ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း (၃၀/၂၀၂၄)
Latest News - 94889 items

Ministry of Information / Posted on July 31, 2025
၁၉၈၈ ခုနှစ်တွင် မြန်မာ့နိုင်ငံရေးမှာ အချိုးအကွေ့တစ်ခုသို့ ရောက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးစအချိန်က နယ်ချဲ့လက်အောက်မှ လွတ်မြောက်ခါစ ကမ္ဘာ့နိုင်ငံများစွာတို့မှာ အရင်းရှင်တို့၏ ကိုလိုနီစနစ်အပေါ် နာကြည်းမှုများဖြင့် ကွန်မြူနစ်၊ ဆိုရှယ်လစ်စသော လက်ဝဲအယူအဆများအပေါ် တိမ်းညွှတ်ခဲ့ကြသည်။ ဆိုရှယ်လစ်နိုင်ငံ၊ ကွန်မြူနစ်နိုင်ငံများ ထူထောင်ခဲ့ကြသည်။ လွတ်လပ်ပြီးစ မြန်မာနိုင်ငံသည် ဆိုရှယ်လစ်နိုင်ငံအဖြစ် မျှော်မှန်းခဲ့သော်လည်း သမိုင်းရေးအခြေအနေများအရ ပါလီမန်စနစ်ကို ကျင့်သုံးခဲ့ရပြီး ၁၉၆၂ ခုနှစ်တွင်မှ ဆိုရှယ်လစ်စနစ်ကို စတင်နိုင်သည်။

Ministry of Information / Posted on July 31, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ဇူလိုင်လ ၂၉ ရက်နေ့က ဥပဒေအမှတ် ၄၈/၂၀၂၅ ဖြင့် ပြဋ္ဌာန်းလိုက်သည်။

Ministry of Information / Posted on July 31, 2025
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီးဦးအေးထွန်းနှင့် ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲ ၂ နာရီက နေပြည်တော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ယာယီနေထိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ထားသည့် Container House များတွင် ပြောင်းရွှေ့နေရာချထားမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

Ministry of Information / Posted on July 31, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ရေခဲတောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

Ministry of Information / Posted on July 31, 2025
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် “မူးယစ်ဆေးဝါးနှင့် စိတ်ပညာအကြောင်း သိကောင်းစရာ” လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်)၌ ကျင်းပသည်။

Ministry of Information / Posted on July 30, 2025
ဆိုက်ဘာလုံခြုံရေးဥပဒေ အာဏာတည်သည့်နေ့ရက်သတ်မှတ်ခြင်း
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း (၃၀/၂၀၂၄)
Union Civil Service Board/ location / November 28, 2024
၂၇-၁၁-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အစည်းအဝေးအမှတ်စဉ် (၄၆/၂၀၂၄)အရ ဝန်ကြီးဌာန(၅)ခုမှ ရာထူးတိုးမြှင့်ခဲ့သည့် ဝန်ထမ်း(၁၃)ဦးစာရင်းအား Download ရယူကြည့်ရှုနိုင်ပါသည်။