သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ လျှောက်လွှာခေါ်ယူခြင်း
Latest News - 106612 items
The Supreme Court of the Union / Posted on April 03, 2026
The Graduation and Taking Oath Ceremony of the Deputy Township Judges On-Job Training Course No. (34) was held at the Judicial College of the Supreme Court of the Union at 08:00 am this morning and the Union Chief Justice U Tha Htay attended and made the opening speech.
The Supreme Court of the Union / Posted on April 03, 2026
The Closing Ceremony of the Refresher Course for Senior Judicial Officers No. (5) was held at the Judicial College of the Supreme Court of the Union at 7:00 AM this morning, and the Union Chief Justice U Tha Htay attended and delivered the opening speech.
Ministry of Home Affairs / Posted on April 03, 2026
The terrorist groups, the Committee Representing Pyidaungsu Hluttaw (CRPH) and the National Unity Government (NUG), with the aim of nationwide destruction, have formed the terrorist groups known as the so-called PDF.
Ministry of Home Affairs / Posted on April 03, 2026
၂၀၂၆ ခုနှစ်၊ မတ် ၃၀ ရက် မွန်းလွဲ ၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပင်လုံ-မော်ဟဲကျေးရွာသွားကားလမ်း၌...................................................
Ministry of Home Affairs / Posted on April 03, 2026
၂၀၂၆ ခုနှစ်၊ ဧပြီ ၁ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စု၊ ဝမ်ကျွန်ကျေးရွာနေ စိုင်းလုံတစ်(ခ)စိုင်းပုံ(၅၂)နှစ်၏.........................................................
Ministry of Home Affairs / Posted on April 03, 2026
၂၀၂၆ ခုနှစ်၊ ဧပြီ ၁ ရက်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ မော်တော်ယာဉ်နှင့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့မှုကြောင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးကာ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ လျှောက်လွှာခေါ်ယူခြင်း
Ministry of Transport and Communications/ Naypyitaw / January 29, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန
လျှောက်လွှာခေါ်ယူခြင်း
၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အောက်ပါရာထူးနေရာများအတွက် ယှဉ်တွဲဖော်ပြပါ သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည် -
|
စဉ် |
ရာထူး/လစာနှုန်း(ကျပ်) |
ပညာအရည်အချင်း |
လစ်လပ်နေရာ |
|
က |
စာရင်းကိုင်(၂) ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀ |
စီးပွားရေးဘွဲ့တစ်ခုခုရရှိသူဖြစ်ရမည်။
|
၂ နေရာ ကျား/မ |
|
ခ |
အငယ်တန်းအင်ဂျင်နီယာ(၂) ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀ |
အင်ဂျင်နီယာဘွဲ့(သို့မဟုတ်) နည်းပညာဘွဲ့ တစ်ခုခုရရှိသူဖြစ်ရမည်။ |
၂ နေရာ ကျား/မ |
|
ဂ |
ဒုတိယဦးစီးမှူး ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀ |
အင်ဂျင်နီယာဘွဲ့(သို့မဟုတ်) နည်းပညာဘွဲ့ (သို့မဟုတ်) ကွန်ပျူတာဘွဲ့(သို့မဟုတ်) ဘွဲ့တစ်ခုခု ရရှိသူဖြစ်ရမည်။ |
