မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁၅ / ၂၀၂၅)
Latest News - 106534 items
Ministry of Natural Resources & Environmental Conservation / Posted on April 02, 2026
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ ခရိုင်အားကစားကွင်းသို့ သွားရောက်၍ အားကစားကွင်းအား အဆင့်မြှင့်တင်ရန် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ခရိုင်အားကစားကွင်း အတွင်းပတ်လမ်းနှင့် အပြင်ပတ်လမ်း အုတ်ရေမြောင်း ၃၁၀၂ ပေ ဆောင်ရွက်နေမှုအား လှည်လည်ကြည့်ရှုစစ်ဆေးပြီး လျာထားချက်အတိုင်း အချိန်မီပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။
Ministry of Information / Posted on April 01, 2026
စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများ လုံလောက်စွာရရှိရေးအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
Ministry of Information / Posted on April 01, 2026
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် မဟာသင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန်အတွက် ပုံမှန်ပြေးဆွဲလျက်ရှိသည့် ရထားများအပြင် ရန်ကုန်-နေပြည်တော်-ရန်ကုန်၊ ရန်ကုန်-ပြည်-ရန်ကုန်နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန် ခရီးစဉ်များကို အထူးရထားများ တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ပါသည်။
Ministry of Home Affairs / Posted on April 01, 2026
In order to cause injuries to both peaceable civilians and administrative authorities who are striving to restore the rule of law, extreme terrorists provide financial assistance and instigate destructive activities, such as.........................
Ministry of Home Affairs / Posted on April 01, 2026
၂၀၂၆ ခုနှစ်၊ မတ် ၂၈ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊ (ဂ)ရပ်ကွက်၊ ၆၂ လမ်း၊ ၁၁၈ x ၁၁၉ လမ်းကြား၌ ..........................
Ministry of Home Affairs / Posted on April 01, 2026
၂၀၂၆ ခုနှစ်၊ မတ် ၂၈ ရက် ည ၁၁ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီး၌ ............................
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁၅ / ၂၀၂၅)
Myanmar National Human Rights Commission/ Yangon / November 27, 2025
မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် ပြည်သူအားလုံးဆန္ဒမဲ ပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ၂၆-၁၁-၂၀၂၅ ရက်စွဲပါ၊ အမိန့်အမှတ် (၁၀/၂၀၂၅) ဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ပြစ်မှုထင်ရှား စီရင်ခံရပြီး အကျဉ်းထောင်/ အချုပ်ထောင်/ အကျဉ်းစခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား /အကျဉ်းသူ ၇၂၄ ဦးတို့ကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအား လျှော့ပေါ့၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့် ပြုခဲ့ပြီး၊ အမိန့်အမှတ် (၁၁/၂၀၂၅) ဖြင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က အရ ပြစ်မှုထင်ရှား စီရင်ခံရပြီး အကျဉ်းထောင်/ အချုပ်ထောင်/ အကျဉ်းစခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ အကျဉ်းသူ ၂၃၆၁ ဦးကို ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့ပါသည်။ ထို့ပြင် အမိန့်အမှတ် (၁၂/ ၂၀၂၅) ဖြင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့်လည်းကောင်း၊ ယင်းပြစ်မှုကြောင့် ထွက်ပြေးတိမ်းရှောင် နေသဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ ဖြင့်လည်းကောင်း တရားစွဲဆိုခံရသူ ၅၅၈၀ ဦးတို့၏ ကြားနာစစ်ဆေးဆဲ အမှုများကို ပိတ်သိမ်း၍ တရားခံများအား အမှုမှလွှတ်ရန် အမိန့်များ ထုတ်ပြန်ခဲ့ ပါသည်။
ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအပိုဒ် ၂၁ တွင် “လူတိုင်းပါဝင်၍ တန်းတူညီမျှ ဆန္ဒမဲ ပေးနိုင်ခွင့်ရှိပြီး လျှို့ဝှက်မဲပေး စနစ်ဖြင့်ဖြစ်စေ၊ အလားတူ လွတ်လပ်သော မဲပေးစနစ်ဖြင့် ဖြစ်စေ အချိန်ကာလအပိုင်းအခြားအလိုက် ကျင်းပသော စစ်မှန်သည့် ရွေးကောက်ပွဲများတွင် အဆိုပါဆန္ဒကို ဖော်ထုတ်ရမည်” ဟု ဖော်ပြပါရှိပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ ၃၈ (က) တွင် “နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက် ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်” ဟု ပြဋ္ဌာန်းထားပါသည်။
ယခုကဲ့သို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်း၊ လွတ်ငြိမ်းသက်သာခွင့်ပြုခြင်းနှင့် ကြားနာစစ်ဆေး ဆဲအမှုများကို ပိတ်သိမ်း၍ အမှုမှလွှတ်ရန် အမိန့်များထုတ်ပြန်ခဲ့ခြင်းတို့ကြောင့် လွတ်မြောက်လာသူ များသည် ယင်းတို့၏ နိုင်ငံသားအခွင့်အရေးဖြစ်သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဖြစ်လာကြကာ မိမိတို့၏ ဆန္ဒသဘောထားများကို လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့် ရရှိကြမည်ဖြစ်ပါသည်။ ထို့ပြင် ပုဒ်မ ၅၀၅-က ပြစ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသူများသည် မိသားစုနှင့် ပြန်လည်ပေါင်းစည်းခွင့် ရရှိပြီး စိတ်အေးချမ်းစွာ ဆန္ဒမဲပေးပိုင်ခွင့် ရရှိကြမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်ရေးအတွက် အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းများသို့ သွားရောက်ကြည့်ရှု စစ်ဆေးခြင်း၊ အကြံပြုတိုက်တွန်းချက်များပေးပို့ခြင်းတို့ ဆောင်ရွက်လျက်ရှိရာတွင် ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်၊ လွတ်ငြိမ်းသက်သာခွင့်တို့အတွက် ထည့်သွင်းစဉ်းစားရာ၌ ပြစ်မှုအားလုံး တန်းတူပါဝင်စေရေး အကြံပြုချက်လည်း ပါဝင်ခဲ့ပါသည်။ ယခုကဲ့သို့ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များ ရရှိလာ စေသည့်အတွက် နိုင်ငံတော်မှ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နှင့် စပ်လျဉ်းသည့်အမှုများအပေါ် လွတ်ငြိမ်းသက်သာခွင့်အမိန့်များ ထုတ်ပြန်ခဲ့မှုကို ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်
