မြေဩဇာရည်ညွှန်းဈေးနှုန်းများ သိရှိနိုင်ပါရန် ကြေညာခြင်း
Latest News - 92076 items

Ministry of Information / Posted on June 04, 2025
ညောင်ရွှေမြို့နယ် သာလေးကျေးရွာအုပ်စု နမ်းဟူးကျေးရွာရှိ ဖောင်တော်ဦးမြတ်စွာဘုရား ရတနာစံကျောင်း၌ စက်ယန္တရားကြီးများဖြင့် မြေထိန်းနံရံများ ပြုလုပ်ဆောင်ရွက်နေမှုများ၊ ဖောင်တော်ဦးဘုရားကျောင်းဆောင်နှင့် ရင်ပြင်တော် Soil Test တူးဖော်ပြီးစီးမှုနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနိကအဆောက်အအုံများ ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်နေမှုများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်နှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

Ministry of Information / Posted on June 04, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

Ministry of Information / Posted on June 04, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

Ministry of Information / Posted on June 04, 2025
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးသည် ယနေ့ နံနက်ပိုင်းတွင် ငလျင်ဒဏ်ခံစားခဲ့ရသည့် ကော်မရှင်ရုံးဝန်ထမ်းများ လတ်တလောနေထိုင်ရေး အဆင်ပြေစေရန် ရုံးဝင်းအတွင်းရှိ ကားရပ်နားရန် နေရာနှင့် ထမင်းစားဆောင်ရှိ ယာယီအခန်းငယ်များ၌ နေရာချထားမှုအခြေအနေနှင့် ရုံးဝင်းအတွင်းရှိ မြေလွတ်၊ မြေရိုင်းများကို စနစ်တကျပြုပြင်၍ တည်ဆောက်လျက်ရှိသည့် ဘာရှာအဆောက်အအုံနှင့် ရေ၊ မီး၊ မိလ္လာ၊ Modular House ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

Ministry of Information / Posted on June 04, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေရှိ Naypyitaw State Polytechnic University တွင် အင်အားပြင်း မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ရပ်နားခဲ့ရသည့် တက္ကသိုလ်များ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘွဲ့ကြိုသင်တန်းများဖြစ်ကြသည့် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်တို့၏ အင်ဂျင်နီယာနှင့် ဗိသုကာသင်တန်း၊ ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာသင်တန်းတို့၏ ပထမနှစ်ဝက်စာမေးပွဲ ဆက်လက်ဖြေဆိုနေကြသည့် ကျောင်းသား ကျောင်းသူများကို သွားရောက်ကြည့်ရှုအားပေးကြသည်။

Ministry of Information / Posted on June 04, 2025
မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၂/၂၀၂၅ ကို ယနေ့နံနက်ပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ်- ၅၂ ၌ ကျင်းပသည်။
မြေဩဇာရည်ညွှန်းဈေးနှုန်းများ သိရှိနိုင်ပါရန် ကြေညာခြင်း
Ministry of Cooperatives and Rural Development/ Naypyitaw / June 02, 2025
၁။ ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) အသင်းဝင် ကုမ္ပဏီများအနေဖြင့် တောင်သူများအဓိကသုံးစွဲလျက်ရှိသော အောက်ပါမြေဩဇာများကို ပူးတွဲပါ ဈေးနှုန်းများအတိုင်း ရန်ကုန်အထိုင်ဈေးနှုန်းအဖြစ် ၁-၆-၂၀၂၅ မှ ၃၀-၆-၂၀၂၅ ရက်ထိ ဖြန့်ဖြူး ရောင်းချပေးလျက်ရှိပါသည် -
(က) |
ယူရီးယား(အလုံးကြီး) |
၅၀ ကီလိုတစ်အိတ် |
၉၅,၀၀၀ ကျပ် |
( ခ) |
Rock Phosphate အခြေခံ ၁၅ ပတ်လည် |
၅၀ ကီလိုတစ်အိတ် |
၁၂၄,၀၀၀ ကျပ် |
( ဂ) |
Di Ammonium Phosphate အခြေခံ ၁၅ ပတ်လည် |
၅၀ ကီလိုတစ်အိတ် |
၁၃၅,၀၀၀ ကျပ် |
၂။ အထက်ပါဈေးနှုန်းများသည် ရန်ကုန်အထိုင်ဈေးနှုန်းများဖြစ်သဖြင့် ဒေသအလိုက် သယ်ယူ ပို့ဆောင်စရိတ်နှင့် အရောင်းဆိုင်အမြတ်ငွေများအပေါ်တွင် မူတည်၍ ဈေးနှုန်းအနည်းငယ် ပြောင်းလဲမှု ဖြစ်ပေါ်နိုင်ပါသည်။
၃။ ရည်ညွှန်းဈေးများကို သတ်မှတ်ချက်များနှင့်အညီ ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ် ပါသည်။
၄။ အောက်ပါဖုန်းနံပါတ်များသို့ စုံစမ်းဆက်သွယ်ဝယ်ယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်-
(က) ဦးဆောင်ကော်မတီ ၀၆၇-၄၁၀၀၃၂
( ခ) MFSPEA အသင်း ၀၉-၉၈၈၅၃၉၃၆၀
ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ
Download