၁၅ နေရာ ကျား/မ
|
|
ဃ |
အငယ်တန်းစာရေး ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀ |
တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိသူဖြစ်ရမည်။ |
၅ နေရာ ကျား/မ |
|
င |
စာရင်းကိုင်(၄) ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀ |
တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိသူဖြစ်ရမည်။ |
၃ နေရာ ကျား/မ |
|
စ |
ပစ္စည်းထိန်း(၄) ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀ |
တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိသူဖြစ်ရမည်။ |
၂ နေရာ ကျား/မ |
|
ဆ |
ကျွမ်းကျင်(၄) (စက်မှု) ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀ |
အင်ဂျင်နီယာဘွဲ့(သို့မဟုတ်) နည်းပညာဘွဲ့တစ်ခုခုရရှိသူဖြစ်ရမည်။ |
၂ နေရာ ကျား/မ |
|
ဇ |
ဒု-လက်ထောက်ဦးစီးမှူး ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀ |
တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခု ရရှိသူဖြစ်ရမည်။ |
၁၈ နေရာ ကျား/မ |
|
ဈ |
လုံခြုံရေး(၅) ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀ |
အခြေခံပညာအလယ်တန်းအဆင့်ရှိသူ ဖြစ်ရမည်။ |
၂ နေရာ ကျား |
|
ည |
သန့်ရှင်းရေးအကူ ၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀ |
အခြေခံပညာအလယ်တန်းအထိ တက်ရောက်ခဲ့ပြီးသူဖြစ်ရမည်။ |
၂ နေရာ ကျား/ မ |
၂။ လစ်လပ်ရာထူးနေရာများအတွက် အောက်ပါအချက်အလက်များနှင့်ပြည့်စုံသူများ လျှောက်ထားနိုင်ပါသည် -
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) လျှောက်ထားသူများသည် ၃၁-၁-၂၀၂၆ ရက်နေ့တွင် အသက် ၃၀ နှစ်ထက်မကျော်လွန်သူ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက် ၃၅ နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။
(ဂ) ကျန်းမာရေးကောင်းမွန်ပြီး နေရာဒေသမရွေး တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
(ဃ) အမှတ်စဉ်(က)မှ (ဇ)အထိ ရာထူးတို့အတွက် ကွန်ပျူတာနှင့်အင်္ဂလိပ်စာ အခြေခံတတ်ကျွမ်းရမည်။
(င) ရွေးချယ်ခြင်းခံရသူများသည် ဤဦးစီးဌာနတွင် အနည်းဆုံး (၃) နှစ် အမှုထမ်းဆောင်နိုင်ကြောင်း နှင့်တစ်ဆက်တည်း တာဝန်ထမ်းဆောင်ရန် ပျက်ကွက်ပါက ဌာနမှ သတ်မှတ်ထားသည့် လျော်ကြေးငွေကိုတစ်လုံးတစ်ခဲတည်းပေးလျော်မည်ဖြစ်ကြောင်း ကိုယ်တိုင်ရေးဝန်ခံကတိပြု လက်မှတ်ရေးထိုးရမည်။
(စ) အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်း၊ ရာထူးခန့်ထားခြင်း အမိန့်စာမှပယ်ဖျက်ခံရသူများ လျှောက်ထားခွင့်မရှိပါ။
၃။ လျှောက်လွှာပုံစံများကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ Website ဖြစ်သော www. motc.gov.mm တွင် Download ရယူနိုင်ပါသည်။ (လျှောက်လွှာရောင်းချခြင်း/ ထုတ်ပေးခြင်း မပြုပါ) လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ အချက်အလက်များ ပြည့်စုံစွာပါရှိရမည် -
(က) ပညာအရည်အချင်းအထောက်အထားမိတ္တူမှန်။ (စာမေးပွဲဖြေဆိုသည့်အခါ ဘွဲ့လက်မှတ်၊ ၁၀ တန်းအောင်လက်မှတ် မူရင်းတင်ပြနိုင်ရမည်။)
(ခ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ။ (ဖြေဆိုခွင့်ကတ်ပြားထုတ်ယူချိန်တွင် မူရင်းတင်ပြနိုင်ရ မည်။)
(ဂ) အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) မိတ္တူ။
