သတင်းထုတ်ပြန်ချက်
Latest News - 95362 items

Ministry of Transport and Communications / Posted on August 10, 2025
နေ့စဉ်မြစ်ရေခန့်မှန်းချက်

Ministry of Information / Posted on August 10, 2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ၅၀၀ ကေဗွီ မိတ္ထီလာ (ကံကောင်း) ပင်မဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးမှု၊ ၂၃၀ ကေဗွီ သပြေဝ ပင်မဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီဘဲလင်းပင်မဓာတ်အား ခွဲရုံများမှ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် Power Gen (ကျောက်ဆည်) သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံမှ ဓာတ်အားထုတ်လုပ်ပေးနေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Ministry of Information / Posted on August 10, 2025
အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း(စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၁၁)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုသင်တန်းကျောင်း (ရန်ကုန်)၌ ကျင်းပသည်။
Ministry of Information / Posted on August 10, 2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် နေပြည်တော်၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပိုက်ကျော်ခြင်း အမျိုးသား/ အမျိုးသမီးအားကစားသမားများနှင့် အမျိုးသမီးကွင်းသွင်းခြင်းခတ်အားကစားသမားများ၏ အဖွဲ့လိုက်လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး အားကစားသမားများကို ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်သည်။

Ministry of Information / Posted on August 10, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၂ ရက် ၊ သြဂုတ် ၁၀ ရက်၊ တနင်္ဂနွေနေ့။
Posted on Aug 10, 2025
သတင်းထုတ်ပြန်ချက်
Ministry of Information/ Naypyitaw / August 09, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတဦးမြင့်ဆွေ ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်တွင် ရန်ကုန်မြို့အခြေစိုက်သံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများက လက်မှတ်ရေးထိုးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတ ဦးမြင့်ဆွေသည် ၇-၈-၂၀၂၅ ရက်နေ့တွင် ကွယ်လွန်ခဲ့သည့်အတွက် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်ကို ရန်ကုန်မြို့၊ စကားဝါလမ်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၈-၈-၂၀၂၅ ရက်နေ့မှစတင်၍ ဖွင့်လှစ်ထားရာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများက ဝမ်းနည်းကြောင်း လာရောက်လက်မှတ်ရေးထိုးခဲ့ကြသည်။
၉-၈-၂၀၂၅ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ သံရုံးအကြီးအကဲများဖြစ်သည့် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Jong Ho Bom ၊ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov ၊ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E. Mrs. Ponnamperuma Arachchige Prabashini Ponnamperuma ၊ အင်ဒိုနီးရှားနိုင်ငံ သံရုံးယာယီတာဝန်ခံ Mr. Muhammad Arif Hidayatullah ၊ ပါကစ္စတန်နိုင်ငံသံရုံးယာယီ တာဝန်ခံ Mr. Anwar Zeb၊ ကာတာနိုင်ငံ သံရုံးယာယီတာဝန်ခံ Dr. Rashid Abdulla AL-Kuwari ၊ ဘရူနိုင်းနိုင်ငံ သံရုံးယာယီတာဝန်ခံ Mr. Aizul Aziz ၊ ဆောဒီအာရေဗျနိုင်ငံ သံရုံးယာယီတာဝန်ခံ Mr. Abdullah A. Al-Hoshan တို့က ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လာရောက်လက်မှတ်ရေးထိုးခဲ့ကြသည်။ ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လာရောက်လက်မှတ်ရေးထိုးသော သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများက ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်ခဲ့ခြင်းအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူများ၊ ကျန်ရစ်သူမိသားစုသို့ ဝမ်းနည်းကြောင်းနှင့် စာနာထောက်ထားပါကြောင်း သတင်းစကားများ ပြောကြားခဲ့ပြီး ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးခဲ့ကြသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
ရက်စွဲ၊ ၂ဝ၂၅ ခုနှစ်၊ ဩဂုတ်လ ၉ ရက်