ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
Latest News - 94605 items

Ministry of Information / Posted on July 25, 2025
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် လက်ရွေးစင်အလေးမ အားကစားသမားများ ရွေးချယ်ရေးပြိုင်ပွဲနှင့် (Youth Camp) လူငယ်အလေးမ အားကစားသမားများ စံချိန်ဆန်းစစ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဥဂ္ဂါအေး၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

Ministry of Information / Posted on July 25, 2025
ကော့ကရိတ်မြို့သည် ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်တွင်ပါဝင်၍ ဘားအံ-မြဝတီ ကားလမ်းကြီးအပေါ်တွင်တည်ရှိပြီး စီးပွားရေးအချက်အချာကျသော မြို့တစ်မြို့ဖြစ်သည်။ မြန်မာ-ထိုင်း နယ်စပ်မြို့ဖြစ်သော မြဝတီမြို့နှင့် ၄၁ မိုင်ခန့်သာကွာဝေးပြီး ကူးသန်းရောင်းဝယ်ရေးအတွက် အဓိကကျသည့် အာရှလမ်းမကြီး ပေါ်တွင်တည်ရှိကာ ကော့ကရိတ်မြို့မှ မြဝတီမြို့-ဘားအံ-မော်လမြိုင်နှင့် ကြာအင်းဆိပ်ကြီးမြို့များသို့ သွားလာနိုင်သည့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော အဓိကအချက်အချာကျသည့် လမ်းဆုံမြို့တစ်မြို့ဖြစ်သည်။

Ministry of Information / Posted on July 25, 2025
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် ဦးမင်းထွဋ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် ဝန်ကြီးဌာနက ယာယီဆောက်လုပ်ထားရှိသည့် Modular House များကို သွားရောက်ကြည့်ရှုပြီး နေထိုင်ကြသည့်ဝန်ထမ်းများအား တွေ့ဆုံအားပေးသည်။

Ministry of Information / Posted on July 25, 2025
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်နိုင်ငံတကာဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (CIDCA) ဥက္ကဋ္ဌ Mr. Chen Xiaodong ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့သည် ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည် တော်ရှိ Park Royal Hotel ၌ တွေ့ဆုံဆွေးနွေးသည်။

Ministry of Transport and Communications / Posted on July 25, 2025
နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်

Ministry of Information / Posted on July 25, 2025
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် တရုတ်နိုင်ငံတကာဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (CIDCA) ဥက္ကဋ္ဌ Mr. Chen Xiaodong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် Park Royal Hotel ၌ လက်ခံတွေ့ဆုံသည်။