ရာဂိမုန်တိုင်းအရှိန်ကြောင့် ရေဘေးသင့်ဒေသများသို့ ဘဏ်ဝန်ဆောင်မှုများမှတစ်ဆင့် လှူဒါန်းငွေများ လှူဒါန်းနိုင်ကြောင်း အသိပေးကြေညာခြင်း
Latest News - 85077 items
Ministry of Information / Posted on December 22, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ်ရှိ ကန်တော်လေးရေလှောင်ကန် ရေသိုလှောင်ထားရှိမှုအခြေအနေများ၊ ကန်ပေါင်နှင့် ဆက်စပ်အဆောက်အအုံများ နှစ်အလိုက် ပြုပြင်ထိန်းသိမ်းဆောင်ရွက်နေမှု၊ ကန်တော်ကြီးရေလှောင်ကန်ပေါင်နှင့် ရေပိုလွှဲကြံ့ခိုင်မှုအတွက် ဝင်ရေ/ ထွက်ရေ ထိန်းညှိစီမံဆောင်ရွက်မည့်အခြေအနေများ၊ ရေပိုလွှဲကြံ့ခိုင်မှုအခြေအနေ၊ တည်ဆောက်သင့်သည့် အကူရေပိုလွှဲ တည်ဆောက်ရန် လျာထားနေရာကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
Ministry of Information / Posted on December 22, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Ministry of Information / Posted on December 22, 2024
လယ်ယာကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး\ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးများ၊ ဆီထွက်သီးနှံအထူးဇုန်တာဝန်ခံများနှင့် သင်တန်းကျောင်းတာဝန်ခံများ တက်ရောက်ကြသည်။
Ministry of Information / Posted on December 22, 2024
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲနှင့် ဂေါက်သီးရိုက်ပြိုင်ပွဲတို့တွင် တတိယဆုရရှိခဲ့ကြသော သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများအား ဂုဏ်ပြုဆုငွေများပေးအပ်ပွဲနှင့် ဂုဏ်ပြုနေ့လယ်စာဖြင့် ဧည့်ခံပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အုပ်ချုပ်သူနည်းပြများနှင့် အားကစားသမားများ၊ ဝန်ထမ်းများ တက်ရောက်ကြသည်။
Ministry of Information / Posted on December 22, 2024
(၃၂) ကြိမ်မြောက် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပသည်။
Ministry of Transport and Communications / Posted on December 22, 2024
နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်
၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Posted on Dec 22, 2024
ရာဂိမုန်တိုင်းအရှိန်ကြောင့် ရေဘေးသင့်ဒေသများသို့ ဘဏ်ဝန်ဆောင်မှုများမှတစ်ဆင့် လှူဒါန်းငွေများ လှူဒါန်းနိုင်ကြောင်း အသိပေးကြေညာခြင်း
Central Bank/ Naypyitaw / September 26, 2024
၁။ ရာဂိမုန်တိုင်းအရှိန်ကြောင့် ရေဘေးသင့်ဒေသများသို့ စေတနာရှင်ပြည်သူများက လှူဒါန်းငွေများအား မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ဖွင့်လှစ်ထားသည့်အမျိုးသားသဘာဝဘေးအန္တာရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေ (OA-011834) စာရင်း၊ ရန်ကုန်မြို့၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် ဖွင့်လှစ်ထားသည့်နိုင်ငံခြားငွေစာရင်းအမှတ် (0111284000000063) နှင့် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ရှိ နိုင်ငံခြားငွေစာရင်းအမှတ် (EDN-600018) သို့ လှူဒါန်းနိုင်ကြောင်း နိုင်ငံပိုင် သတင်းမီဒီယာများမှတစ်ဆင့် ထုတ်ပြန်ကြေညာပြီးဖြစ်ပါသည်။