(ဃ) ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ ရဲစခန်း၏ ထောက်ခံစာမူရင်း။ (တစ်လအတွင်း)
(င) လိပ်စာဖော်ပြပါဒေသတွင် အမှန်တကယ်နေထိုင်ကြောင်းနှင့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရက်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံစာမူရင်း။ (တစ်လအတွင်း)
(စ) တစ်လအတွင်း ရိုက်ကူးထားသော ရောင်စုံလိုင်စင်ဓာတ်ပုံ(၃)ပုံ။
(ကျောဘက်တွင် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်ရေးရမည်။)
(ဆ) ဝန်ထမ်းမဟုတ်သူများအတွက် သက်တမ်းရှိသော အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ။ (ဖြေဆိုခွင့်ကတ်ပြားထုတ်ယူချိန်တွင် မူရင်းတင်ပြနိုင်ရမည်။ အလုပ်သမားရုံး အမည် ပါဝင်ရမည်။)
(ဇ) ဒေသန္တရကျန်းမာရေးအဖွဲ့၏ ကျန်းမာရေးစစ်ဆေးချက်မူရင်းပါဝင်ရမည်။
(ဈ) နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်မူရင်းနှင့် ဌာနဆိုင်ရာပြစ်မှု ကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း။
(ည) ပြင်ပပုဂ္ဂိုလ်များအနေဖြင့် နိုင်ငံ့ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ဖူးခြင်းမရှိကြောင်းနှင့် အပြစ်ပေး အရေးယူခံရခြင်းမရှိကြောင်း ကိုယ်တိုင်ဝန်ခံချက်။
(ဋ) စာမေးပွဲဝင်ကြေးငွေ ကျပ် ၂၀၀၀/- ပေးသွင်းထားသည့် ချလန်မူရင်း။
၄။ လျှောက်ထားသူများသည် စာမေးပွဲဝင်ကြေး ကျပ် ၂၀၀၀/- ကို နီးစပ်ရာတိုင်းဒေသကြီး/ပြည်နယ် မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် နေပြည်တော် မြန်မာ့စီးပွားရေးဘဏ်ရှိ သတင်းအချက်အလက်နည်း ပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ငွေစာရင်းအမှတ်၊ MD-013318 သို့ ပေးသွင်းရမည်။
၅။ လျှောက်လွှာများ တင်သွင်းရာတွင် ညွှန်ကြားရေးမှူးချုပ်၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော်သို့ လိပ်စာတပ်ပြီး လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း ၊ စာတိုက်မှ မှတ်ပုံတင်ပြုလုပ်၍ ၁၈ - ၂ -၂၀၂၆ ရက်နေ့ (ရုံးချိန်အတွင်း) အရောက် ပေးပို့လျှောက်ထားရမည်။
၆။ သတ်မှတ်ထားသည့် စာရွက်စာတမ်းမပြည့်စုံလျင်သော်လည်းကောင်း၊ သတ်မှတ်ထားသောရက် ထက် နောက်ကျရောက်ရှိလျှင်သော်လည်းကောင်း လျှောက်လွှာများကို လက်ခံစဉ်းစားမည် မဟုတ်ပါ။
၇။ လျှောက်ထားသူများအနေဖြင့် ရေးဖြေစာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ ဘာသာရပ်များကို ၂ နာရီမေးခွန်း ဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲအောင်မြင်သူများကို လူတွေ့စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ရေးဖြေစာမေးပွဲကို နေပြည်တော်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုခွင့်ကတ်ပြားထုတ်ယူရမည့် နေ့၊ ရက်နှင့် ကျင်းပမည့် နေ့၊ ရက်၊ အချိန်၊ နေရာ၊ စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့်ရရှိသူ အမည်စာရင်း၊ ခုံအမှတ်စာရင်း နှင့် ရေးဖြေစာမေးပွဲအောင်မြင်သူများ၏ အမည် စာရင်းများအား အထက်ပါ အင်တာနက်စာမျက်နှာတွင် ကြိုတင်ကြေညာပေးသွားမည် ဖြစ်ပါသည်။
၈။ အသေးစိတ်သိရှိလိုပါက နေပြည်တော်၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန(စီမံ)၊ ဖုန်းနံပါတ် - ၀၆၇-၃၄၀၇၇၁၇ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန
