုးရှိသော ရတနာများဖြစ်ရာ ၎င်းတို့၏ အခွင့်အရေးများကို ရရှိခံစားစေခြင်းဖြင့် နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးရေးနှင့် ကလေးသူငယ်များဘဝ ဖွံ့ဖြိုးရေးတို့တွင် ကလေးသူငယ်များ ကိုယ်တိုင်ဖော်ဆောင်နိုင်ကြမည်ဖြစ်ပါသည်။ ကလေးသူငယ်အခွင့်အရေးများကို သိရှိနိုင်ရေးနှင့် လက်လှမ်းမီတန်းတူညီမျှရရှိရေးတို့ကို အလေးအနက်ထား၍ ဂရုပြုဆောင်ရွက်ပေးရမည်ဖြစ်ရာ နိုင်ငံတော်ကလည်း ကလေးသူငယ်များ ဖွံ့ဖြိုးရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

   မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ အဓိက လုပ်ငန်းတာဝန် နှစ်ရပ်ဖြစ်သည့် လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်‌စောင့်ရှောက်ရေး လုပ်ငန်းတို့ကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိရာတွင် အများပြည်သူအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် အခြေခံပညာ ဆရာ/ဆရာမများအား ကလေးသူငယ်ဆိုင်ရာအခွင့်အရေးများကို အသိပညာပေးခြင်း၊ စာအုပ်စာတမ်းများ ဖြန့်ဝေခြင်းစသည်တို့ကို ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ကလေးသူငယ်အားလုံးကို တည်ဆဲဥပဒေအရ သတ်မှတ်ထားသော သက်ဆိုင်ရာအခွင့်အရေးနှင့် အကာအကွယ်တို့ကို တန်းတူညီမျှ ရရှိစေရန် ကလေးပြုစုစောင့်ရှောက်ရေးဂေဟာများ၊ လူငယ်သင်တန်းကျောင်းများ၊ ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး စစ်ဆေးတွေ့ရှိမှုအပေါ် အကြံပြုချက်များကို သက်ဆိုင်ရာဌာနများသို့ ပေးပို့ဆောင်ရွက်လျက်ရှိပါသည်။

   အတွေးအမြင်သစ်များဖြင့် တည်ငြိမ်‌အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်သော ကမ္ဘာကြီးကို ပုံဖော် နိုင်သည့် ကလေးသူငယ်များ၏ အရေးပါမှုကို သတိပြုလျက် ယခု ၂၀၂၅ ခုနှစ်၏ ဆောင်ပုဒ်ဖြစ်သော “Listen to children: my day, my rights” (နေ့စဉ်အခွင့်အရေးများ မြှင့်တင်ရေး ကလေးများအသံ နားထောင်ပေး) နှင့်အညီ ကလေးသူငယ်များ၏ ဆန္ဒသဘောထားများကို နားထောင်၍ ၎င်းတို့၏ ပါဝင်ဆောင်ရွက်ခွင့်ကို သက်ဆိုင်သူများက အသိအမှတ်ပြုကြရမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ကလေးသူငယ်များ၏ အခြေခံအခွင့်အရေးများ ရရှိခံစားစေရေး ကဏ္ဍအသီးသီးမှ တာဝန်ရှိသူ အားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် ကမ္ဘာ့ကလေးများနေ့တွင် အလေးအနက် တိုက်တွန်းအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်

Download ရယူရန်