မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာထုတ်လုပ်ရေးနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများသည် ဘဏ်လုပ်ငန်းများကို မှီခိုအသုံးပြုနေရ၍ နိုင်ငံတကာအဖွဲ့အစည်းများမှ အပြုသဘောဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုအပေါ် သတင်းထုတ်ပြန်ချက်

Latest News - 77792 items

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၆/၃)တွင် သစ်ပင်လဲကျမှု

Ministry of Home Affairs / Posted on June 30, 2024

၂၀၂၄ ခုနှစ်၊ ဇွန် ၂၈ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊.............................

Innocent Civilians Recklessly Assassinated by So-called PDF Terrorists

Ministry of Home Affairs / Posted on June 30, 2024

In some townships across States and Regions, armed terrorists motivated by a radical ideology...........................

တရားမဝင် စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ သိမ်းဆည်းရမိ

Ministry of Information / Posted on June 30, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိရာ ဇွန် ၂၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် စက်မှုဇုန် (၂) မြတောင်ဝန်ကြီးဦးမှိုလမ်း အမှတ် (၂၃၁/ခ) ရှိ ဂိုဒေါင်၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Ultra Mild Cream Natural Moisturizer အစိုဓာတ်ထိန်းဆေး ကီလိုဂရမ် ၆၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းကျောင်း ဖွင့်လှစ်မည့်နေရာ ကြည့်ရှုစစ်ဆေး

Ministry of Information / Posted on June 30, 2024

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ စွမ်းအင်ရိပ်သာသို့ သွားရောက်၍ စွမ်းအင်ဆိုင်ရာကျွမ်းကျင်မှုသင်တန်းကျောင်း ဖွင့်လှစ်နိုင်မည့်အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

Ministry of Information / Posted on June 30, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

၂၀၂၄ ခုနှစ် ဇူလိုင် ၃ ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှု “စာတမ်းဖတ်ပွဲ” အခမ်းအနား ကျင်းပ

Ministry of Information / Posted on June 30, 2024

၂၀၂၄ ခုနှစ် ဇူလိုင် ၃ ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီက ဦးဆောင်ပြီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်က ကျင်းပသည့် စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး၌ ကျင်းပသည်။

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 30, 2024

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၂၉ ရက်၊ စနေနေ့။


Posted on Jun 29, 2024

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက် ၊ ဇွန် ၂၈ ရက်၊ သောကြာနေ့။


Posted on Jun 28, 2024

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၂၇ ရက်၊ ကြာသပတေးနေ့။


Posted on Jun 27, 2024

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 26, 2024

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၂၅ ရက်၊ အင်္ဂါနေ့။


Posted on Jun 25, 2024

မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာထုတ်လုပ်ရေးနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများသည် ဘဏ်လုပ်ငန်းများကို မှီခိုအသုံးပြုနေရ၍ နိုင်ငံတကာအဖွဲ့အစည်းများမှ အပြုသဘောဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုအပေါ် သတင်းထုတ်ပြန်ချက်


Ministry of Information/ Naypyitaw / June 29, 2024
image


၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၉) ရက်

၁။ မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနှင့် လယ်ယာကဏ္ဍကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ လယ်ယာထွက်ကုန် ပြည်ပတင်ပို့သည့်လုပ်ငန်းများ၊ လယ်ယာထွက်ကုန်များကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများကို အဓိကလုပ်ကိုင်ဆောင်ရွက်နေကာ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေး၊ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးတို့ကို တစ်ထောင့်တစ်နေရာမှ အကျိုးပြုနေပါသည်။ တောင်သူလယ်သမားများနှင့် ပုဂ္ဂလိကလယ်ယာစီးပွားရေးလုပ်ငန်းများအားလုံးသည် ဘဏ်လုပ်ငန်းများ၏ လယ်ယာသားငါး ထုတ်လုပ်ရေးအတွက် ချေးငွေများ၊ ကျေးလက်ဖွံ့ဖြိုးရေးချေးငွေများ၊ အသေးစားချေးငွေများအပါအဝင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ရယူ၍ လုပ်ငန်းများကို ဆောင်ရွက်နေရခြင်းဖြစ်ပါသည်။

၂။ ဆန်စပါးနှင့် စားနပ်ရိက္ခာ ထုတ်လုပ်တင်ပို့ရောင်းချမှုအတွက် နိုင်ငံတကာမှ ဖွံ့ဖြိုးရေးမိတ်ဖက်များ၊ စီးပွားရေးမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်နေရပြီး နိုင်ငံတကာဘဏ်များနှင့် ကုန်သွယ်မှုဆိုင်ရာ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ငွေပေးချေမှုများ၊ ငွေလွှဲမှုများကို နိုင်ငံတကာဘဏ်လုပ်ငန်း စံချိန်စံနှုန်းများ၊ စနစ်များနှင့်အညီ လိုက်နာဆောင်ရွက်နေကြပါသည်။ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးအပါအဝင် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် ဆန့်ကျင်သော ငွေကြေးလုပ်ငန်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဦးဆောင်မှုဖြင့် ဘဏ်များမှ ထိရောက်စွာ စိစစ်ခြင်း၊ တားမြစ်အရေးယူခြင်းနှင့် လိုက်နာလုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်နေသည်ကိုလည်း တွေ့ရှိရပါသည်။ နိုင်ငံတကာမှ လယ်ယာထွက်ကုန် ဝယ်ယူသူ (Buyer) များ၏ နိုင်ငံတကာဘဏ်များသည်လည်း မြန်မာနိုင်ငံရှိ ဘဏ်များနှင့် နိုင်ငံတကာဘဏ်လုပ်ငန်း၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။

၃။ သို့ဖြစ်၍ မြန်မာနိုင်ငံရှိ ဘဏ်များ၊ မြန်မာနိုင်ငံနှင့် ဘဏ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်နေသော နိုင်ငံတကာဘဏ်များကို အရေးယူရန် တောင်းဆို တိုက်တွန်းမှုများသည် ပြည်သူအများစု မှီခိုနေသည့် လယ်ယာကဏ္ဍနှင့် စားနပ်ရိက္ခာဖူလုံမှု၊ စားနပ်ရိက္ခာ ထုတ်လုပ်မှုလုပ်ငန်းများကို ထိခိုက်နစ်နာစေရန် ဦးတည်သကဲ့သို့ဖြစ်ပါမည်။ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ဘဏ်လုပ်ငန်းများ တည်ငြိမ်ကောင်းမွန်ရေးကို ရှေ့ရှုပြီး မှန်ကန်သော မြေပြင်အခြေအနေ၊ တိကျခိုင်လုံသော အချက်အလက်များ၊ လက်တွေ့ဆောင်ရွက်နေမှုအခြေအနေများကို လေ့လာသုံးသပ်လျက် အပြုသဘောဖြင့်သာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်လုပ်ဆောင်သင့်ပါကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ သဘောထားကို ထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်